Friday, March 27, 2009

မမေ့နိုင်မိုး (၃)

စိုင်းဘယ်လောက်များငေးနေသည်မသိ ထိုမိန်းကလေးကပြန်ကြည့်နေတာတောင်သတိမထားမိ..။
“ဟေ့ကောင် ဘယ်ငေးနေတာလဲ.. ဒီမှာ အသင်းခွဲမလို့..”
“မဲလိပ်တွေလာလုပ်ပေးအုံး.. ငါတစ်ယောက်တည်းလုပ်နေရတာ..”
ပြည့်ဖြိုးလာပြောတော့မှ စိုင်းသတိဝင်လာသည်... ပြီးတော့ ဟိုမိန်းကလေးကစိုင်းကို ပြန်ကြည့်နေသည်.. သူမျက်နှာပူသွားသည်..။
“ဟမ်.. ဘာပြောတာလဲ.. ပြန်ပြော”
“ဒီမှာအသင်းခွဲမလို့ လာကူလို့ပြောနေတာ.. မကြားဘူးလား..”
“အေးအေး..ကြားပါတယ်ကွ”
မဲလိပ်အားလုံး ၄၀.. အ၀ါ၊အစိမ်း၊အနီ နှင့်အပြာ တစ်သင်းကို ၁၀လိပ်စီ.. အုပ်ဆောင်းလေးထဲထည့်ထားသည်.. ။ ဒါကသူတို့နှစ်စဉ် လုပ်နေကအစဉ်အလာ.. အသင်းတွေဖွဲ့ပြီး ကျောင်းနှင့်အတန်း ဝေယျာဝစ္စတွေ ခွဲဝေလုပ်ကိုင်ကြသည်..။ ခဏကြာတော့ ပြည့်ဖြိုးကအတန်းလှည့်ပြီး မဲနှိုက်ခိုင်းသည်..။
“ဒီနှစ်တော့ အ၀ါအသင်းတဲ့.. ”
“ဟယ် ငါအစိမ်းအသင်းကျတယ်ဟဲ့ . .. အရင်အသင်းအတိုင်းဘဲ”
တစ်ယောက်ပြီးတစ်ယောက်သွားနေရင်း စိုင်းငေးမိတဲ့မိန်းကလေးအလှည့်အရောက် ပြည့်ဖြိုးနားမသိမသာကပ်မိသွားသည်.. ။ သူဘယ်အသင်းကျလဲဆိုတာကိုသိချင်တာကိုး.. တဆက်တည်းသူနဲ့အသင်းတူတူကျရင်ကောင်းမယ်လို့တွေးမိသည်..။


သူမဲလိပ်ကိုစယူတော့ လက်ကလေးတွေနူးညံ့နေတာကို စိုင်းသတိထားမိသည်..။ အသာဖြည်ပြီး ကြည့်လိုက်သည်.. ပြီးတော့ပြုံးရုံသာပြုံးသည်..။ ပြည့်ဖြိုးကတော့ ကျန်တဲ့သူတွေဘက်ထွက်သွားသည်..။ စိုင်းမနေနိုင်...
“ဘာအသင်းကျလဲဟင်..”
“အနီအသင်းပါ...............”
“သြော်..”
“ ခုနကကြည့်နေတာလားဟင်”
စိုင်းနည်းနည်းရှက်သွားသည်..။
“ဆောရီးနော် မရည်ရွယ်ပါဘူး.. ကျွန်တော့်နာမည်စိုင်းခမ်းပါ..”
တောင်းပန်တာကို အခွင့်ကောင်းယူပြီး စိုင်းသူ့ကိုယ်သူမိတ်ဆက်လိုက်သည်..။
“မေနှင်းပါ... ဒီနှစ်မှကျောင်းပြောင်းလာတာပါ”
“ခင်လို့ရတယ်မလား.. အကူအညီလိုရင်ပြောနော်”
“ဟုတ်ကဲ့ သူငယ်ချင်းလည်းမရသေးပါဘူး.. ခုတော့ တစ်ယောက်ရပြီ”
“ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်တိုးတာပေါ့.. သွားလိုက်အုံးမယ်.. မဲနှိုက်ဖို့ကျန်သေးလို့.”
အသာအယာသာခေါင်းငြိမ့်ပြသည်..။ မေနှင်းတဲ့လား.. အနီအသင်းတဲ့ ငါလည်းအနီအသင်းကျရင်ကောင်းမယ်.. မဆီမဆိုင်စိုင်းတစ်ယောက်အတွေးပွားနေသည်..။
“ရော့မင်းအလှည့် ဘယ်ရောက်နေလဲ ဒီမှာနှစ်လိပ်ဘဲကျန်တော့တယ်.. မြန်မြန်”
သူရင်ခုန်လာသည်.. အနီအသင်းမှကျန်သေးရဲ့လားမသိဘူး.. ဘယ်တစ်လိပ်ကိုရွေးရင်ကောင်းမလဲ..။
“ဟေး အနီအသင်းတဲ့”
ဇော်မင်းက “ဟေ့ကောင်ဘာဖြစ်တာလဲ ဒါထူးဆန်းတာလည်းမဟုတ်ဘဲနဲ့”
“အေးလေ .. ပြီးတော့ဒီကောင်ဒီနေ့မူမမှန်ဘူး.. မှန်းစမ်း ဆေးသောက်ခဲ့ရဲ့လား”
“သောက်တာမှ လှုပ်ပြီး ခွက်နဲ့ကိုသေချာထည့်ပြီးသောက်လာတာ.. ”
“ဒါအသာထား မင်းကိုအတန်းထဲကလူတွေဝိုင်းကြည့်နေပြီ.. ”
ဟုတ်တော့ဟုတ်သည်.. မသိမသာနေလိုက်ရသည်..။ မေနှင်းကိုကြည့်မိတော့ ပြုံးနေသယောင်။

ပထမဆုံးကျောင်းတက်ရက်ကတော့ ခါတိုင်းနှစ်တွေနဲ့မတူ.. ပျော်သလို၊စိတ်လှုပ်ရှားစရာကောင်းသလိုရှိသည်..။ အရင်နှစ်တွေကတော့ စာလည်းမသင်ဒီလိုနဲ့ စကားများလိုက် စာအုပ်ကောက်ကိုင်လိုက်နဲ့ပဲအချိန်ကုန်သွားသည်..။ ဒီနေ့တော့အချိန်ကုန်မြန်လိုက်တာ.. စိုင်းတစ်ယောက်အိမ်အပြန်လမ်းလျှောက်ရင်းတွေးနေသည်..။ မေနှင်းတဲ့ ဖြူစင်ရှင်းသန့်နေတာဘဲ.. စကားပြောပုံလေးကလည်းတစ်မျိုးလေး ..အင်း......
“ပွမ် ပွမ်.. ”
“ဟာဒီကားကလည်းတစ်မှောက်. တွေးနေတာတောင်ဘယ်ရောက်သွားလဲမသိဘူး..”
ဒီလိုနဲ့အိမ်ရှေ့ရောက်လာသည်.. အိမ်ထဲဝင်လိုက်တော့ဟင်းနံ့တွေမွှေးနေသည်.. ။ မေမေတော့ဟင်းချက်နေပြီထင်တယ်.. ဘာဟင်းလဲမသိဘူးသွားကြည့်လိုက်အုံးမယ်..။
“မေ...”
“သားပြန်ရောက်ပြီလား.. အသံတော့ကြားသားဘဲ..”
“ကြက်သားဟင်းလားမေ..”
“သားအကြိုက်လေ.. ဟွန်း သားအကြိုက်ဆိုအမေကအကုန်သိ.. အကုန်လုပ်ပေး”
“မေကလဲ ဘာလုပ်ပေးရမလဲ..”
“သွား အ၀တ်အစားသွားလဲ.. ပြီးရင် ခြံထဲကပန်းပင်တွေရေလောင်းလိုက်အုံးသား..”
“ဟုတ်ကဲ့မေ.. ပဲပုပ်စေ့ကြော်ကော..”
“အမလေး မပူနဲ့လုပ်ထားတယ်.. စားခါနီးမှပြန်နွှေးပေးမယ်”

အ၀တ်အစားလဲပြီး တော့စိုင်းပန်းခြံလေးထဲဝင်သွားသည်..။ ပန်းပင်တွေရေလောင်းရတာလည်းစိုင်းပျော်သည်.. ရေကိုသေချာမလောင်း ပက်ချင်ရာပက်လို့ရသည်..။ ကြာတော့လည်း အပင်တွေအကုန်လုံးရေလောင်းပြီးသားဖြစ်သွားသည်..။ နှင်းဆီခင်းထဲရောက်တော့ အပွင့်အဖူးလေးတွေနဲ့ လှပနေသည်...။ ဒီနေ့မှထူးထူးဆန်းဆန်း ပွင့်နိုးပွင့်နိုးဖြင့်စိုင်းစောင့်နေခဲ့တဲ့ နှင်းဆီဖူးလေးမှ အဖြူဆွတ်ဆွတ်နှင်းဆီတစ်ပွင့်ပွင့်နေသည်..။ သေချာကြည့်တော့ အဖြူမှာ အနီရောင်အနားသတ်လေးတွေနဲ့ဘဲ..။ နှင်းဆီရောင်စုံထဲတွင် အဖြူလေးတစ်ပွင့်သည်.. ပေါ်လွင်လှပနေသည်..။ တောင်တွေဆီမှာကမြူတွေဆိုင်းနေသည်.. ပန်းကလေးဖြူဖြူကိုကြည့်ပြီးစိုင်းရင်ထဲမှာ ဟာသွားသလို..။

ဆက်ရန်

8 comments:

Anonymous said...

မမေ့နိုင်အောင် ဘယ်နှစ်ပိုင်းများခွဲမှာပါလိမ့်ဗျာ။ ကိုရီးယားကားတွေကြည့်နေရသလို အပိုင်းတွေအများကြီးလာမှာလား?

Anonymous said...

ဆက်ရန်တောင် ငါလာဖတ်နိုင်ပါ့မလားမသိဘူး သူငယ်ချင်းရေ.. အရင်လိုအမြဲအားမပေးနိုင်တော့တာ စိတ်မကောင်း။ မင်းလည်းနေကောင်းအောင်နေ.. ငါတော့လောလောဆယ် မူးနေတုန်း။

တီချမ်း said...

ဒုတိယ ပိုဒ်ကိုဖတ်ရင်းနည်းနည်းခြင်းရင်ခုန်လာတယ်
ရေးထားတာလေးကောင်းတယ်
အမြဲစိမ်းရေ
ဘန်နာလေးလဲကြိုက်တယ်
အဲဒီမြေပုံအောက်က အုတ်ဂူလေးမှာနေမယ်

:P said...

မဲလိပ်နှိုက်တော့ ကောင်မလေးလက်ကို မသိမသာကိုင်လိုက်တာလား... လက်ကလေးက နူးညံ့သလေးဘာလေးနဲ့...။ မလုပ်သင့်ပါဘူးးးးးးးးး :P

နွေးနေခြည် said...

ငယ်ငယ် ရွယ်ရွယ်နဲ့ ဒီကောင်လေးတယ်ကဲ တာပဲ

Phyo Evergreen said...

ကိုရွာသား >> ရေးပြီးရင်ဇာတ်ညွှန်းရေးပေးလေ..ကားရိုက်ရအောင်.. မင်းသားလုပ်ချင်လည်းရတယ်..။
ခရေတွင်း >> ကောင်းကောင်းနားလိုက်ပါအုံး..။
တီချမ်း >> သူကလည်းရင်ချည်းခုန်နေတာဘဲ..။
တီစင် >> အဲသူလည်းငယ်ငယ်ကအဲသလိုခံရဖူးတယ်ပေါ့.. ရှက်နေပြီ..ကြည့်ကြည့်..။
မနွေး >> ကဲမှာပဲ ကဲမှာဘဲ..။

khin oo may said...

ကောင်းတယ။်

ရွှေပြည်သူ (ShwePyiThu) said...

လန်းဆန်းနူးညံ့တဲ့ လူငယ်ဘ၀ရဲ့ အချစ်ကို ပေါ်လွင်အောင် ရေးနိုင်ပါတယ် ဖြိုးရေ... နောက်အပိုင်းတွေလည်း ဆက်ဖတ်နေပါ့မယ်...