Showing posts with label ဆုမွန်ကောင်း. Show all posts
Showing posts with label ဆုမွန်ကောင်း. Show all posts

Friday, February 20, 2009

သတ္တိခွန်အားရှိစေချင်သည်

ကျွန်တော်ဘလော့ရေးတာ အခုဆို ၅လလောက်ရှိပါပြီ..။ တစ်လျှောက်လုံးမှာ တွေးချင်တာတွေးရေးချင်တာရေးခဲ့ပြီး ဘလော့မိတ်ဆွေ၊အစ်ကိုအစ်မ၊အန်တီ၊သူငယ်ချင်းများလည်း ရခဲ့ပါတယ်..။ အဲဒိထဲမှာ ကျွန်တော်နဲ့စခင်ပြီးကတည်းက ပို့စ်ခုရေးလိုက်တိုင်း အမြဲ comment ပေးတတ်တဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။ သူ့နာမည်က Craton တဲ့..။ စာရေးအားလည်းကောင်းသလို သူရေးခဲ့တဲ့ကဗျာတွေစာတွေကလည်း မှတ်သားစရာကောင်းစွာနဲ့ လေးလေးနက်နက်ရှိလှပါတယ်..။ တစ်ခါကျွန်တော်စာမရေးဖြစ်ချိန်ကတောင် သူကအားပေးလိုက်သေး..။ ခုတော့ သူ့ဘလော့မှာရေးထားပုံအရ အခက်အခဲတွေကြုံနေတယ်ထင်ပါရဲ့..။ ဘာဖြစ်မှန်းသေချာမသိပေမဲ့..အဆင်ပြေစေဖို့တော့အမြဲဆုတောင်းပေးနေတယ်..။ သူ့အတွက်ကဗျာလေးတစ်ပုဒ် နဲ့အားပေးချင်ပါတယ်..။ ဒီကဗျာလေးကို ကျွန်တော့်ဆီမှာလည်းအရင်ကတင်ပြီးသားပါ...။ ဒီတစ်ခ်ါတော့ Craton ရေ မင်းအတွက်အထူးပါ.....။ ဓာတ်ပုံကို Google မှရယူပါတယ်..။

သတ္တိခွန်အား ရှိစေချင်သည်


မြတ်စွာဘုရားသခင်
ဘေးအန္တရာယ်အပေါင်း၏
လွတ်ကင်းရာမှ ကျွန်ုပ်ခိုလှုံပါရစေကြောင်း
ဆုမတောင်းမိပါစေနှင့်၊
ထို အန္တရာယ်ရင်ဆိုင်ရသည့်အခါ
အကြောက်အရွံ့ မဲ့သူဖြစ်ဖို့ ဆိုတောင်းမိပါရစေ။

ကျွန်ုပ်
ဆင်းရဲဝေဒနာကို လျော့ချဖယ်ရှားဖို့
ကျွန်ုပ်မတောင်းဆို မိပါစေနှင့်၊
ထိုဝေဒနာကို
ခံနိုင်သည့် အောင်နိုင်သည့် နှလုံးသား သာရှိပါရစေ။

ကျွန်ုပ်
ရင်ဆိုင်နေရသော ဘ၀တိုက်ပွဲများတွင်
စစ်ကူမဟာမိတ်များကို
မတမ်းတ၊ မရှာဖွေမိပါစေနှင့်
ကျွန်ုပ်
ကိုယ်တိုင် ကိုယ့်ကိုကိုယ်သာ အားကိုးမိပါရစေ။

ကျွန်ုပ်
အကြပ်အတည်းမှ ကယ်ဆယ်ပေးပါရန်
မမြည်တမ်းပါရစေနှင့်၊
ကျွန်ုပ်
ကိုယ်တိုင် လွတ်မြောက်မှုကို
စိတ်ရှည်စွာ အောင်နိုင်သူဖြစ်ဘို့
မျှော်လင့်ပါရစေ။

ကျွန်ုပ်အောင်မြင်ချိန်တွင်လည်း
သင်၏ဂရုဏာတော်ကို ခံစားသည့်
သူရဲဘောနည်းသူ မဖြစ်ဖို့၊
ကျွန်ုပ်
ကျရှုံးလျှင်လည်း သင်လက်၏ ဆုပ်ကိုင်မှုကို
ရှာဖွေတွေ့သူဖြစ်ဖို့
ကျွန်ုပ်အား ခွန်အားကိုသာ ပေးသနားပါ။

မူရင်း တဂိုး (ဆရာမ ဂျူးဘာသာပြန်သည်)
မနိုင်းနိုင်းစနေဘလော့မှ ရပါသည်

Thursday, January 1, 2009

နှစ်သစ်ကိုကြိုဆိုခြင်း

ကျွန်တော့်ဘလော့ကို လာလည်သူ၊ စာလာဖတ်သူအားလုံး ပျော်ရွှင်ချမ်းမြေ့သောနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..။ မကောင်းတဲ့အဟောင်းတွေကို စွန့်ပယ်.. အမှားတွေကိုသင်ခန်းစာယူလို့ ကောင်းခြင်းအဖြာဖြာပိုင်ဆိုင်နို်င်ဖို့အတွက် စိတ်သစ်ခွန်အားသစ်တွေနဲ့ လန်းဆန်းတက်ကြွစွာ နှစ်သစ်ခြေလှမ်းတွေ လှမ်းလိုက်ကြပါစို့...။ အချိန်ရရင်သီချင်းလေးလည်းနားထောင်သွားပေါ့ဗျာ...။

Monday, December 1, 2008

Sweet December


ပျော်ရွှင်စရာကောင်းသော ဒီဇင်ဘာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ....။ ဒီဇင်ဘာ တစ်လလုံးတော့ အမှတ်တရတွေနဲ့ ပြည့်နေမယ်ထင်ပါရဲ့....။
"CHRISTMAS" နှင့်အတူ "HAPPY NEW YEAR" လည်း ရှိသေးရဲ့....။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ....။