အလွမ်းအဆွေးတွေ
အထပ်ထပ် အကျဉ်းချထားတာတောင်
မင်းအပြုံးလေးတွေ
အိပ်မက်နက်နက်ထဲ မြှုပ်နှံထားတာတောင်
အခုလို သတိရခြင်းတွေ
တဖွဲဖွဲကျတဲ့ရာသီမှာ
ကိုယ်တိုင် နားမလည်နိုင်လောက်အောင်
ဒဏ်ရာဟောင်းနဲ့အတူ
အတိတ်မှိုင်းမှိုင်းမှာ
.......ဒဏ္ဍာရီဆန်ဆန် မိန်းမောလို့........
- Evergreen Phyo -
အခုတလော နားထဲစွဲနေတဲ့သီချင်းပါ