Friday, February 17, 2012

ခရေအတွေး

နေညိုချိန် ခင်တန်းမှာ
ခရေအကြွေတွေကို အတူတူကောက်..

နွမ်းကြေနေပေမယ့်
စိတ်အစဉ်ကို လန်းဆန်းစေသေးတဲ့
ပန်းခရေ...
မြတ်မြတ်နိုးနိုး သီကုံးလို့
အသာယာလေး မွှေးကြူပါရစေ...

လေပြည်ညှင်းမှာတော့
ရနံ့တွေထုံသင်းလို့
ခရေတွေကြောင့်လား ချစ်သူကြောင့်လား....