Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts

Thursday, October 20, 2011

အချစ်တွေအတွက် အသင့်ပါ

အချစ်တွေအတွက် အသင့်ဖြစ်ပါပြီဆိုမှ
ဒီလိုပဲ ပုန်းရှောင်လို့နေအုန်းမှာလားကွယ်
သင့်ရဲ့..ချုပ်နှောင်မှုတွေမှာ အကျဉ်းခံဖို့အတွက်
ကိုယ်ပိုင်..လွတ်လပ်မှုတွေ လက်ငင်းဆောင်ယူသွားပါလေ....

ပေးဆပ်ဖို့လည်း အသင့်ပါ...
ပျော်ရွှင်မှု နဲ့ ကြေကွဲမှုတွေ
အချိန်တွေ ဘယ်လောက်စောင့်ရပါစေ..
သင့်ရဲ့ နှစ်လိုမှုတွေမှုတွေမှာသာ ခိုနားခွင့်ပေးပါ..

အဆင်မသင့်မှုတွေကိုသာ ရံဖန်ရံခါ..စိုးထိတ်လို့
ရင့်ကျက်မှုတွေပြည့်စုံအောင်သာ..
အသင်ကိုယ်တိုင်...ညွှန်ကြားပြသပါလော့...
လိုတာရကြပါစေဆိုပေမယ့်..
တူညီတဲ့တောင်းဆိုမှုတွေဟာ..
မနက်ဖြန်ရဲ့ နံရံများမှာ
ပဲ့တင်သံ ရိုက်ခတ်လို့သာ ရှိနေတော့မယ်...

အချိန်မရွေး အသင့်ပါ..
သင့်ရဲ့ခေါ်သံတွေ ကြားနိုင်အောင်သာ..
နားတစ်စုံလောက်တော့ ငှားရမ်းပေးသနားပါ..
ညည်းညူမှုကင်းစွာ ၀န်ခံကတိပြုမှာမို့
ကျွန်ုပ်စောင့်နေမယ်ဆိုတာသာ
သင်လက်ခံကြားသိနိုင်ပါစေ...

အခွင့်သာ နည်းနည်းရမယ်ဆိုရင်..
ကျွန်ုပ်ရဲ့ စိတ်ရှည်တတ်မှု၊ ကြင်နာတတ်မှု
သစ္စာရှိမှု နဲ့ ဖြောင့်မှန်မှုတွေကို...
အနုပညာနဲ့ ဂီတပါမကျန်
သက်ဝင်ကိန်းအောင်းမှုရှိတဲ့ အရာရာတိုင်းကို
နှလုံးသားအရင်းခံလို့
မြတ်နိုးတန်ဖိုးထားတတ်သူ အသင့်အား...
ဖွင့်ဟသက်သေပြခွင့်ပြုပါလေ...

အချစ်တွေအတွက် အသင့်ပါ..
လက်ခံမယ်ဆိုရင်တော့..
သင့်ရဲ့ လက်ထပ်သင်ကြားမှုတွေအောက်မှာ
ကျွန်ုပ်ကြိုးစားမှုတွေ အကောင်းဆုံးဖြစ်ရပါစေမယ်...

ကျွန်ုပ်ရဲ့
အမြင်..
အသံ..
အတွေးနဲ့..
စိတ်နှလုံး..
အားလုံးကို ပေးအပ်လို့
အသင့်ဖြစ်ပါပြီ ......အသင်......

နေ့ရက်တွေကိုသာ စောင့်စားလို့
အချစ်တွေအတွက် အသင့်ဖြစ်ပါပြီ သခင်....

အသင့်ပါ....သခင်..



(Idia Arie ရဲ့ Ready for Love သီချင်းကိုကြိုက်လွန်းတာမို့ နားလည်သလိုဘာသာပြန်မိတာပါ..။ India ကတော့ဘုရားသခင်ကိုရည်စူးတာလို့ဆိုတယ်... ကျွန်တော်ကတော့ ကိုယ့်ခံစားချက်နဲ့ကိုယ် ခံစားနားဆင်ပါတယ်..ကန့်သတ်ချက်တွေကင်းတဲ့ အနုပညာမဟုတ်ပါလား)

Monday, April 18, 2011

အချစ်မှာအရာအားလုံး တရားမျှတယ်



" ဒီသီချင်းကို နားထောင်လိုက်တိုင်း ..လူကသီချင်းမှာမျောပြီး ..စိတ်လွန်နယ်ပယ်တစ်ခုကို ရောက်သွားသလိုဘဲ.......။ ရင်ထဲမှာတော့ ခံစားမှုတွေ တလိပ်လိပ်နဲ့ မှုန်မှိုင်းလို့ပေါ့...။ "




Saturday, February 19, 2011

မချစ်ဖူးသေးတဲ့နေခြည်


ဒီသီချင်းနှစ်ပုဒ် အခုတလောခဏခဏနားထောင်ဖြစ်နေတယ်.....။ တစ်ခါတစ်လေ ရင်ထဲဘာမှခံစားချက်မရှိဘဲနဲ့လည်း ...သီချင်းတွေကလာလာရိုက်ခတ်လို့နေတယ်...။


ဆုန်သင်းပါရ်အသံနဲ့ဒီသီချင်းလေး တော်တော်လိုက်ဖက်တယ်..။ သီချင်းစာသားတွေကလည်း သေချာနားထောင်ကြည့်ရင် အဓိပ္ပာယ်ရှိတယ်..။


ဒီတစ်ပုဒ်ရဲ့ တကယ့်အော်ရီဂျင်နယ်က တရုတ်အဆိုတော်တစ်ယောက်ဆိုထားတာ..။ ခါတိုင်းကော်ပီတွေနားထောင်ပြီးမှ အော်ရီဂျင်နယ်နားထောင်လိုက်ရင် အော်ရီဂျင်နယ်ကိုပိုကြိုက်သွားတာများတယ်..။ ဒီနေခြည်ကတော့ ဇော်ပိုင်အသံနဲ့ suit အဖြစ်ဆုံးလို့ထင်တယ်..သူဆိုထားတာဘဲကြိုက်တယ်.. ။ "ကိုယ့်ဘ၀ကို စွန့်သွားတော့နေခြည်" ဆိုတဲ့နေရာအကြိုက်ဆုံးဘဲ..။


Saturday, January 1, 2011

The First Time

မင်္ဂလာနှစ်သစ်မှာ စာလာဖတ်သူအပေါင်း၊ ဘလော့ပေါ်ကညီအစ်ကိုမောင်နှမအားလုံး ပျော်ရွှင်ကျန်းမာပြီး ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေအကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်..။ ကျွန်တော့်အတွက်တော့ ၂၀၁၀ ဟာမြန်မြန်ဆန်ဆန် ရိုးရိုှးရှင်းရှင်းနဲ့ပဲ ကုန်ဆုံးသွားတယ်..။ ၂၀၁၁ မှာဖြစ်လာမယ့် ရှိလာနိုင်မဲ့အပြောင်းအလဲတွေအတွက် ကြိုတင်ပြင်ဆင်ရင်း.......................။

အခုတလော စိတ်ထဲပါးစပ်ထဲစွဲနေတဲ့သီချင်းတစ်ပုဒ်ရှိတယ်...။ စာလာဖတ်သူတွေကိုလည်း ၂၀၁၁ မှာဦးဦးဖျားဖျားနားထောင်မိစေချင်တယ်..။ သီချင်းနံမည်က The First Time Ever I Saw Your Face တဲ့..။ ပြန်ဆိုထားတာတွေအများကြီး ဆိုထားတဲ့ဗားရှင်းတိုင်းကိုကြိုက်တယ်... စာဖတ်သူတွေကိုလည်းတစ်ပုဒ်ချင်းဆီကို အချိန်ရရင် နားထောင်မိစေချင်တယ်...။ Leona Lewis ဆိုထားတာတော့ အကြိုက်ဆုံးဘဲ... အဲဒီမှာသူမသိပ်လှနေတယ်.. :)..။ Roberta နဲ့ Matt ဆိုထားတာလည်းကောင်းတယ်..။ Celine Dion ဆိုထားတာကနားထောင်လို့ကောင်းပေမယ့် ... emotion သိပ်မပါဘူးလို့ထင်တယ်....။







Monday, December 13, 2010

ခွင့်လွှတ်ခြင်း



"ဒီဇင်ဘာဟာ..စိတ်ကိုခပ်ဖွဖွလေးဆွတ်ပျံ့စေတယ်..
အတိတ်ဟောင်းတွေကိုလည်း ထွေးပွေ့ယူဆောင်လာတုန်းဘဲ....
လှစ်ဟာနေတဲ့နှလုံးသားတစ်ခုနဲ့...
လှပတဲ့ ကမ္ဘာမြေကို...ဆွေးမြေ့စွာငေးမောရင်း
လွမ်းမောတသစွာ...
ငါ.... အထီးကျန်မိတော့တယ်"



ဒီသီချင်းကို စက်တင်ဘာလလောက်တည်းက ညတိုင်းလိုလိုနားထောင်ဖြစ်နေတာ...အခုချိန်ထိ။ စာသားနဲ့သံစဉ်အေးအေးလေးကို သဘောကျတယ်..။ Favourite Arist ထဲကတစ်ယောက်...။ အားလုံးနားဆင်ခံစားနိုင်အောင် ပြန်မျှဝေပါတယ်..။ ဗားရှင်းနှစ်ခုလုံးကြိုက်တယ်...။



"Forgiveness"

Loving lying enemy
I have seen your face before
Never thought again I’d see
Didn’t want to anymore

I remember your loving eyes
And the moonlit kiss
The evening lullabies I will truly miss
Through the years we had it all
Midnight whispers, the midday calls
This house of cards, it had to fall

And you ask for forgiveness
You’re asking too much
I have sheltered my heart in a place you can’t touch
Don’t believe when you tell me your love is real
Because you don’t know much about heaven boy
If you have to hurt to feel

Every time I see you
I can’t help but look away
All along I had believed everything you’d say
When I look now I know I’ve seen your face before
Don’t want your deceiving smile
Standing at my door
And I don’t care what people say
I’m ready now to face this day

And you ask for forgiveness
You’re asking too much
I have sheltered my heart in a place you can’t touch
Don’t believe when you tell me your love is real
Because you don’t know much about heaven boy
If you have to hurt to feel

Because you don’t know much about heaven boy
if you have to hurt

And you ask for forgiveness
You’re asking too much
I have sheltered my heart in a place you can’t touch
Don’t believe when you tell me your love is real
Because you don’t know much about heaven boy
If you have to hurt to feel

Tuesday, September 7, 2010

ချယ်ရီဖူး


ချယ်ရီတွေ ငိုနေပြီတဲ့
နန်းရေ......

သို့ပေမယ့်
အေးခဲနေတဲ့ နှလုံးသားမှာတော့.....

ကြက်သွေးရောင် ချယ်ရီတစ်ဖူး
အတိတ်ခါးခါးမှာ 
ခပ်ရဲရဲ ပွင့်လန်းခဲ့ဖူး......။ 


Sunday, August 15, 2010

အချစ်ရယ်

ညနေခင်းတွေ
သိပ်ကိုအေးစက်လွန်းနေတော့.....

စားပွဲခုံစွန်းမှာကွယ်
ကော်ဖီခါးခါးတစ်ခွက်ရယ်
တာဝန်ကင်းမဲ့စွာ
ခပ်တိုးတိုး အိပ်မောကျလို့နေတယ်.....

အရောင်ခြယ်မှုတွေကင်းတဲ့
ခပ်မှိုင်းမှိုင်း အခန်းထောင့်ဝယ်
မင်းအတွက်ရည်စူးထားတဲ့
နှင်းဆီတစ်ပွင့်ကွယ်
ကိုယ့်ကို
ခပ်အုပ်အုပ် လှောင်ရီနေလေတယ်.....

အတွေးတွေ
မြူတွေလို မှုန်ရီဝါးတယ်
အချစ်ရယ်..
မင်းသာ အနားနားရှိရင်
ကိုယ့်နှလုံးသားလေး
.....ထာဝစဉ်နွေးထွေးမယ်.....

- EvergreePhyo -

Saturday, July 10, 2010

မပြောဖြစ်ခဲ့ဘူး

အို..
စံပယ်ဆိုရင်လည်းဝေ
ခရေဆိုရင်လည်းကြွေပါစေတော့
ဘာပဲ ပေးဆပ်ရပါစေ.....

အဖိုးတန်နှင်းဆီတွေလို
ယစ်မူးစွဲလန်းစေတဲ့ ကံ့ကော်တွေလို
မွှေးရနံ့..မထုံလွှမ်းရင်နေပါစေ..
အရိပ်ခိုသူတိုင်းကိုတော့...
မင်းရဲ့အပြုံးတွေနဲ့..
ပြေပါစေလေ ဘ၀အမောတွေ.......

မျက်ရည်တွေခမ်း
နှလုံးသားလည်းနွမ်းခါမှ
ချစ်ခြင်းမုတ်သုန်လေတွေ
အနောက်တောင်ယွန်းယွန်းမှာ တအိအိပြိုကျလို့.....

အခုချိန်မှာလေ
ခံစားချက်တွေက..
ရာသီစိုစိုမှာ တစ်ပေါက်ပေါက်ကျဆင်းလို့ရယ်..
ဒါပေမယ့်..
တစ်ချိန်တုန်းကတော့
မင်းကိုသိပ်ချစ်တယ်လို့.....................ကိုယ်မပြောဖြစ်ခဲ့ဘူး......။

(ကဗျာလေးရေးပြီးမှာ တိုက်တိုက်ဆိုင်ဆိုင်ဒီသီချင်လေးတွေ့တယ်.. ကြိုက်လို့ပြန်လည်မျှဝေပါတယ်)

Thursday, July 1, 2010

Miley Cyrus Medley ( by Christina Grimmie)

အခုချိန်မှာတော့ Miley Cyrus လို့ဆိုရင် လူတော်တော်များများသိကြမယ်လို့ထင်ပါတယ်..။ သူ့သီချင်းတွေကို နေရာတိုင်းလိုလိုကြားနေရတာကြာပါပြီ Mall တစ်ခုခုဝင်သွားလိုက်ရင် Store ဆိုင်တစ်ခုခုကဖွင့်ထားတာဖြစ်ဖြစ်.. စားသောက်ဆိုင်တစ်ခုခုမှာ ၀င်စားရင်ဘဲဖြစ်ဖြစ် သူ့သီချင်းတွေကိုအချိန်တော်တော်များများမှာကြားရမှာပါ..။ ဆယ်ကျော်သက်လူငယ်တွေကလည်း Miley Cyrus နဲ့ သူ့သီချင်းတွေကိုဆိုအသဲစွဲပါ.. (ကျွန်တော်ကတော့ ဆယ်ကျော်သက်ဘ၀ကို လတ်လတ်ဆတ်ဆတ်ကြီးဆုံးရှုံးထားသူပါ.. (ဘာမှလည်းမဆိုင်ဘူး.. (;))။ တကယ်တော့ဆိုလိုချင်တာက လူကိုသဘောမကျပါဘူး.. ဒါပေမယ့်လို့.. သူ့သီချင်းလေးတွေတော့သဘောကျပါတယ်လို့ပြောချင်တာပါ..။ တစ်ချို့သီချင်းတွေဆို သံစဉ်အလိုက်တွေလည်းကောင်းတယ်.. စာသားတွေလည်းကောင်းပါတယ်.. ဒါပေမယ့် သူ့အသံနဲ့ မလိုက်ဘူးလို့ထင်လို့ပါ..။ စကားပလ္လင်ခံတာတော့များသွားပြီ.. တကယ်တော့ ဒီပို့စ်က Miley နဲ့တော့သိပ်မဆိုင်လှပါဘူး.. သို့သော်လည်း သူ့နာမည်ကပါနေတော့လေ..။



ဒီ Music Video လေးကိုအထပ်ထပ်အခါခါကြည့်ဖြစ်နေတာကြာပါပြီ...။ Miley ရဲ့သီချင်းကောင်းတော်တော်များများကို စုပြီး Medley လုပ်ထားတာပါ..။ ဆိုတဲ့အဆိုတော်လည်း သဘောကျတယ် ၊ MV လုပ်ထားတဲ့အတွေးလေးလည်းကောင်းတယ်..၊ ပြီးတော့ သူ့အသံနဲ့ ပိုပြီးလိုက်ဖက်တယ်ထင်လို့ပါ..။ ခဏခဏကို ..မကြာခဏကို.. အမြဲတမ်းလိုလို.. အချိန်ရတိုင်းကို ...သတိရတိုင်းကို နားထောင်ပါတယ်.. (; ။ တကူးတကလာလည်သူများ ၊ မျက်စိလည်လမ်းမှားရောက်လာသူများ.. အပျင်းပြေသီချင်းလေးနားထောင်သွားပါ ခင်ဗျာ..။

Tuesday, May 4, 2010

ချယ်ရီပင်အောက်


“ချယ်ရီပင်အောက်........
နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိကွယ်......”


ဦးထီး သီချင်းတွေဆို အိမ်ကလူတွေကအကုန်လုံးကြိုက် ဦးလေးတစ်ယောက်ဆို ထွက်သမျှစီးရီး အကုန်ဝယ် နေ့တိုင်းလိုလိုဖွင့်တာ..။ ငယ်ငယ်ကတည်းက နားယဉ်နေတော့ ဦးထီးသီချင်းတွေကြိုက်ပေမယ့် ကြီးလာမှ သီချင်းစာသားတွေကို သေချာနားထောင်ကြည့်မှ ပိုပိုပြီးကြိုက်လာတယ်..။ အမေပြောတာတော့ ဦးထီးနဲ့ အမျိုးတော်တယ်ဆိုလားပဲ ( အဒေါ်ဝမ်းကွဲရဲ့ ဦးလေးဆိုတော့ ) တော်သလား မတော်သလားဘဲ..။ အခုလည်း သူတော့ ငြိမ်းချမ်းရာကို အရင်သွားနှင့်ပြီ..။ သီချင်းတွေအားလုံးထဲက ဒီ “ချယ်ရီပင်အောက် နောက်တစ်ခေါက်” ဆိုတဲ့ သီချင်းကို အကြိုက်ဆုံးဘဲ..။ ချစ်တဲ့ရှမ်းပြည် နဲ့ ချယ်ရီတွေအကြောင်းဆိုတော့ ကြိုက်မိတာလည်းမဆန်းပါဘူးဗျာ..။

သီချင်းကို YouTube မှာရှာတော့ VCD တွေတွေ့တယ်.. ဒါပေမယ့် နားကြပ်နဲ့ဆို တစ်ဖက်ကကြားပြီး နောက်တစ်ဖက်ကမကြားရဘူး..။ ဆိုတော့ MP3 ဖိုင်လည်းရှိနေတာနဲ့ ကိုယ်တိုင်လုပ်ဖြစ်သွားတယ်..။ ပုံတွေကိုတော့ ကိုရွာသား(အစ်ကိုရေ ပုံတွေယူသုံထားတယ်နော် ဘယ်လိုဆက်သွယ်ရမှန်းမသိလို့)၊ တောင်ကြီးချယ်ရီမြေ နဲ့ Taunggyi Family (Facebook Group) ကနေရယူပါတယ်..။ 

Monday, February 22, 2010

I Got You



မင်း ကိုယ့်ကို
ထားရစ်ခဲ့ရင်လည်း 
မေ့ပျောက်သွားရင်လည်း 
မချစ်တော့ဘူးလို့ ဆိုလာရင်လည်း 
ကိုယ်ဟာ.. မင်းကို 
အမြဲပဲ
.......     .......
.......................
...............
......
..


I Got You - Leona Lewis

A place to crash
I got you
No need to ask
I got you
Just get on the phone
I got you
Come and pick you up if I have to
What’s weird about it
Is we’re right at the end
And mad about it
Just figured it out in my head
I’m proud to say
I got you

Go ahead and say goodbye
I’ll be alright
Go ahead and make me cry
I’ll be alright
And when you need a place to run to
For better for worse
I got you
I got you

Ain’t falling a part, or bitter
Let’s be bigger than that and remember
The cooling outdoor when you’re all alone
We’ll go on surviving
No drama, no need for a show
Just wanna say
I got you

Go ahead and say goodbye
I’ll be alright
Go ahead and make me cry
I’ll be alright
And when you need a place to run to
For better for worse
I got you
Go ahead and say goodbye (go ahead)
I’ll be alright (say goodbye)
Go ahead and make me cry
I’ll be alright
And when you need a place to run to
For better for worse
I got you

‘Cause this is love and life
And nothing we can both control
And if it don’t feel right
You’re not losing me by letting me know

Go ahead and say goodbye (say goodbye)
I’ll be alright
Go ahead and make me cry
I’ll be alright
And when you need a place to run to
For better for worse
I got you
Go ahead and say goodbye (go ahead)
I’ll be alright (say goodbye)
Go ahead and make me cry
I’ll be alright
And when you need a place to run to
For better for worse
I got you

A place to crash
I got you
No need to ask
I got you

Thursday, December 24, 2009

ကိုယ် မင်းကိုမြင်တယ်

အားလုံးမင်္ဂလာပါ...။ စာမရေးတာလဲအတော်ကြာသွားပြီဆိုတော့ ဒီဘလော့ကိုတောင်မေ့နေလောက်ပါပြီ..။ ပျက်နေတဲ့ Laptop ကလဲမနေ့ကမှပြန်ရတာပါ..။ Service Center ကိုလဲရောက်တာဒီတစ်ခါနဲ့ဆို ၄ ခေါက်မြောက်ဖြစ်တာမို့ Warranty ယူထားတာ တော်တော်ကံကောင်းတယ်လို့ပြောရမယ်..(ဆရာမဂျူးရဲ့နောက်ဆုံးဝတ္ထုထဲကလိုဆိုရရင်တော့ ကိုယ့်ကိုကိုယ်အမြော်အမြင် ရှိတယ်ပေါ့.. :D)။ Warranty ဖိုးကျေပါတယ်.. ၀န်ဆောင်မှု နဲ့ ပစ္စည်းတန်ဖိုး အားလုံးတစ်ပြားမှမပေးရပါဘူး.. စိတ်ချမ်းသာပါတယ်..။

 မရေးတာကြာတော့ဘာရေးရမှန်းမသိပါဘူး.. :D ဘလော့လောကနဲ့အဆက်အသွယ်ပြတ်သွားမှာစိုးလို့ရယ် ဘလော့ကညီအစ်ကိုမောင်နှမအားလုံးကို သတိရတာရယ်ပေါင်းပြီးခုပို့စ်လေးတင်ဖြစ်တယ်ပေါ့.. (စိတ်ထဲကပါလို့ တကယ်ပြောတယ်မှတ်ပါ.. =D)။ ဒီရက်ပိုင်း Avatar ဆိုတဲ့ရုပ်ရှင်သွားကြည့်ဖြစ်တယ်..။ Titanic ၊ The Terminator စတဲ့ရုပ်ရှင်တွေရိုက်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ James Cameron ရိုက်ထားတာပါ..။ 3D Fusion Camera System သုံးထားတယ်ပြောတာဘဲ ရုပ်ရှင်ကြည့်တော့ အစပိုင်းနည်းနည်းမူးသလိုဘဲ.. နောက်ပိုင်းကျမှအဆင်ပြေသွားတယ်..။ ရုပ်ရှင်တစ်ကားလုံးမျောပါသွားတာ.. နောက်ဆုံးအပြီးသီချင်းဆုံးတဲ့အထိဘဲ..။ Effect တွေလည်းကောင်းတယ်..၊ ဇာတ်ကောင်တွေကလည်း တစ်ကယ်အသက်ဝင်ပါတယ်..၊ ဇာတ်လမ်းကလည်း တစ်ကယ် Emotional ဖြစ်ပါတယ်..။ သွားကြည့်သင့်တဲ့ကားပါ.. 5 stars ပေးပါတယ်.. =D။ အပြီးသတ်သီချင်းလေး ရင်ထဲမှာစွဲကျန်ခဲ့ပါတယ်.. ခါတိုင်းဇာတ်လမ်းပြီးတာနဲ့ထပြန်တာပါ.. ဒီတစ်ခါတော့သီချင်းပြီးမှဘဲထပြန်ဖြစ်တယ်..။ နံမည်က I See You တဲ့ Leona Lewis ဆိုထားတာပါ.. (လိုရင်းက ခုမှရောက်တယ်) =D...။ ဆက်ပြီးအပျင်းထူလိုက် ပျောက်လိုက်ဖြစ်ပါအုန်းမယ်..။ နားထောင်ဖြစ်အောင်နားထောင်ကြည့်ကြပါ..။ 


Monday, August 17, 2009

Mary Mary

အခင်ဆုံးသူငယ်ချင်းနှစ်ယောက်က ပို့ပေးလာတဲ့သူတို့ ရေးဆိုထားတဲ့သီချင်းလေးပါ...။ ဗီဒီယိုကတော့ အီဖေကိုယ် ကိုယ်တိုင်လုပ်ထားတာပေါ့..... သီချင်းကို ခဏခဏနားထောင်ဖြစ်နေတယ်.. ။ အချိန်လေး ခဏလောက်ပေးပြီး နားထောင်စေချင်တယ်..။

Thursday, April 2, 2009

Angel

Angel ဆိုတဲ့သီချင်းနဲ့ တစ်စုံတစ်ယောက်ကို ရည်ညွှန်းချင်ပါတယ်.. အမြဲနားထောင်ဖြစ်တဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပါ။ စာဖတ်သူတွေကို လည်းမျှဝေခံစားချင်လို့ပါ..။ သီချင်းနားထောင်ပြီးတိုင်း စိတ်ငြိမ်းချမ်းမှုလေးရပါတယ်။ သီချင်းစာသားပါဖော်ပြပေးထားပါတယ်.။ ကိုရွာသားက ဘာသာပြန်ပေးပါဆိုလို့ မတတ်တခေါက်နဲ့ ပြန်ပေးလိုက်ပါတယ်.. ဖတ်ရတာအဆင်မပြေဖြစ်ရင် ခွင့်လွှတ်ကြပါ...။



“အိန်ဂျယ်”

ဒုတိယတစ်ကြိမ်ဖြစ်ခွင့်အတွက်
အချိန်တွေစောင့်စားခဲ့တာများ
အဆင်ပြေနိုင်ကြောင်း ကာလတွေလား။
မကောင်းသေးဘူးလို့ ခံစားမိရင်တော့
အဲဒီအတွက်အကြောင်းပြချက်တော့ရှိသင့်တယ်
နေ့တစ်နေ့ရဲ့အဆုံးတွေဟာ ခက်ခဲလွန်းလို့
စိတ်ဖြေရာတစ်ခုတော့ လိုအပ်နေပြီ။
သွေးကြောထဲကနေ အတိတ်တို့ စိမ့်ထွက်စီးဆင်းလာတာများ
ဘယ်လောက်လှပတဲ့ ထွက်ပေါ်မှုလဲ။
ဖြစ်နိုင်ရင်လေ..
ပေါ့ပါးရှင်းလင်း လွတ်လပ်ပါရစေ..
ငြိမ်းချမ်းမှုတစ်ချို့ ဒီညမှာ ရှာတွေ့ဖို့လေ..။

အကွေ့အကောက် လမ်းဖြောင့်တွေတစ်လျှောက်
လှည့်ကြည့်တိုင်း သူခိုး လင်းတတွေနဲ့မို့
စိတ်ကုန်မောပန်းလွန်းလှပြီ။
မုန်တိုင်းတွေမစဲသလို
မင်းကလည်း ဆက်လှည့်စားနေဆဲပဲ
ဒါတွေအားလုံး လိုအပ်ချက်တွေပါလို့တော့
ကြိုးစား အကြောင်းမပြပါနဲ့လေ..
သိပ်ပြီး မထူးခြားပါဘူး။
နောက်ဆုံးတစ်ခေါက်တော့ ဖြစ်ပါစေလေ
ရူးသွပ်မှုတွေမှာ ချိုမြိန်ယုံလွယ်လွန်းသူမို့
ကြီးကျယ်ခမ်းနားတဲ့ ကြေကွဲမှုအောက်
ငါလေ ဒူးထောက်မိခဲ့ပြီ။

အိန်ဂျယ်ရဲ့ထွေးပွေ့မှုတွေမှာ ….
မင်းစိုးရွံ့တဲ့ မပြီးဆုံးခြင်းတွေကနေ
အေးစက်စက် အခန်းထဲကနေ
ရုန်းထွက်ပျံသန်းလိုက်ပါ..
နှုတ်ဆိတ်နေတဲ့ အိပ်မက်တို့ရဲ့
ပြိုကွဲခြင်းတွေကနေ..
ဆွဲကူဖေးမပါရစေ…
အိန်ဂျယ်ရဲ့ ထွေးပွေ့မှုတွေမှာလေ..
ငြိမ်းချမ်းသာယာမှုတွေ ရှာဖွေတွေ့နိုင်ပါစေ..။





"Angel - Sarah McLachlan"

Spend all your time waiting
For that second chance
For a break that would make it okay
Theres always one reason
To feel not good enough
And its hard at the end of the day
I need some distraction
Oh beautiful release
Memory seeps from my veins
Let me be empty
And weightless and maybe
Ill find some peace tonight

In the arms of an angel
Fly away from here
From this dark cold hotel room
And the endlessness that you fear
You are pulled from the wreckage
Of your silent reverie
Youre in the arms of the angel
May you find some comfort there

So tired of the straight line
And everywhere you turn
Theres vultures and thieves at your back
And the storm keeps on twisting
You keep on building the lie
That you make up for all that you lack
It dont make no difference
Escaping one last time
Its easier to believe in this sweet madness oh
This glorious sadness that brings me to my knees

In the arms of an angel
Fly away from here
From this dark cold hotel room
And the endlessness that you fear
You are pulled from the wreckage
Of your silent reverie
Youre in the arms of the angel
May you find some comfort there
Youre in the arms of the angel
May you find some comfort here


Tuesday, March 10, 2009

ရီချင်ရင် ကြည့်ဖြစ်အောင်ကြည့်ပါ



ဝါးစား ၀ါးစား.. ၀ါးစား...........

Wednesday, December 31, 2008

ကြည့်မိတဲ့ရုပ်ရှင်

ခုရက်ပိုင်း အလုပ်တွေလည်းများနဲ့ စာတစ်ဖက်နဲ့ ဘလော့ရေးတဲ့ဘက်တောင် မလှည့်နိုင်ဘူး..(ဘလော့ပဲလည်နိုင်တယ်.. ဟာဟ)။ ရုပ်ရှင်နဲ့အခွေကြည့်ဖို့ဆိုရင် ဝေလာဝေးပေါ့ဗျာ... အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး ဘလော့တွေခဏလည်ပြီး တန်းအိပ်တော့တာဘဲ..။ သီချင်းတောင် သွားရင်းလာရင်းနဲ့ လမ်းမှာအပျင်းပြေ နားကြပ်ထိုးမှဘဲ နားထောင်ဖြစ်တယ်..။ ဒီတစ်ရက် နှစ်ရက် နည်းနည်း အားနေတာနဲ့ ရုပ်ရှင်လေးတွေကြည့်ဖြစ်ပါတယ်...။ ကြည့်တယ်ဆိုကာကည်း cinema မှာကြည့်တာမဟုတ်ပါဘူး.. online ကနေဘဲကြည့်တာပါ..။ ရုံတွေမှာ တင်တာမကြာသေးတဲ့ ကားတွေဆိုသိပ်မကြည်တတ်ပေမဲ့.. အရင် ၁ နှစ် ၂ နှစ် လောက်ကကားတွေဆိုရင်တော့ quality တော်တော်ကောင်းပါတယ်...။

ပထမကြည့်မိတဲရုပ်ရှင်က Nanny McPhee ဆိုတဲ့ဟာသကားလေးပါ...။


ကလေး (၇)ယောက်ရှိတဲ့ Singleဖခင်က အလုပ်တစ်ဖက်နဲ့မို့ မျောက်ရှုံးအောင် အပိုးမသတ်နိုင် ဆော့ကြတဲ့ ကလေးတွေကိုမထိန်းနိုင် ... ။ နာနီ တစ်ယောက်ပြီးတစ်ယောက်ပြောင်းပြေးလောက်အောင် သောင်းကျန်းတဲ့ ကလေးတွေ Nanny McPhee နဲ့တွေ့တဲ့အခါမှာ..........
ဆက်ပြီးတော့မပြောတော့ဘူး Movie လေးပဲကိုယ်တိုင်ကြည့်လိုက်ပါတော့...
လင့်တွေကဒီမှာပါ.. ပထမပိုင်း ၊ ဒုတိယပိုင်း

နောက် ကြည့်မိတဲ့ကားလေးက တော့ The Polar Express ပါ။


ဒီကားလေးကို တော်တော်ကြိုက်ပါတယ်..။ Animation ဖန်တီးထားတာတွေရော အသံဖန်တီးမှုတွေပါ တော်တော် ကောင်းပါတယ်...။ ဒီလို ဒီဇင်ဘာအချိန်ဆို အမြဲကြည့်ဖြစ်တဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး..။ ခရစ္စမတ်အကြိုညမှာ ကလေးတစ်ယောက် အိပ်နေတုန်း အိမ်ရှေ့ကို The Polar Express ဆိုတဲ့ရထားကြီးဆိုက်လာ.... ၊ ခရစ္စမတ်အမီ မြောက်ဝင်ရိုးစွန်းသွားတဲ့ ခရီးမှာ ဘယ်လိုစွန်းစားစရာတွေကြုံမယ်ဆိုတာတော့ ... ......... ကျွန်တော်မပြောတော့ပါဘူး...။
ရုပ်ရှင်ကြည့်ဖို့လင့်လေးပါ... The Polar Express

ဒါလေးကတော့ Polar Express မှာပါတဲ့ When Christmas Comes to Town ဆိုတဲ့သီချင်းလေးပါ..။ သဘောကျလို့ ခဏခဏနားထောင်ဖြစ်ပါတယ်..။ အားလုံးပဲ ရုပ်ရှင်ကြည့်နိုင်... အဲ အပန်းပြေနိုင်ကြပါစေရဲ့..။

Monday, November 10, 2008

သတိရတယ်..



ခုချိန်များတော့ ကျွန်တော့် ဇာတိ တောင်ကြီးမြို့မှာ တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပနေလေရဲ့....။ ခိုက်ခိုက်တုန် အောင်အေးတဲ့ ရှမ်းပြည်ရဲ့ ဆောင်းနဲ့အတူ သွားကြည့်ခဲ့ဖူးတဲ့ မီးပုံးပျံပွဲ အချိန်တွေကို လွမ်းမိတယ်..။ အအေးဓာတ်နှင့်အတူ မိသားစု၊သူငယ်ချင်း ချစ်သူခင်သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေဆို အားပေးခဲ့တဲ့ အချိန်တွေကလည်းမမေ့ရက်နိုင်စရာ...။ မြူနှင်းတွေ အုံ့ဆိုင်းနေမဲ့ ရှမ်းတောင်တန်းကြီးတွေ နဲ့ ချစ်သောတောင်ကြီးကိုလည်း လွမ်းမိပါရဲ့....။ အဝေးရောက်နေသူတွေအတွက် Live ကြည့်ရှုနိုင်အောင် စေတနာထားကြိုးစားပေးကြတဲ့"တောင်ကြီးချယ်ရီမြေ" ၀ိုင်းတော်သားများကိုလည်း အထူးကျေးဇူးတင်ပါတယ်...။ ဖြစ်နိုင်ရင်တော့ ခုချိန်မှာ တောင်ကြီး ပြန်ချင်တဲ့စိတ်တစ်ခုပဲရှိပါတယ်..။ အောက်မှာကတော့ ရှမ်းပြည်အလွမ်းသီချင်းလေးပါ...။ အချိန်ကတော့ ရွှေဖီချိန်ရောက်ပြီလား တော့မသိဘူး...သီချင်းကိုနှစ်သက်လို့တင်ပေးလိုက်ပါတယ်..။ လွမ်းနေဦးမယ် တောင်ကြီးရယ်.....။

"ရွှေဖီချိန်"

Monday, October 20, 2008

ခံစားမှုနဲ့သီချင်း

ခုတစ်လော classic သီချင်းလေးတစ်ပုဒ်ကိုပြန်နားထောင်ဖြစ်နေပါတယ်...။ ရိုးရိုးအေးအေးသီချင်းလေးပါ။ တစ်ခါတစ်လေ ဒီလိုသီချင်းမျိုးနားထောင် ရတာကလည်း အရသာတစ်မျိုးပေါ့ဗျာ..။


စာသားလေးကတော့အောက်မှာပါ..............

Yesterday once more


When I was young
I'd listen to the radio
Waitin' for my favorite songs
When they played I'd sing along
It made me smile.

Those were such happy times
And not so long ago
How I wondered where they'd gone
But they're back again
Just like a long lost friend
All the songs I loved so well.

Every Sha-la-la-la
Every Wo-o-wo-o
Still shines
Every shing-a-ling-a-ling
That they're startin' to sing's
So fine.

When they get to the part
Where he's breakin' her heart
It can really make me cry
Just like before
It's yesterday once more.

Lookin' back on how it was
In years gone by
And the good times that I had
Makes today seem rather sad
So much has changed.

It was songs of love that
I would sing to then
And I'd memorize each word
Those old melodies
Still sound so good to me
As they melt the years away.

Every Sha-la-la-la
Every Wo-o-wo-o
Still shines
Every shing-a-ling-a-ling
That they're startin' to sing's
So fine.

All my best memories
Come back clearly to me
Some can even make me cry.

Just like before
It's yesterday once more.

Friday, October 10, 2008

God loves ugly

ခုတစ်လော ခဏခဏနားထောင်ဖြစ်နေတဲ့သီချင်းလေးပါ...။ သီချင်းစာသားပါဖတ်ပြီးတော့သီချင်းကို စွဲလမ်းသွား
ပါတယ်..။ Idol winner ဖြစ်တဲ့ Jordin Sparks ရဲ့ God loves ugly တဲ့ဗျာ...စာသားလေးလည်းဖော်ပြပေးထား
ပါတယ်....။


God Loves Ugly - Jordin Sparks


Jordin Sparks - God Loves Ugly

You said that I wasn't pretty
so I just believed you
And you said that I wasn't special
so I lived that way
with critical gazes and brutal amazement
at how my reflection could be so imperfect
With all of my blemishes
how could somebody want me

But God loves ugly
He doesn't see the way I see
Oh, God takes ugly
and turns it into something that is beautiful
apparently I'm beautiful
cause you love me, ohh

I tried to clean up the outside
all shiny and new
Worked overtime to thin up and look right
but inside I knew
that deep in the bottom were secrets I thought I could try to ignore
Old ghosts in my corridors never get tired of haunting the past that's in me

But God loves ugly
He doesn't see the way I see
Oh, God takes ugly
and turns it into something that is beautiful
apparently I'm beautiful
cause you love me

Help me believe
why you love me
when I know you see
you see everything
Help me believe
why you love me
when I know you see
inside and you still say I'm beautiful
you're telling me I'm beautiful
you're screaming: oh, so beautiful
and I'm finding out I'm beautiful
you're making me so beautiful
and I can see I'm beautiful
cause you love me