Monday, March 23, 2009

မမေ့နိုင်မိုး (၂)

လမ်းတစ်လျှောက်မှာ စိုင်းတွေ့တာအမျာဆုံးကတော့ ဖြူစိမ်းဝတ်ထားတဲ့ကျောင်းသားကျောင်းသူတွေပါဘဲ..။ စိုင်းနဲ့ ရွယ်တူကျောင်းသားတွေ၊ နည်းနည်းငယ်ပုံရမယ့် ကျောင်းသူတွေ ၊ အင်္ကျီမှာ လက်ကိုင်ပုဝါလေးချိတ်နဲ့ ချိတ်လို့ မိဘလက်ကိုတွဲလာတဲ့သူငယ်တန်းကလေးတွေ အားလုံးကျောင်းတစ်ဝိုက်မှာတွေ့ရသည်..။ ကျောင်းထဲဝင်လိုက်တော့ ကျောင်းသားဆိုသည့်အသိစိတ်သည် စိုင်းအဖို့ပိုပီပြင်လာသည်.....။ ကျောင်းက ၉ နာရီတက်မည်.. ခုမ ၈ နာရီခွဲ .. စောသေးသည့်အတွက် သူငယ်ချင်းတွေတွေ့လိုငြား မုန့်စားတန်းဘက် ခြေဦးလှည့်လိုက်သည်..။ ဟောတွေ့ပါလေပြီ.. စိုင်းအခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဇော်မင်းနဲ့ ပြည့်ဖြိုး မုန့်ဟင်းခါးဆိုင်မှာထိုင်စားနေသည်..။ ခုံတစ်လုံးဆွဲထိုင်လိုက်တော့ ပြည့်ဖြိုးက
“ဟေ့ရောင် မင်းစောလှချည်လား...”
“အေးလေ.. ” ဇော်မင်းက၀င်ထောက်သည်။
“မင်းတို့လည်းစောတာဘဲ.. ငါတစ်ယောက်တည်းမဟုတ်ဘူး”
“ငါကမနက်စာမစားရသေးဘူး ဒါကြောင့်စောစောလာတာ. .. ရောက်တော့ ဟိုကောင် ဇော်မင်းလည်းရောက်နေရော..”
“စားအုံးလေ.. စားပြီးပြီလား..”
“ငါစားခဲ့ပြီ..”
“ကောင်းပါ့ ကောင်းပါ့..”
“အင်းပါ ထားပါတော့ .. ကျောင်းတောင်ပြန်ဖွင့်ပြီ.. ဒီနှစ်တော့စာတွေများမယ်...”
“ဟုတ်တယ်.. ဘာလိုလိုနဲ့ဆယ်တန်းတောင်ရောက်လာပြီ စဉ်းစားကြည့်ရင် မနေ့တစ်နေ့ကလိုဘဲ” ဇော်မင်းကတွေးတွေးဆဆပြောသည်..။
“ဟုတ်တယ်.. အထက်တန်းပြီးရင်ကွဲချင်ကွဲသွားကြမှာ ဒီနှစ်ကနောက်ဆုံးတွေ့ရတဲ့ နှစ်လည်းဖြစ်ချင်ဖြစ်နိုင်တယ်.. ” လို့ပြည့်ဖြိုးကရုတ်တရက် ပြောတော့ အားလုံးနှုတ်ဆိတ်သွားသည်..။
စိုင်းက “ခုမှနှစ်စဘဲရှိသေးတယ်.. ကွဲမဲ့ကွဲပေါ့.. တစ်နှစ်လုံးပျော်ပျော်ရွှင်ရွှင်နေလို့ရသေးတယ်.. ဒါတွေဘာလို့တွေးနေမှာလဲ..... ခဏနေကျောင်းတက်တော့မယ်. မြန်မြန်စား..”
“ဟုတ်တယ်ဒီမှာမုန့်ဟင်းခါးတွေ အေးကုန်ပြီ.. ပြည့်ဖြိုးစားစား..”
ခဏကြာတော့ ကျောင်းတက်ခေါင်းလောင်းသံမြည်လာသည်.....။

ပြည့်ဖြိုး၊ ဇော်မင်း နဲ့ စိုင်းတို့သုံးယောက်သည်... သူငယ်တန်းကနေစပြီးခင်ခဲ့သောသူငယ်ချင်းတွေဖြစ်သည်..။ နှစ်တိုင်းအခန်းလည်းတူသည်.. တစ်ယောက်နဲ့တစ်ယောက်အတိုင်အဖောက်ညီသည်.. ကူညီရိုင်းပင်းသည်.. အဖြူဆိုရင်လိုက်ဖြူ.. အမည်းဆိုရင်လိုက်မည်းတတ်သော သူငယ်ချင်းသုံးယောက်..။ ဆိုးအတူ ကောင်းအတူသူငယ်ချင်းတွေလို့ ဆိုရင်လည်း မှားမည်မထင်.. တစ်ယောက်အပြစ်တစ်ယောက်ဝိုင်းဖုံးဖိပေးတတ်သေးသည်.။ ဇော်မင်းက အရပ်မနိမ့်မမြင့် အသားဖြူဖြူ ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ကောင်းသည်..။ ပြည့်ဖြိုးက အသားလတ်လတ်.. ပိန်ပိန် အမြဲပြုံးနေတတ်သည်.. အရပ်ကတော့အတော်လေးမြင့်သည်.. သုံးယောက်ထဲမှာတော့ အမြင့်ဆုံး..။ စိုင်းကတော့ ခန္ဓာကိုယ် ပါးပါးလျလျ အသားဖြူဖြူ..။ စိုင်းသည် အအဆုံး၊ ပြည့်ဖြိုးက စကားအများဆုံး၊ ဇော်မင်းက အတည်ငြိမ်ဆုံးဖြစ်သည်..။ စိုင်းတို့သုံးယောက်သည်.. တက္ကသိုလ်ဝင်တန်းကျောင်းသားကြီးများဖြစ်ကြလေပြီ.. အမှတ်ကောင်းကောင်းနဲ့အောင်နိုင်ဖို့အတွက် လိုရာတက္ကသိုလ်တက်နိုင်ဖို့အတွက်အားသွန်ခွန်စိုက်ကြိုးစား ကြရအုံးမည်......။


နိုင်ငံတော်သီချင်းဆိုပြီးအတန်းထဲရောက်တော့ စိုင်းတို့သုံးယောက် နေရာထိုင်ခုံရွေးကြသည်.. စိုင်းနဲ့ဇော်မင်းနဲ့က တစ်တွဲ ပြည့်ဖြိုးက စိုင်းညာဘက်ခုံတန်းမှာထိုင်သည်..။ စိုင်းတို့အတန်းသည် လူ ၄၀ခန့်ရှိပြီး မိန်းကလေး ယောက်ျားလေးတစ်ဝက်စီဖြစ်သည်..။ ၁၀ တန်းတွင် စိုင်းတို့အတန်းအပါအ၀င် တန်းခွဲ ၅ ခုရှိသည်..။
အတန်းပိုင်ဝင်လာတော့ ကျောင်းသားအားလုံးမတ်တပ်ရပ် နှုတ်ဆက်ကြသည်..။
“မင်္ဂလာပါ ဆရာမ”
“မင်္ဂလာပါ.. အားလုံးထိုင်ပါ ဆရာမကမင်းတို့ရဲ့ အတန်းပိုင်”
“နာမည်မှတ်ထား ဒေါ်ခင်ဦး”
“မင်းတို့ကို အင်္ဂလိပ်စာသင်မယ်..”
“ဒီနေ့တော့စာမသင်သေးဘူး အချိန်လည်းရမှာမဟုတ်ဘူး အတန်းကိစ္စတွေ လိုတာကို အရင်ပြောထားမယ်”
“xxx xxx xxx ”
ဆရာမက .. မျက်နှာတင်းသည်.. စကားပြောပြတ်သည် အပိုမပြော..လိုတာကိုတာပြောသည်..။
“အချိန်စာရင်းကို သေချာကူးထား......”
“ပြီးတော့ပြောထားအုံးမယ်.မင်းတို့ သမိုင်းဆရာမ ဒေါ်မြတ်ဇင်နဲ့ ဓာတုဗေဒဆရာမ ဒေါ်ဝါ၀ါခိုင်တို့က နက်ဖြန်မှ မွမ်းမံသင်တန်းပြီးမှာဆိုတော့ သန်ဘက်ခါမှ စပြီးအတန်းဝင်လိမ့်မယ် ကြားလား”
“အလိုက်သတိနဲ့ စာကြည့်ထား”
“ဟုတ်ကဲ့ပါ ဆရာမ” ဆရာမစကားဆုံးတော့ တတန်းလုံးပြိုင်တူထွက်လိုက်သည်..။


ဆရာမပြောပြီးထွက်သွားတော့ အတန်းသည်မယုံနိုင်စွာ ကြွက်ကြွက်ညံသွားသည်...။
“ဟဲ့ နင်တို့တွေကျောင်းပိတ်ရက်တစ်ခုလုံး င့ါကိုမေ့ထားကြတယ်ပေါ့လေ..”
“ဟိတ်ကောင် မင်းရည်းစားရနေပြီဆို..xxx”
“အချဉ်ထုတ်ငါ့ကိုပေးအုံးလေ နင်တို့ချည်းစားမနေနဲ့.. ပေးပေး”
“ဟယ်...နင်က ဆံပင်ဖြောင့်လိုက်တော့ ငါ့လောက်နီးနီးလှလာတာပဲ.. ဟီးဟီး.”
“ငါလား ဘာမှမလုပ်ဖြစ်ပါဘူးကွာ.. ခြံသွားပြီးကူလုပ်ပေးနေတာနဲ့ ကျောင်းပိတ်ရက်တွေကုန်ရော”
နှုတ်ဆက်သံ အချင်းချင်းပြန်ပြောသံတွေနဲ့ အတန်းသည် ပွက်လောရိုက်နေသည်...အချဉ်ထုတ်တွေကလည်း တောင်နှင့်မြောက် ပျံနေသည်..။

အေးအေးနေတတ်သောစိုင်းတစ်ယောက် နားဆူလို့ အတန်းအပြင်ဘက်သို့မျက်နှာလွှဲလိုက်သည်..။ အပြင်ဘက်မှနေရောင်ခြည်သည် အတန်းတွင်းသို့ ပြတင်းပေါက်မှတစ်ဆင့်ဖြာကျနေသည်..။ နေရောက်ကျနေသည့် ခုံတန်းတစ်နေရာတွင် စိုင်းတစ်ခါမှ မမြင်ဖူးသောကျောင်းသူတစ်ယောက်.. မေးထောက်လို့ ပြတင်းပေါက်အပြင်ကိုငေးနေသည်..။ နေရောင်အောင်တွင် ဆင်စွယ်ရောင်အသားက ဖြူဝင်းနေသည်...... ခပ်မြင့်မြင့်စည်းထားသောဆံပင်နက်နက်တို့ က ကျောပေါ်သို့ ပျော့ပျော့ပျောင်းပျောင်းကျနေသည်..။ ကြည်လင်ဖြူစင်သောမျက်နှာလေးကို စိုင်းခဏတာမျှ ငေးမောမိသွားသည်................။

ဆက်ရန်

4 comments:

:P said...

ကျောင်းသားအရွယ် လူမမယ်လေးပဲ....
စာပဲကြိုးစားပါ.. ငေးမောမနေနဲ့.... ဟိ

khin oo may said...

တောင်တောင် အီအီတွေ တွေးမနေနဲ့။

သီဟသစ် said...

ကြည်လင်ဖြူစင်သောမျက်နှာလေးကို စိုင်းခဏတာမျှ ငေးမောမိသွားသည်................။

အလဲ့
phyo ကို အဘွားနဲ့အဒေါ်ကတော့ ဆုံးမသွားသည်။ ငါကတော့ အကိုပီပီမြှောက်ပေးမှ..

ဆက်ရေး..

WWKM said...

သြော..ဖြစ်ပုံ.. နာက ဓါတုဗေဒဆရာမ ဖြစ်ရသကိုးးးးး
း)