Wednesday, March 4, 2009

Hor Fun ဆန်ခေါက်ဆွဲ

ဒီကနေ့တော့ Holland Village နားက Hawker Centre မှာညနေစာစားဖြစ်ပါတယ်..။ အိမ်နဲ့လည်းသိပ်မဝေးတာကြောင့်အမြဲသွားစားဖြစ်ပါတယ်..။ ဒီမှာ အပြင်ထွက်စားရတာလည်း တော်တော် ဦးနှောက်ခြောက်ပါတယ်..။ Food court ရောက်ရင် ဆိုင်တကာလိုက်ကြည့် ဟိုဟာလည်းစားချင် ဒီဟာလည်းစားချင်နဲ့ ဘာစားရမှန်းမသိဖြစ်တာပါ...။ အနောက်တိုင်းအစားအစာတွေတော့ သိပ်မကြိုက်တော့ မစားဖြစ်ပါဘူး..။ Asian စာလည်းဖြစ်.. အရသာလည်းရှိ တဲ့ Hor Fun က အရည်(ကော်ရည်နည်းနည်းပါတယ်ထင်တယ်) နဲ့ဆိုတော့ စိုစိုလေးပေါ့.. နင်မနေတော့ဘူး.. စားလိုက်တာ ရှလွတ် ရှလွတ်ဘဲ..။

Hor Fun ကလည်းအမျိုးမျိုးရှိပါတယ်..။ အမဲသားနဲ့ လည်းရှိတယ်.. ကြက်ဆီထမင်းမှာပါတဲ့ကြက်သားနဲ့စားရတာလည်းရှိတယ်..၊ Seafood နဲ့လည်းရှိပါတယ်..။ ကျွန်တော်စားဖြစ်တာက အသားနဲ့ Seafood နဲ့ရောထားတာပါ..။ ၀က်သားပါတယ်.. fishcake ပါတယ်.. ပြီးတော့ ပုဇွန်ပါတယ်. ကိုက်လန်ရွက်ပါတယ်..။ ဆိုင်မှာစားတာကြာပြီဆိုတော့ ဆိုင်ရှင်အဒေါ်ကြီးကလည်း သူ့ဆိုင်ရှေ့ရောက်တာနဲ့ Hor Fun ဘဲလားလို့မေးပါတယ်..။ အဲဒီဆိုင်ကလည်းတော်တော်ရီရပါတယ်.. ပြောရမယ်ဆိုရင် တစ်ခါမှာတာနဲ့ နောက်တစ်ခါမှာတာနဲ့ ပါတဲ့ Seafood ကမတူပါဘူး..။ တခါတလေ ငါးအသားလွှာလေးတွေပါတယ်.. ကင်းမွန်လည်းပါချင်ပါတယ်.. fishcake ပါချင်ပါတယ်.. ပုဇွန်လည်းပါချင်ပါပါတယ်..။ ပင်တိုင်စံကတော့ အသားလွှာပါဘဲ..။ ကျွန်တော်ဒီတစ်ခါစားတော့ ပါလာတာက မြင်တဲ့အတိုင်းပါဘဲ..။ ဟိုက်ခုမှသိတယ်.. .. အရွက်မပါလာဘူး............ ဟင်းဒီဆိုင်ရှင်အဒေါ်ကြီးတော့နော်..........။


ဒါကအဆစ် strawberry+banana ........

8 comments:

khin oo may said...

စတော်ဘယ်ရီတော့ သောက်ချင်သား။ banana တော့ မထည့်ချင်ဘူး။ ပေါလွန်းလို့။ ဘာလို့ပိုက်စံပေးသောက်မှာလာ။

ခေါက်ဆွဲကို အကြွပ်ကြော်ထားသလိုမျိုး ပြီးတော့အရည်ကလေးဆမ်းထားတာ အဲဒါလဲကောင်းတယ။် စား။ ကြည့် ပြီးရင်တော့ကိုယ့်ဘာသာ ကိုယ်ဘဲ ရှင်းလိုကတော့ပေါ့။

Moe Cho Thinn said...

ဒီတခါလဲ သူချက်တာ မဟုတ်ပြန်ဘူးပဲ။ :)

ခေါက်ဆွဲရော ဖျော်ရည်ရော သောက်သွား၊ စားသွားပြီ။ မမ kom က ငှက်ပျောသီးထည့်ထားလို့ မသောက်ချင်ဘူးဆိုလဲ နေပါစေ။ တို့ သောက်ပေးပါ့မယ်။ :))

ThuHninSee said...

အလို..၀ယ်စားရတာများ ဦးနှောက်ခြောက်သလား တစ်နေ့တစ်နေ့ဘာချက်ရမလဲ စဉ်းစားရတဲ့ ကျုပ်တို့ဆို..ဘယ်လိုလုပ်မလဲ..:D

khin oo may said...

တစ်နေ့တစ်နေ့ဝယ်စားရတာ လွယ်တယ်များထင်သလား။

မသက်ဇင် said...

ကြည့်နေရင်းဗိုက်ဆာလာတယ်--
ပျော်ရွှင်ပါစေ--

Phyo Evergreen said...

အန်တီကေအိုအမ် >> ကြိုက်တာစားပါ..။ စားပြီးရင်တော့ ပိုက်ပိုက်ရှင်းသွားပေါ့..။ မလွယ်ပါဘူး..။
အန်တီချို >> အများကြီးမစားနဲ့ဦး... ။
အန်တီမွန် >> တူတူပါဘဲကိုယ်ချင်းစာပါတယ်.. အမေလဲအဲသလိုဘဲပြောတယ်..။
မသက်ဇင် >> ရှိတာလေးနဲ့ဘဲစားလိုက်ပါ.... :D။

MrDBA said...

ကျွန်တော်လဲ Hor Fun သိပ်ကြိုက်ပေါ့။ အရင်အလုပ်မှာတုန်းကဆို ရုံးနားမှာ ခေါက်ဆွဲဆိုင်တွေပေါတော့ အမြဲနီးပါးစားဖြစ်တယ်။

မသက်ဇင် said...

မဝသေးလို့ ထပ်လာစားတယ်--