Thursday, October 23, 2008

ဆုတောင်း




ကိုယ်တစ်ခွန်းမှ ပြောခွင့်မရှိလည်း
ကိစ္စမရှိပါဘူး
မြင်နေရရုံနဲ့ဘဲ ကိုယ်ကျေနပ်တယ်..
မင်းကိုပိုင်ဆိုင်ခွင့် မရှိရင်တောင်မှ
မင်းရဲ့ပုံရိပ်တွေကိုတော့
တစ်သက်စာ နှလုံးသားမှာ
ကိုယ် အပိုင်သိမ်းထားဦးမှာပါ.....


အထီးကျန်ဆန်တဲ့ ညတွေမှာတော့
မင်းအကြောင်းအတွေးတွေသာ
ကိုယ့်ကို အိပ်မပျော်နိုင်အောင်
စိုးမိုးထားဆဲပေါ့......

မင်းနေကောင်းရဲ့လား...
ဘယ်ရောက်နေလဲ...
စတဲ့အတွေးတွေနဲ့ သာ
မင်းရဲ့နေ့ရက်တွေအတွက်
ကိုယ်လေတကယ်..တွေးပူမိတယ်....


ကိုယ်ကိုယ်တိုင် မင်းအနားမရှိနိုင်တောင်မှ
သွားလေရာ မင်းနောက်ကို
တကောက်ကောက်လိုက်တတ်တဲ့
မင်းရဲ့....
အထီးကျန် အရိပ်လေးတော့
ကိုယ်လေ ..ဖြစ်ပါရစေ......


အို...ဖန်ဆင်းရှင်ရေ..
ကျွန်ုပ် ဆုတောင်းအားလုံးမပြည့်နိုင်ခဲ့တာတောင်
ဆုတောင်းလေးတစ်ခုတော့ ပြည့်ပါရစေ..
"ကျွန်တော် ကျခဲ့တဲ့မျက်ရည်တွေ
ဒီတစ်သက် သူလေ မသိပါစေနဲ့...................."



Wednesday, October 22, 2008

မင်း




ကိုယ်လေ.....
မင်းကို....သိပ်လွမ်းတယ်..
တစ်နေ့နေ့ ပြန်ဆုံမယ်လို့ ရည်ရွယ်ခဲ့ဖူးပေမဲ့...
ခုထက်ထိတော့ မင်းနဲ့ငါ ..
ရေမြေတွေခြားနေဆဲ....။

မင်းနဲ့အတူ
ရှိနေခဲ့ဖူးတဲ့ အချိန်တွေ နေ့ရက်တွေ
နေ့စဉ်ရက်ဆက် ကိုယ်အမှတ်တရရှိနေဆဲ...
အမှတ်တမဲ့ နဲ့ဖြစ်ခဲ့တဲ့အမှတ်တရတွေကိုလည်း...
ကိုယ့်ရင်မှာ စုပြုံသိမ်းဆည်းထားဆဲပါ........။

ငြိမ်သက်အေးချမ်းနေတဲ့....
အလင်းဖျော့ ကြယ်တာရာကောင်းကင်အောက်....
ကြယ်စင်တွေ ရေတွက်လို့...
အထီးကျန်လမ်းလေး တစ်လျှောက်..
ကိုယ်တို့တူတူ လျှောက်ခဲ့ဖူးပေမဲ့...
ဘ၀တစ်ခုလုံး အတွက်...ရှေ့ဆက်လျှောက်ဖို့...
အနားမှာရှိမှာလားလို့ ...ကိုယ်ကမေးရင်..
မင်း အတူရှိနေပေးမှာလား....။

ချယ်ရီပင်တွေအောက်..
ပန်းနုရောင် အမှတ်တရတွေ....
ဝေနေအောင်ဖူး ပွင့်ခဲ့ဖူးပေမဲ့.......
မင်းရဲ့အချစ်တွေရော....
ခုထက်ထိ ... ရှင်သန်ဖူးပွင့်နေတုန်းပဲလား......။

ကိုယ်တို့ တစ်နေ့ပြန်ဆုံမယ်လို့ ယုံကြည်ပေမဲ့..
နေ့စဉ်ရက်ဆက် ဘ၀အမောတွေကြား...
လောကဓံတွေ သိပ်များလို့...
အနေဝေးကာ သွေးအေးမှာတော့ ကိုယ်စိုးပါတယ်...။

ဒီလိုအချိန် နှင်းတွေတဖွဲဖွဲ ကျရင်..
မင်းပျော်ရွှင်နေတတ်မှန်း ကိုယ်သိပေမဲ့....
ကိုယ့်ရင်မှာ အလွမ်းတွေ တဖွဲဖွဲကျလို့....
အခါခါမက်ခဲ့ရတဲ့ ဆောင်းအိပ်မက်ကိုတော့ ...
ကိုယ် နောက်တစ်ကြိမ် ထပ်မမက် ပါရစေနဲ့.....။

ကြယ်တွေကြွေတဲ့ ညတိုင်းလည်း...
"ခင်တွယ်ခဲ့တဲ့ တို့နှစ်ယောက်..
တစ်ဘ၀မှာ တစ်ခဏတာ..
တွေ့ဆုံရခြင်းမျိုး မဖြစ်ပါရစေနဲ့ " လို့တော့..
နှလုံသားထဲကနေ...........
ကိုယ်လေ.......................
အကြိမ်ကြိမ်ဆုတောင်းမိတယ်....။

Monday, October 20, 2008

ခံစားမှုနဲ့သီချင်း

ခုတစ်လော classic သီချင်းလေးတစ်ပုဒ်ကိုပြန်နားထောင်ဖြစ်နေပါတယ်...။ ရိုးရိုးအေးအေးသီချင်းလေးပါ။ တစ်ခါတစ်လေ ဒီလိုသီချင်းမျိုးနားထောင် ရတာကလည်း အရသာတစ်မျိုးပေါ့ဗျာ..။


စာသားလေးကတော့အောက်မှာပါ..............

Yesterday once more


When I was young
I'd listen to the radio
Waitin' for my favorite songs
When they played I'd sing along
It made me smile.

Those were such happy times
And not so long ago
How I wondered where they'd gone
But they're back again
Just like a long lost friend
All the songs I loved so well.

Every Sha-la-la-la
Every Wo-o-wo-o
Still shines
Every shing-a-ling-a-ling
That they're startin' to sing's
So fine.

When they get to the part
Where he's breakin' her heart
It can really make me cry
Just like before
It's yesterday once more.

Lookin' back on how it was
In years gone by
And the good times that I had
Makes today seem rather sad
So much has changed.

It was songs of love that
I would sing to then
And I'd memorize each word
Those old melodies
Still sound so good to me
As they melt the years away.

Every Sha-la-la-la
Every Wo-o-wo-o
Still shines
Every shing-a-ling-a-ling
That they're startin' to sing's
So fine.

All my best memories
Come back clearly to me
Some can even make me cry.

Just like before
It's yesterday once more.

Saturday, October 18, 2008

အချစ်ဆိုတာ(Tag Post)


ဘလော့ကိုပစ်ထားတာလည်းကြာပြီ...တကယ်လည်းကျောင်းနဲ့ အလုပ်နဲ့ အလုပ်တွေများနေလို့ပါ...။ လာလည်ကြတဲ့သူတွေလည်း.ပို့စ်အသစ်မရှိတာကြောင့်...အားတုံ့အားနာဖြစ်ရပါတယ်ဗျာ..။ ဒါကြောင့်နောက်ပိုင်း
မှာ ကျွန်တော်ဘလော့အလည်ကျဲ ၊ ပို့စ်လည်းအဆင်ပြေသလိုတင်သွားမှာဖြစ်ကြောင်းကို မေတ္တာရပ်ခံပါတယ်ဗျာ..။
ခုချိန်မှာတော့ အချစ်ဆိုတဲ့အကြောင်းလေးကို ကျွန်တော့်ရဲ့ထင်မြင်ချက်များနဲ့ ပို့စ်တစ်ခုအဖြစ်ရေးသားလိုက်ရပါ
တယ်...။

ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာဘာလဲလို့တော့မသိခဲ့ဘူးပေါ့..။ လူကြီးတွေက "အနိုင်း(အဘွား)ကိုချစ်လား၊
နန(အဒေါ်)ကိုချစ်လား...ဖေဖေ၊မေမေကိုချစ်လား ..ဘယ်လောက်ထိချစ်လဲ"..လို့မေးလာခဲ့ရင်တော့.."ကလေး
ပီပီစဉ်းစားစရာတောင်မလို..အမူအရာလေးနဲ့ "ဟောသည်လောက်ကြီးချစ်တယ်..." လို့မဆိုင်းမတွ ပြန်ဖြေခဲ့ဖူး သည်။ ကလေးပဲကိုး... အချစ်ရဲ့အဓိပ္ပာယ်ကိုလည်းမသိ.. စဉ်းတောင်မစဉ်းစားခဲ့ဖူးပါ...။ အချစ်ဆိုတာကို မေတ္တာနဲ့ယှဉ်တွဲလို့ ၅၂၈ ၊ ၁၅၀၀ အချစ်လို့လူတွေကပြောကြ ပါသည်..။ အချစ်ဟူသည် အမျိုးမျိုးသော အသွင်ဏ္ဌာန်နှင့် မိဘနှင့်သားသမီးအကြား၊ မိတ်ဆွေတစ်ဦးနှင့်တစ်ဦးအကြား..၊ ဆရာနှင့်တပည့်အကြား၊ အလုပ်ရှင်နှင့်အလုပ် သမားအကြား...၊ လူနှင့်တိရ စ္ဆာန်များအကြား ၅၂၈ တစ်သွယ်၊ ၁၅၀၀ တစ်မျိုးဖြင့်တည်ရှိ ဖြစ်ပေါ်နေပါတယ်...ကျွန်တော်တွေးမိသလောက်ပေါ့...။

၅၂၈ မေတ္တာကြိုးတွေကြားမှာတော့ အချစ်က ပေးဆပ်ခြင်းနဲ့ရယူခြင်းတွေမျှတနေတယ်လို့ထင်ပါတယ်...။ အချစ်ကိုပေးလိုက်တဲ့သူရော ရယူသွားတဲ့လူပါ အကျိုးတွေခံစားရရှိနိုင်ပါတယ်...။ အချစ်ကိုပေးလိုက်တဲ့လူက လည်းပေးဆပ်ခြင်းရဲ့ပီတိကို ခံစားရသလို ....ရယူလိုက်တဲ့သူကပါ ကျေနပ်နှစ်သိမ့်မှုကိုခံစားရပါတယ်...။ ကိုယ်က တစ်ဦးတစ်ယောက်အပေါ် ချစ်ခင်မှုလေးများပြလိုက်ရင်ဖြင့် ထိုသူမှာလည်းကျေနပ်နှစ်သိမ့်ကာ ချစ်ခင်မှုများနဲ့ပြန်လည်တုန့်ပြန်မှာမလွဲမသွေပါဘဲ...။ သက်ရောက်မှုမှာ တန်ပြန်သက်ရောက်မှုရှိသလို အချစ်မှာလည်း အပေးရှိသလို ၊ ပြန်လည်လက်ခံရတာလည်းရှိပါတယ်လို့ ထင်ပါတယ်..။ ကျွန်တော်ဆိုရင် အမေ နဲ့အဖေက ဂရုတစိုက်နဲ့ချစ်ခင်မှုလေးတွေပြလိုက်တာနဲ့ အတိုင်းမသိပျော်ရွှင်ကျေနပ်တာပဲ...။ တစ်ခါတစ်လေ အမေ့ကို စိတ်ကောက်ပါတယ်....ဘယ်လိုချော့ချော့မရပေမဲ့..နောက်ဆုံးအမေက မွှေးမွှေးတစ်ချက်ပေးလိုက်ရင်တော့ တဟီးဟီးဖြစ်ပြီး စိတ်ကောက်တာကိုပျောက်ရော...(ခုထိမွှေးမွှေးပေးတုန်း... :P)။ ချစ်ခင်မှုမေတ္တာတွေ ရဲ့စွမ်းအား တွေလို့ ဆိုရမလားဘဲ.........။

၁၅၀၀ မေတ္တာနယ်ပယ်မှာတော့ အချစ်ဆိုတာ ကျွန်တော်အတွက်တော့ပေးဆပ်ခြင်းလို့ပဲ ခံယူထားပါတယ်...။ အရင်က အချစ်ဆိုတာမကြုံတွေ့ခဲ့ဖူးသလို တစ်ကယ်ကြုံတွေခဲ့တော့လည်းတစ်သက်တာမမေ့နိုင်ခဲ့ပေါ့...။ အချစ်ကိုကြုံတွေခဲ့ရတာတော့ (၈)တန်းလောက်မှာပါ..... အရွယ်မရောက်သေးဘူး ငယ်သေးတယ်လို့ပဲ တစ်ချို့ ကပြောကြမလား..........။ တစ်ကယ်တော့အမြဲဆိုသလို သူတစ်ယောက်ကိုတွေ့နေခဲ့တာဘဲ....တစ်ကယ်လည်း ချစ်နေပြီဆိုတာသိတော့ ရင်ထဲမှာသူက နက်နက်ရှိုင်းရှိုင်းနေရာယူခဲ့ပြီ...။တစ်လျှောက်လုံး ချစ်နေခဲ့တာတွေကို ဖွင့်မပြောဖြစ်ခဲ့ပါဘူး....အမြဲအကူအညီလိုရင် လိုလိုလားလားကူညီပေးခဲ့တာဘဲ...။ "မပိုင်ဆိုင်ရရင်နေပါစေ မြင် နေရုံလေးဘဲကျေနပ်တယ်..." ဆိုတဲ့ စကားလိုဘဲ မတွေ့ရရင်တော့ တစ်ခုခုလိုနေသလို၊ မနေနိုင်မထိုင်နိုင်သလို ဖြစ်ခဲ့တာချည်းဘဲ.... ဒါပေမဲ့လည်း ရယူခြင်းမဟုတ် ပေးဆပ်နေတာကိုက ကိုယ်ရဲ့အချစ်ကိုဖော်ပြနေခြင်းဘဲ...။ ဦးထီး သီချင်းထဲကလိုဘဲ..... ငယ်ချစ်ဦးမို့ ခုထိတိုင်မမေ့နိုင်သေးပါဘူး..............။ ဒါကြောင့်မို့ အချစ်ဆိုတာ ကျွန်တော်အတွက်တော့ပေးဆပ်ခြင်းပါလို့ ပြောရင်း.. Tag Game လေးရဲ့အချစ်ဆိုတဲ့မေးခွန်းလေးကို ဖြေကြား လိုက်ပါရစေဗျာ............။



Saturday, October 11, 2008

ညနေခင်း....


လေပြည်တို့ ညှင်းသွဲ့သွဲ့တိုက်ခတ်နေသည်......။ ကျယ်ပြောလှသော ပန်းခင်းအနှံ့ ရောင်စုံပန်းမာလာတွေက ညနေခင်းလေပြည်နှင့်အတူ ယိမ်းနွဲ့ဆော့ကစားနေသည်...။ တစ်ချက်တစ်ချက် လေအတိုက်တွင် မွှေးပျံ့သောပန်းရနံ့လေးတွေက စိတ်ကိုကြည်လင်ပေါ့ပါးစေတာတော့အမှန်ပင်...။ မြို့အ၀င်ပန်းခြံအတွင်း ဓာတ်မီးတိုင်အောက် ခုံတန်းတစ်နေရာတွင် ကျွန်တော်ထိုင်နေမိသည်..။ အနောက်ဘက်ကို မျှော်ငေးကြည့်လိုက်တော့ တစ်နေ့လုံးအလင်းပေးခဲ့သောသူရိန်နေမင်းသည် တောင်တန်းတွေပေါ်တွင် အားအင်ကုန်ခမ်းနေသည့်ပမာ မေးတင်လျက်ရှိနေပေပြီ.....။ ရှမ်းရိုးမတောင်ခြေကို လှမ်းကြည့်လိုက်တော့လည်း မြူတွေအုံ့ဆိုင်းနေသည် အဝေးတစ်နေရာတွင်တော့ ချောင်းကလေးကရစ်ခွေစီးဆင်းလျက်....။ အိုလွမ်းမောစရာကောင်းတဲ့ သဘာဝပန်းချီတစ်ချပ်ပါတကား...။ ထိုင်ခုံမှထကာ ရှေ့သို့လမ်းအနည်းငယ် ဆက်လျှောက်ဖြစ်သည်....။ ညနေခင်းသဘာဝ အလှကိုပိုမိုပြီပြင်အောင် ခံစားရန်သာဖြစ်သည်...။ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ဦးတည်ရာမဲ့လျှောက်နေမိသည်...အနားမှာ ပုစဉ်းလေးတွေလည်း လေအဟုန်ကိုအံတုလို့ ဟိုဟိုဒီဒီပျံသန်းနေကြသည်..ကြည့်နေရင်းပင် လွတ်လပ်မှုတစ်စုံတစ်ရာကိုခံစားလိုက်ရသည်...။ ကောင်းကင်သို့မော့အကြည့်တွင် တိမ်စိုင်တိမ်လိပ်တို့က ပြာခဲ့တစ်ခါ၊ ညို့ခဲ့တစ်လီ ၊ မှိုင်းခဲ့တစ်ဖုံဖြင့် မှုန်ပြာရီဆိုင်းလျက် အစွမ်းကုန်တိမ်ရောင်ခြယ်သလှပလို့နေပါသည်....။ညနေခင်းနေရောင်နှင့်အတွေ့အထိတွင်တော့ ရွှေရောင်အနားသတ်များဖြင့် တောက်ပလျက်...။ ချယ်ရီနှင့် စိန်ပန်းပြာတို့ ကလည်း သူ့ထက်ငါအပြိုင် မြို့ကလေးရဲ့ညနေခင်းကို အလှဆင်နေသည်...။ လမ်းနည်းနည်းဆက်လျှောက်ဖြစ်တော့ တောင်ကမ်းပါးယံသို့ရောက်လုပြီ....အောက်ဘက်လှမ်းမျှော်ငေးတော့ မြူခိုးတွေအကြား တောင်ကုန်းလေးတွေက ဟိုတစ်ခုဒီတစ်ခု၊ အိမ်ခြေတွေကလည်း ဟိုတစ်စုဒီတစ်စု...လျှပ်စစ်မီးအလင်းရောင်တွေကလည်း ဟိုတစ်ကွက်ဒီတစ်ကွက်...ညနေခင်းတွင်အေးချမ်းလှပလို့
နေသည်....။ တဖြည်းဖြည်းနဲ့ဘဲအလင်းရောင်ပျောက်တော့မည်...အိပ်တန်းတက်ငှက်ကလေးတွေရဲ့ စီစီညံညံအသံကိုတောင်မကြားရတော့ ...လေအတိုက်မှာ ထင်ရှူးပင်နှင့်ဝါးရုံတောတို့မှ သစ်ကိုင်းချင်းထိခိုက်သံတို့သာ ကြီးစိုးလို့နေသည်...။ အရှေ့ဘက်တွင် ငွေသော်တာလမင်းသည် ထွက်စပြုဖို့ တိတ်တိတ်ချောင်းလျက်......။ အေးမြသောလေပြည်အတိုက်တွင် သစ်ပင်မှကြွေလွင့်သွားသော
ရော်ရွက်ဝါများနှင့်အတူ ကျွန်တော့်စိတ်တွေလည်း တစ်ယောက်သောသူဆီ......................။ သာယာလှပတဲ့ ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းတဲ့ အထီးကျန်ညနေခင်းလေးတစ်ခုပေပဲ.....။
ပတ်ဝန်းကျင်တွင်အအေးဓာတ်တို့ကကြီးစိုးစပြုလာသည်...နောက်ဆုံး တော့လဲ အနွေးထည်ဂျာကင်ကိုတင်းတင်းစေ့၊ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်လို့ အိမ်အပြန်လမ်း တစ်လျှောက် နီယွန်မီးတိုင်တွေအောက် ကျွန်တော်တစ်ယောက်သာ..........................။

Friday, October 10, 2008

God loves ugly

ခုတစ်လော ခဏခဏနားထောင်ဖြစ်နေတဲ့သီချင်းလေးပါ...။ သီချင်းစာသားပါဖတ်ပြီးတော့သီချင်းကို စွဲလမ်းသွား
ပါတယ်..။ Idol winner ဖြစ်တဲ့ Jordin Sparks ရဲ့ God loves ugly တဲ့ဗျာ...စာသားလေးလည်းဖော်ပြပေးထား
ပါတယ်....။


God Loves Ugly - Jordin Sparks


Jordin Sparks - God Loves Ugly

You said that I wasn't pretty
so I just believed you
And you said that I wasn't special
so I lived that way
with critical gazes and brutal amazement
at how my reflection could be so imperfect
With all of my blemishes
how could somebody want me

But God loves ugly
He doesn't see the way I see
Oh, God takes ugly
and turns it into something that is beautiful
apparently I'm beautiful
cause you love me, ohh

I tried to clean up the outside
all shiny and new
Worked overtime to thin up and look right
but inside I knew
that deep in the bottom were secrets I thought I could try to ignore
Old ghosts in my corridors never get tired of haunting the past that's in me

But God loves ugly
He doesn't see the way I see
Oh, God takes ugly
and turns it into something that is beautiful
apparently I'm beautiful
cause you love me

Help me believe
why you love me
when I know you see
you see everything
Help me believe
why you love me
when I know you see
inside and you still say I'm beautiful
you're telling me I'm beautiful
you're screaming: oh, so beautiful
and I'm finding out I'm beautiful
you're making me so beautiful
and I can see I'm beautiful
cause you love me

ဒဏ္ဍာရီ

လမ်းခွဲကြမယ်လို့ မင်းဆိုလာရင်
ကိုယ်မတားတော့ပါဘူး...
အားလုံးဟာ ကိုယ့်အမှားတွေကြောင့်သာ
ဒီဇာတ်လမ်းက စဖြစ်ခဲ့တာပါ...။

အနားမှာ မလိုအပ်တော့ဘူးလို့ မင်းဆိုလာရင်
ကိုယ်မနေတော့ပါဘူး...
အားလုံးကို ကိုယ်အတတ်နိုင်ဆုံးတော့
ဖြည့်ဆည်ပေးပြီးပြီလေ...။

နှင်စရာမလိုပါဘူး အချစ်ရယ်
ဝေးကွာဖို့ဆိုတာ
ဟိုးအရင်ကတည်းက
ကြိုမြင်ပြီးသားမို့ပါ...။

ပြင်စရာမလိုပါဘူး အချစ်ရယ်..
မဝေးခင်ကတည်းက
ကိုယ့်အထုပ်ကိုယ် ထမ်းပိုးရင်း
အိမ်အပြန်လက်မှတ် ၀ယ်ပြီးသားမို့ပါ..။

အနားကိုရောက်အောင် ဆွဲဆောင်ခဲ့တာလည်း မင်းပဲ...
အဝေးကိုသွားဖို့ ပြင်ဆင်ခိုင်းတာလည်း မင်းပဲ...
အားလုံးဟာတော့
သူ့အရိပ်သူ လိုက်ရှာနေကြတာပဲ...
ခွင့်လွှတ်ရင်းနဲ့ပဲ....နှုတ်ဆက်လိုက်ပါတယ်...။

စာကြွင်း။ ။နှစ်သက်သဘောကျလို့ သူငယ်ချင်းတစ်ယောက်ထံမှကူးယူထားသော ဤကဗျာကိုမျှဝေခံစားပါသည်။

ငါ့ရဲ့ည

စာအုပ်ကိုရှေ့ချ ဘောပင်ကိုကိုင်ပြီး
ခပ်ငိုင်ငိုင်စဉ်စားတယ်..
ဘာတွေရေးရမလဲပေါ့...
လက်ကနဲခေါင်းထဲပေါ်တော့..
ဖျတ်ကနဲရေးချလိုက်တဲ့စာသားတွေ
ပြန်ဖတ်ကြည့်တော့ မင်းအကြောင်းတွေ
အဲဒါ
လမထွက်တဲ့ ညနက်တွေရဲ့
ငါ့အတွက် အိပ်ရာဝင်ပုံပြင်ပဲပေါ့......။

ညစဉ်ကနေရတဲ့ ဇာတ်မို့
စာသားတွေထပ် အက်ကြောင်းတွေထပ်
အမှားတွေထပ်လိုက် မှတ်လိုက်ဖျက်လိုက်
လုပ်နေရတာ ဘာဆန်းလဲ..။

ဒီညလည်း သူငယ်ချင်း..
မင်းအကြောင်းကို...
စာသားတွေဘယ်လိုပြောင်းရမှန်းမသိ
ဘယ်လိုရှေ့ဆက်ရမှန်းမသိ...
မင်းတစ်ခါလောက်ဘဲ မြင်ယောင်ကြည့်စမ်းပါ.....။

ခြင်တ၀ဲဝဲ ချွေးတရွှဲရွှဲနဲ့
စာကြည့်စားပွဲရှေ့မှာ
ဘောပင်ကို ကိုက်လိုက် စဉ်းစားလိုက်နဲ့
ညဥ့်နက်နက်မှာ ...
တစ္ဆေတစ်ကောင်လိုငါ...
မင်းမြင်ရင်ဘယ်လိုနေမလဲ.....။

နောက်ဆုံးတစ်လုံးကို အရိုးဆုံးလေးရေးဖြစ်တယ်...
.."သူငယ်ချင်းရယ် လွမ်းတယ်..."....
ပြီးတော့မှ ...
ရင်ခုန်သံကို တိကနဲရပ်..
အိပ်မက်တွေမက်ဖို့အတွက်....
အိမ်စက်ခြင်းထဲ ....ငါတိုးဝင်လိုက်တယ်....။

(အမှတ်တရ..from ZMT)

တောင်းပန်ခြင်း

ကျွန်တော့်ဘလော့အခြေအနေကတော့ မြင်တဲ့အတိုင်းပါဘဲဗျာ...။ ဘယ်ကဘယ်လို အကြောင်းကြောင့်လဲမသိ
ဘူး ဘလော့ကို ခုနကမှ Sign in လုပ်လိုက်တော့ဘာကိုဘာမှမရှိတော့ဘူး...။ ခဲလေသမျှသဲရေကျပါဘဲ...။ စိတ်တောင်တော်တော်လေးညစ်သွားတယ်...။ ဘယ်ကဘယ်လိုဖြစ်သွားလဲမသိပါဘူးဗျာ...။ဘလော့ကို Deletedဖြစ်သလို အသစ်အတိုင်းဘဲဖြစ်သွားတယ်..။ သိနားလည်သူများကလည်းပြောပြ အကြံပေးကြပါဦး...။ cbox လေးတောင်ပြန်ရှာယူလို့ရလို့တော်သေးတယ်...။ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဆက်Bloggingမှာဘဲ..။ အရင်အတိုင်းနီးပါးပြန်ဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပါဦးမည်...။စိတ်ကိုတော့ ညစ်ရောဘဲ...ဟူး....။