Saturday, March 14, 2009

မိုင် Aromatherapy Oil Burner


ပြီးခဲ့တဲ့လက သူငယ်ချင်းတွေနဲ့ စုကစားရင်း မဲပေါက်တာလေးပါ..။ ချောင်ထဲထိုးတာတာကြာပြီ... ခုပြန်ရှင်းရင်းနဲ့မှာတွေ့တာ .. Aromatherapy Oil Burner တဲ့ ဘယ်လိုခေါ်မှန်းမသိလို့ google မှာရှာကြည့်ရတယ်..။ ရနံ့ကုထုံးတစ်မျိုးလို့ဘဲဆိုပါတော့..။ မဲပေါက်တော့ ရတာက အဲဒီစင်ကလေး( not sin dan lar)ရယ် ဖယောင်းတိုင်တစ်ထုပ်ပြီးတော့ ရနံ့ဆီတစ်ဗူးပါပါတယ်..။ ကလိချင်တာနဲ့အတော်ဘဲ..။ စင်အပေါ်ကအခွက်ကလေးထဲ ရေထည့် ရနံ့ဆီလေးတစ်စက်နှစ်စက်လောက်ထည့်လို့ အောက်မှာ ဖယောင်းတိုင်ထွန်းပြီး ရေပူလာပါက မွှေးရနံ့စထွက်လာမှာဖြစ်ပါတယ်.။ အပြင်ကပြန်လာပြီးတော့ ရေချိုးပြီး အိပ်ခါနီး Oil Burner လေးထွန်းပြီး Aircon လေးဖွင့်အိပ်ပါက..တကယ်ကို ပြည့်စုံတဲ့အိပ်ရာဝင်ချိန်လေးဖြစ်မှာပါထင်တယ်.. (ကိုယ်တိုင်ကတော့ဖြစ်ပါတယ်...) ။ အားရင်စမ်းကြည့်ကြပါ...။
အောက်က ပုံက Essence Oil ပါ.. ။ (ပုံတွေအားလုံးကိုယ်ပိုင်ပုံတွေပါ.. :DD)

15 comments:

Anonymous said...

မွှေးပျံ့တဲ့ရနံ့တွေကနေ
လောဘဒေါသမောဟတွေ ကင်းတဲ့
အိပ်မက်ချိုတွေ သယ်ဆောင်လာပါစေ

Anonymous said...

ပုံတွေအားလုံးကိုယ်ပိုင်ပုံတွေပါဆိုတာကိုတော့ ယုံပါတယ်။ ပုံထဲကလက်ကတော့ ကိုယ်ပိုင်လက်မဟုတ်ဘူးလို့ထင်တာပဲ။ ဘယ်သူ့လက်လေးကို အဌားရိုက်တာလဲဟင်။ လက်ကလေးကလှလို့ပါ။

ကြည်

Phyo Evergreen said...

ကိုရွာသားရေ ကျေးဇူးပါဗျာ..။

ဟုတ်ပါတယ် ကြည်.. သရဲကိုကိုင်ခိုင်းထားတာပါ..။ (ကိုယ်ဘာသာရိုက်ပါတယ်ချိုနေမှ)

JulyDream said...

ပုံထဲမှာ မြင်ရသလောက် လက်သန်းက လက်သည်း ရှည်နေတယ်ခင်ဗျ။

ပြည့်စုံတဲ့အိပ်ရာဝင်ချိန်လေး ဖြစ်တယ်ဆိုတော့ အိပ်ပျော်သွားတဲ့အခါ
အိပ်မက်လှလှတွေ မက်တယ်လို့ ဆိုလိုချင်တာလားခင်ဗျာ။ =)

Anonymous said...

NOT SIN DAN LAR တဲ့.. ဖဲ့သဟ.. အဟိ.. သူ့အကြောင်းကြိုသိနေလို့ထင်ထင်.. :P

Anonymous said...

လက်တောင်လိုက်ကြည့်ပါလားဟ.. မလွယ်ဘူး.. အနော့်လက်လည်းနောက်ကြုံရင်ပြမယ်.. ဘာဘွားပေးချင်တွားအောင်... ခွိ

Phyo Evergreen said...

လုပ်ဟီးဟ ဘလော့ကဘီလိုလုပ် ဘလော့က အင်ဗိုက်တက်ဖစ်သွားတာရဲ..လုပ်ဦး။။

khin oo may said...

လက်စသတ်တော့phyo ဆိုတာ အခြောက်ကြီးကိုး။

khin oo may said...

အခြောက်ကြီးမဖြစ်ချင်ရင် အမှန်ကို အမြန် ဝန်ခံ့ပါ။

khin oo may said...

လက်ကလေးတောင်ဒီလောက်လှရင်...............

Phyo Evergreen said...

ရှုပ်ကုန်ကြပြီ.. အမှန်တကယ်လက်က ဖုန်းကို ထိဖို့က. လက်သည်းနဲ့ဆိုရင် ပိုအဆင်ပြေပါတယ်..။

khin oo may said...

လိုက်မမှီဘူး.ပိုရှုပ်သွားပြီ။

Anonymous said...

စိတ်ဝင်စားစရာပဲ တစ်ခါလောက်သုံးဖူးကြည့်ချင်တယ် ဒီမှာတော့ဟို အနံ့ကြိုင်ကြိုင်နဲ့ ဖယောင်းတိုင်လို အဲ့တာလေးတွေတော့တွေ့တယ် ဆင်လားမသိ ။ကောင်လေးအဲ့တာထွန်ပြီးအိပ်ပျော်တော့ ဘာတွေလိုက်တွေးတုန်းး)

:P said...

ဟေ့.. မောင်မျိုး ဆင်လားမသိ ဆိုတာ အဒူ့ကိုကြောတာရဲ...။

လက်ကိုတော့ ကိုယ်ပိုင်လက်မဟုတ်လားမေးမလို့ ပေါ်ကလူတွေပြောထားကြလို့ သိပါပြီ..။

လက်သည်းရှည်ထားတဲ့အကြောင်းပြချက်မပေးပါနဲ့ကွယ်..။
တို့များ လက်သည်းတုံးတိတိနဲ့ပဲ ဖုန်းနှိပ်လာခဲ့တာပါ...ခွိ

မီယာ said...

aroma therapy စိတ်ဝင်စားတယ်... ကြားဖူးနေတာကြာပြီ... စမ်းသပ်လိုက်ဦးမယ်