Tuesday, October 29, 2013

မြန်မာပြည် အပြန်တစ်ခေါက်


မြန်မာပြည်ကို ခဏတာပြန်ရောက်ခဲ့တယ်....။
ရန်ကုန်၊ ညောင်ရွှေ၊ တောင်ကြီး နဲ့ ပင်းတယ စတဲ့နေရာတွေဆီ ရောက်ခဲ့တယ်.... အားလုံးဟာ နွေးထွေးစွာကြိုဆိုလျက်။
အချိန်သိပ်မရပေမယ့် တွေ့ချင်သူ ချစ်သူခင်သူအားလုံးကို တွေ့ရတဲ့အတွက် တကယ်ဝမ်းသာပါတယ်...။

 ရွှေတိဂုံ


 ဟဲဟိုး အဆင်း

ရန်ကုန်မှာ တစ်ရက်နေပြီး နောက်တစ်ရက် တောင်ကြီးကိုဆက်သွားခဲ့တယ်... ဟဲဟိုးလေယာဉ်ကွင်းကတော့ အရင်အတိုင်း မပြောင်းလဲ..။ လေယာဉ်အဆင်း တောင်တန်း တောင်ကုန်းတွေနဲ့ မြေနီနီစိုက်ခင်းတွေကို ပြန်တွေ့လိုက်ရချိန် စိတ်ခံစားမှုတွေဟာ ပြောမပြတတ်အောင်ပဲ....။


 
 ညောင်ရွှေအဝင်

 တောင်ကြီးမတက်မီ ဟဲဟိုးကနေ ညောင်ရွှေသို့ အရင်သွားခဲ့တယ်... မတွေ့တာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အမျိုးအဆွေများကိုလည်း ဝမ်းပန်းတစ်သာပြန်တွေ့ရတယ်...။
ဖောင်တော်ဦးဘုရားပွဲအချိန်မို့ ညောင်ရွှေမြို့ဟာ အသက်ဝင်စည်ကားလို့နေတယ်...။ ကမ္ဘာလှည့်ခရီးသွားတွေလည်း အများအပြား...။ 

 ညောင်ရွှေမှအပြန်


တောင်ကြီးအတက်လမ်း

ညောင်ရွှေကအပြန်မှ တောင်ကြီးဆက်တက်ခဲ့တယ်.... နေဝင်ချိန်မို့ရှုခင်းတွေက လွမ်းစရာပါ...။ တောင်အတက်မှာ လေအေးအေးလေးတွေတိုက်နေခဲ့တယ်... တဖြည်းဖြည်းနဲ့ အေးစပြုလာပြီ။ အိမ်ကလူတွေလည်း မျှော်လှရောပေါ့...။
ကားလမ်းတွေအဆင်ပြေချောမွေ့ဖြောင့်ဖြူးပြီး ရာသီဥတုလည်း ကြည်လင်သာယာနေခဲ့တယ်...။