Monday, March 2, 2009

ပဟေဠိ အဖြေညှိ




ပဟေဠိ အဖြေညှိကြည့်ရအောင်ဗျာ..။ မြေပုံတော့ မြေပုံတစ်ခုပါဘဲ..။ ဘယ်ဒေသရဲ့ မြေပုံလဲဆိုတာ မှန်းကြည့်ကြပါ...။ သိတဲ့သူများပြောပါ.. မသိသူများ အောက်မှာအဖြေကြည့်နိုင်ပါတယ်..။ သတိရလို့ ဆွဲဖြစ်တဲ့ပုံလေးပါ..။ (အောက်မှာ စာတွေရှိပါသေးတယ်..။ select လုပ်ပြီးကြည့်ပါ) (လွယ်လွယ်ကြည့်လို့မရအောင်လို့ပါ..)။ အဖြေသိချင်ရင် Ctrl+A နှိပ်ပါ..။ ပုံကို ကလစ်လုပ်ပြီးအကြီးချဲ့ကြည့်နိုင်ပါတယ်..

၁။ ထင်းရှူးပင်တွေ ၀ိုင်းနေတဲ့ချစ်စရာ ကလောမြို့..
၂၊ အောင်ပန်းမြို့
၃။ ပင်းတယ
၎။ မြို့အမည်ခေါ်ရင် ပါးစပ်မပိတ်တဲ့မြို့ .. ဟဲဟိုး..
၅။ တောင်လေးလုံး
၆။ သာယာတဲ့ ခေါင်တိုင် ဖင်ပူစမ်း (ရေပူစမ်းပါ.. ငယ်ငယ်ကရေထဲဆင်းတော့ ဖင်ပူလောင်ဖူးလို့ပါ)
၇။ ကျီးဖြူကန်
၈။ ရွှေညောင်မြို့
၉။ ညောင်ရွှေမြို့
၁၀။ အင်းလေးကန်
၁၁၊။ စက်မှုဇုန်
၁၂။ အေးသာယာမြို့သစ်
၁၃။ တောင်ကြီးချယ်ရီမြေ...

လွမ်းလိုက်တာ သတိရလိုက်တာ.. ရွှတ်ရွှတ်..

10 comments:

Anonymous said...

တောင်ကြီးလားး)


မြေပုံမကြည့်ပဲ ရမ်းတုတ်သွားတာ တောင်ကြီးသားဆိုလို့ :P

လင်းထက် said...

အဖြေကို ဝှက်ထားတဲ့ စိတ်ကူးလေးကတော့ လန်းတယ်ဗျာ..

Anonymous said...

ဟိုက်.. ဖြိုးလေးဆွဲတာလား.. တော်သည် ဂွတ်သည်.. ရှယ်ဖြစ်သည်..။ မင်းရဲ့ဇာတိပဲနေမှာပေါ့..း)

တောင်ပေါ်သား said...

နာ ထင်တယ် နာထင်တယ် အဟား

မသက်ဇင် said...

ပန်းချီလေးကတော်တော်ကောင်းတယ်--
တော်လိုက်တာ---

khin oo may said...

အဖြေမပြောချင်သေးဘူးလား။ မပြောလဲနေပေါ့။ မသိချင်ပါဘူး။

Moe Cho Thinn said...

ပဟေဠိ ထက် အဖြေကို ဖွက်ထားပုံလေး သဘောကျသွားတယ်။ လုပ်တတ်လိုက်တာဟယ်..

Anonymous said...

အမ သဘောကို မပေါက်ဘူး :D ဟိုနှိပ်ဒီနှိပ်တွေကောပဲ.. ဘာမှလဲ ထွက်မလာပါဘူး သတိရလိုက်တာ ရွှတ်၂နဲ့ကော ဘာလိုသက်ဆိုင်ပါလိမ့်

Phyo Evergreen said...

ချင်ခင်နှစ်သက်ဖွယ်ကောင်းသောသူများ အဖြေကိုမြင်နိုင်ဧ။်။

Thinzar said...

မြေအနေအထားကို တော်တော်မှတ်မိတာဘဲ။ အစ်မဆို အခုထိ ဘယ်မြို့က ဘယ်မြို့ဘေးနားရှိတယ်ဆိုတာ မသိသေးဘူး။ ပုံလေးကို ကြည့်ပြီး သဘောကျသွားတယ် =)