Showing posts with label အတွေ့အကြုံ. Show all posts
Showing posts with label အတွေ့အကြုံ. Show all posts

Saturday, April 19, 2014

ချစ်သော ပုဂံမြေ

      
       ဧပြီလဆန်းပိုင်းက ကိုယ်တိုင်အစီအစဉ်မရှိဘဲ ပုဂံမြေကိုအလည်တစ်ခေါက်ရောက်ခဲ့ပြန်ပါသေးတယ်...။ (၃)ညအိပ်(၄)ရက်ခရီးမှာ ပုဂံမှာ (၂)ညအိပ်ဖြစ်ခဲ့တယ်...။ အမျိုးအဆွေစုံစုံလင်လင်နဲ့မို့ ပျော်စရာကောင်းပြီး အမှတ်ရစရာလည်းကောင်းတဲ့ ခရီးပါ..။ ပုံတွေလည်းသိပ်မရိုက်ဖြစ်ပါဘူး... စကားတွေပြော ရီစရာတွေပြောနေတာနဲ့မို့ပါ..။ ကိုယ်ရိုက်ချင်တဲ့အမှတ်ရစရာနေရာလေးကိုဘဲရိုက်ဖြစ်ပါတယ်...။

       ရန်ကုန်ကနေ မနက်(၄)နာရီထွက်တော့ ပုဂံကိုနေ့လည်(၂)နာရီတိတိမှာရောက်ပါတယ်...။ နံနက်စာနဲ့နေ့လည်စာကိုတော့ (၁၁၅)မိုင်နဲ့ ကျောက်ပန်းတောင်းမှာစားခဲ့တယ်...။ (၂)ညအိပ်ဘဲမို့အချိန်သိပ်မရတာကြောင့် ဟိုတယ်မှာခဏနားပြီး...ဘုရားဖူးထွက်ခဲ့တယ်...။ ပထမဆုံး အာနန္ဒာဘုရား.. ဝင်ဖူးကြတယ်...။ ပြီးတော့ ရွှေဆံတော်ဘုရားသွားပြီး နေဝင်တာကိုကြည့်ကြပြီးမှာ ဗူးဘုရားကို သွားခဲ့ကြတယ်...။ ဗူးဘုရားကိုရောက်တော့ နေဝင်သွားပြီ... ဧရာဝတီမြစ်ပြင်ဟာ သောင်ပြင်ပြန့်ထူထူတွေနဲ့အတူ ငြိမ်သက်အေးချမ်းစွာ...။ ညနေစာစားပြီးမှ ရွှေစည်းခုံဘုရားဖူးပြီး..ဟိုတယ်ပြန်ခဲ့တယ်...။




 


   ဒုတိယနေ့မှာတော့ ဓမ္မရာဇကဘုရား၊လောကနန္ဒာဘုရား၊မနူဟာဘုရား၊မြစေတီ၊ကန်တော့ပလ္လင်၊သဗညု... စတဲ့ဘုရားတွေဖူးခဲ့တယ်...။ အာနန္ဒာဘုရားအနီးက စားနေက ရွှေမြန်မာ(၂) ထမင်းဆိုင်မှာလည်း မမေ့မလျော့ဝင်စားခဲ့သေးတယ်... လက်ရာကတော့ကောင်းမြဲ..။ ညနေဘက်ကျတော့ ပါလာတဲ့ ညီဝမ်းကွဲလေးနဲ့ တူမကလေး မြင်းလှည်းစီးဖူးတယ်ရှိအောင် မြင်းလှည်းနဲ့တစ်ခါထပ်ထွက်ပြန်တယ်..။ သရပါကိုနှုတ်ဆက်၊ ရွှေဂူကြီးကိုဝင်ဖူးလို့ နေဝင်ချိန်ကိုငေး၊ ဓမ္မံရံကြီးကိုတစ်ပတ်ပတ်ကာ အလိုတော်ပြည့်ဘုရားမှာ ဆုတွေတောင်းခဲ့တယ်...။




 



 ချစ်ခင်ရတဲ့သူတွေနဲ့သွားရတဲ့ခရီးမို့ တိုတောင်းပေမဲ့ အမှတ်တရရှိလှပါတယ်..။ 
 အရင်တစ်ခေါက်သွားခဲ့တာကို ဖတ်ချင်တယ်ဆိုရင်.. 

Sunday, February 28, 2010

စင်္ကာပူကအစားအစာ

စင်္ကာပူမှာ နေရတာများ စားစရာ သောက်စရာတယ်ရှားပါးသကိုး.... တစ်နေ့လာလဲဒါ နောက်တစ်နေ့လာလဲ နောက်တစ်ခုဆိုတော့...။ တကယ်တော့ ကျွန်တော်က အစားအသောက်နဲ့ပတ်သတ်လာရင် ဂျီးများတတ်သူပါ။ ခုနောက်ပိုင်းတော့ ကိုယ့်ကိုကိုယ် နည်းနည်းတိုးတက်လာပြီ ပြောရမလားဘဲ.. အသီးအရွက်တွေ စားတတ်လာပြီ.. သိပ်လည်းဂျီးမများတတ်တော့ပါဘူး.. :D။ စာတစ်ပုဒ်တင်ဖို့ သိပ်ခက်ခဲနေတဲ့အတွက် (အမှန်က အပျင်းကြီးနေတာပါ.. :P) ခုတစ်လောစားဖြစ်တဲ့ အစားအသောက်တွေကိုဘဲ... တင်ပြလိုက်ရပါကြောင်း......အသိပေးကြေငြာအပ်ပါသည် စာလာဖတ်သူအပေါင်း ရောင်းရင်းတို့....။

၁. Ayam Penyet

ဒီရက်ပိုင်းအတွင်းမှ စပြီး စဖူးတဲ့ အင်ဒိုအစားအစာပါ..။ ထမင်း နဲ့ ကြက်ကြော်ကို ဓါးပြားနဲ့ ထုထားတာရယ်.. ပဲပြားတုံးတွေ(ကြက်သားတုံးက တက်ဖိထားတယ်) နဲ့ သခွားစိတ်တွေကို သစ်သားခွက်နဲ့ ထည့်ပေးပါတယ်..။ .။ အဓိက ကတော့ ကြက်သားဘေးမှာပါတဲ့ အညိုရောင် အချဉ်ရည်ပါ.. မလေးငပိ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်တို့ ပါမယ်ထင်တာပဲ. ချဉ်ငံစပ်လေးနဲ့ စားကောင်းပါတယ်..။

၂. Nasi Lemak

ဒီကလူတော်တော်များများ စားကြတဲ့ မနက်စာ မလေးအစားအစာပါ..။ ကျွန်တော်ကတော့ Brunch အနေနဲ့ စားဖြစ်တာများပါတယ်.. အတန်းတစ်ခုနဲ့တစ်ခုကြား အားတဲ့အချိန်မှာပေါ့..။ စင်္ကာပူနေရာ အနှံ့အပြားမှာရနိုင်တဲ့ အစားအသောက်တစ်မျိုးပါ..။ Chicken Nuggets, Sausage, အာလူးကြော်, ကြက်ဥနဲ့ အပေါ်က Assam ဟင်းရည် စပ်စပ်လေး ဆမ်းပေးပါတယ်..။ စာပြီးတော့ ဗိုက်ကိုတင်းရောဘဲ...။

၃. ပလာတာနဲ့ ကြက်သား

ဒါက စင်္ကာပူစတိုင် ကြက်သားနဲ့ပလာတာ ၊ ပလာတာနဲ့ ကြက်သားပါ.. :D။ ဟင်.. အယ်.. အဲဒီမှာ ပလာတာကို ဇွန်း၊ ခက်ရင်းနဲ့စားကြတာလားလို့မေးရင် ဟုတ်ပါတယ်.. နိုင်ငံအနှံ့ အပြားမှာ ဒီလိုဘဲ စားသုံးကြပါတယ်.. လက်လည်း ဆေးစရာမလိုဘူးလေ.... တစ်ချို့ မလေးတွေနဲ့ ကုလားတွေ လက်နဲ့စားကြပါတယ်..။ ချိုင်းနီ့စ်နူးယားမို့ တရုတ်ဆိုင်တွေပိတ်ပြီး ပလာတာဆိုင်မှာသာ ၀မ်းမီးငြိမ်းခဲ့ပါတယ်..။

၎. Hokkien Noodle

စင်္ကာပုရဲ့  signature အစာအသောက်ပါ.. နေရာတိုင်း အချိန်တိုင်း လူတော်တော်များများစားကြပါတယ်..။ ရောက်စက သိပ်မကြိုက်ဘူး နောက်ပိုင်းစားရင်းနဲ့မှ ကြိုက်သွားတာ..။ ခေါက်ဆွဲအ၀ါရယ် နန်းကြီးဖတ်ရယ် ကို ၀က်သား၊ကြက်ဥ၊ ပဲပင်ပေါက်၊ ပုဇွန်၊ ကင်းမွန်တို့နဲ့ ရောသမမွှေကြော်ထားတာပါ..။ အရိုးပြုတ်ရည်ထည့်သေးတယ်ထင်တယ်.. အရည်စပ်စပ်လေးနဲ့ သံပုရာသီးညှစ် ငရုတ်သီးအချဉ်နဲ့ စားလိုက်တာ ခဏလေးနဲ့ ကုန်တယ်..။ ကင်းမွန်လေးကတော့ ဂျီးများတဲ့စားသုံးသူမကြိုက်တဲ့အတွက်ကြောင့် မျက်နှာလေးငယ်ငယ်နှင့် ပန်းကန်ထဲဝယ် အစဉ်အမြဲ ကျန်ခဲ့တော့လေသတည်း......။

အပေါ်က Hokkien Noodle ချက်နည်းကို WeSheMe ဘလော့မှာရှာဖွေတွေ့ရှိနိုင်ပါတယ်..။ လင့်ခ်က ဒီမှာ ပါ..။

Thursday, July 2, 2009

Fast Food အန္တရာယ်

ဘာရယ်မဟုတ်ဘူး... ဘလော့လောကနဲ့ အဆက်အသွယ်ပြတ်မှာစိုးလို့ ပို့တစ်ပုဒ်လောက်တင်လိုက်တာ..။ အသိပေးချင်လွန်းတာကြောင့်လဲပါပါတယ်..။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ မှန်သည်ရှိ မမှန်သည်ရှိ.. အောက်က video ကို မဖြစ်မနေကြည့်ပါ...( Fast food မကြာခဏစားသူများ.. ကြိုက်လွန်းလို့ပါဆိုသူများ..ကြည့်ဖြစ်အောင်ကို ကြည့်ပါ)။



ပျောက်နေရခြင်း အကြောင်းက ဒီရက်ပိုင်း စာမေးပွဲတွေ ဆက်တိုက်ဖြေနေလို့ပါ..။ စာလား...ကျက်ဖြစ်ပါတယ်... ၁၀ မိနစ်ခြားတစ်ခါလောက် Facebook ကို မိနစ် ၂၀ လောက်ရောက်ရောက်သွားတာကလွဲလို့ပေါ့..ဟီးဟီး..။ အားလုံးကို သတိရပါတယ်... ဘလော့တွေလည်း တော်တော်များများရောက်တယ်..။ လာလည်သူ စာလာဖတ်သူများ..အားလုံး ရွှင်လန်းချမ်းမြေ့ပါစေဗျာ..။

အောက်က bonus

ရိုက်သာရိုက်ရတယ်. ခပ်လန့်လန့်ရယ်.. မတော်လို့ အကောင်က တုပ်ထည့်လိုက်ရင် ဒုက္ခ


Monday, March 9, 2009

အသံထွက်များနဲ့ကျွန်တော်

ဒီအသံထွက်များနဲ့ ကျွန်တော်အကြောင်းကို ရေးဖို့ချိန်နေတာတော်တော်ကြာပါပြီ..။ ကျွန်တော်တွေ့ကြုံကြားသိခဲ့ရတဲ့သက်တမ်းတစ်လျှောက်မှာ အသံထွက်ကြောင့်ကြုံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ အလွဲလေးတွေအကြောင်းပါ..။ ဘယ်သူတွေကဘယ်လိုပြောလဲလို့ စဉ်းစားရင်းနဲ့ဘဲအချိန်ကြာသွားပါတယ်..။

စင်္ကာပူရောက်ခါစကတော့ ကြုံရသမျှအလွဲထဲမှာ စကားပြောအလွဲကတော့အများဆုံးပါဘဲ... သူတို့ပြောတဲ့အသံထွက်ကို ကိုယ်ကနားမလည် ကိုယ်ပြောတဲ့အသံထွက်ကိုသူတို့နားမလည်ဖြစ်တာပါ..။ အစားအသောက်မှာတဲ့အခါ၊ ကျောင်းမှာစာသင်တဲ့အခါ မှာ အသံထွက်ကွဲပြားမှုတွေတွေ့ရတော့တာဘဲ..။ တစ်ခါကျောင်းမှာ နာမည်ခေါ်တုန်းကဆိုရင် တကယ်ပါဘဲ.. ။ ကျောင်းတက်တာလည်းတစ်ပတ်ပြည့်တော့မယ်ဆိုတော့ နာမည်ခေါ်တာကလည်း ဘယ်သူပြီးရင်ကိုယ့်အလှည့်ဆိုတာ သိနေပါပြီ..။ အဲဒီသောကြာနေ့မှာ ဆရာကနာမည်ခေါ်တော့ ကိုယ့်အလှည့်ရောက်တော့မယ်ဆိုပြီးထူးဖို့အသေအချာစောင့်နေတာ .. ဆရာလည်းခေါ်လိုက်ရော နာမည်က ခွေးတွေကြောင်တွေထွက်လာက ဘေးကမြန်မာသူငယ်ချင်းက ရီလိုက်တာ အူလိမ့်နေတာဘဲ..။ နောက်တော့ဆရာလည်း အားနာတယ်ထင်ပါတယ်ဗျာ.. သေချာသတိထားပြီးခေါ်ရှာပါတယ်.. အဲဒါတောင် လနာမည်တွေကပါလာသေးတယ်.. (ဥပမာ June လ)။ Part-time လုပ်တုန်းကပိုဆိုးပါတယ်.. Supervisor ကဘယ်လိုခေါ်သလဲသိလား. ....."ပြူး"တဲ့.. စိတ်ကိုကုန်ရော....။ နောက်နည်းနည်းကြာလာတော့လည်း အကျင့်သားရလာသော သူတို့ပြောတာလည်း လေယူလေသိမ်းကအစ နားထောင်လို့ရလာပါတယ်....။ ဒါတောင် Singapore ဇာတ်လမ်းတွဲတွေတော့ ဘယ်တော့မှမကြည့်ပါဘူး.. စိတ်ညစ်လို့ပါ... သူတို့ အင်္ဂလိပ်စကားကို တရုတ်လေယူလေသိမ်းနဲ့ပြောတော့ ဘယ်နားထောင်ကောင်းမလဲ...။ ကျွန်တော်တို့မြန်မာတွေတော့ အဲသလိုမဟုတ်ပါဘူး.. တော်တော်လေးအဆင်ပြေပါတယ်..။

မနှစ်ကကျောင်းမှာ မယူမနေရတက်ရတဲ့ pronunciation course တက်ရတဲ့အခါမှဘဲ ဘယ်ဟာတွေမှန်တယ်မှားတယ်ဆိုတာသိရတော့တယ်..။ စသင်တဲ့အပတ်ကဆိုရင် တစ်တန်းလုံးဆူညံလို့ ကန်တော့ပါ.. တံတွေးသင်္ကြန်ကိုဖြစ်နေတော့တာပါဘဲ..။ အသံထွက်သင်္ကေတတွေကို အသံနဲ့အတူအလွတ်မှတ်ရတယ်.. ပြီးတော့ စာပိုဒ်တွေဖတ်ကိုယ်ဟာကိုယ်အသံသွင်း ၊ စားလုံးတွေရဲ့ အသံထွက်တွေကိုလည်း သင်္ကေတတွေနဲ့ပြန်ရေးရပါတယ်..။ ဒီအကြောင်းနောက်ကြုံရင်ရေးပါမယ်.. ဤကားစာကားချပ်..။

နောက် အသံထွက်အလွဲလေးတွေနဲ့ ဖြစ်ပျက်တဲ့ဟာသလေးတွေမျှချင်ပါသေးတယ်..။ ရင်းနှီးတဲ့အဒေါ်တစ်ယောက်ရှိပါတယ်.. အမေနဲ့သူစကားပြောနေတုန်းဘေးကနားထောင်ရင် အမြဲရီနေရတယ်..။
ကျမက အင်္ကျီဆို မီလီယံဆိုဒ် (Medium Size) ၀တ်တာလို့ပြောတာ..၊ မနေ့ကလေး အိမ်နားမှာ ဟယ်လီကော်တာ(Helicopter) တွေပျံနေတာ ဆူညံနေတာဘဲဆိုတာကတစ်မျိုး.. ၊ ကျမ အော့ဖစ် (office) ရှေ့မှာစောင့်နေမယ်.. အဲဒါမျိုးတွေကြားပြီးလို့ အိမ်ပြန်ရောက်ရင် ပြောပြောပြီးရီကြတယ်..။

တခါအိမ်မှာ ထမင်းချက်ပေးတဲ့အဒေါ်ကြီးတယောက်အကြောင်းလည်းပြောချင်သေးတယ်.မသန်းတဲ့.။ သူက မိထ္ထီလာနားမှာရှိတဲ့ရွာကလာတာပါ...ယောင်လည်းယောင်တတ်ပါတယ်..။ ခါးတို့လိုက်ရင် ယောင်ပြီး အစုံဘဲ (ကြုံဖူးသူများသိမှာပါ) ခါးတို့ပြီးလက်မလွှတ်ဘဲလုပ်ချင်ရာလုပ်ခိုင်း ရပါတယ်.. ကခိုင်းရင်က သီချင်းဆိုခိုင်းရင်ဆိုပါတယ်..။ တခါ သူကြက်သားခုတ်နေတုန်းအကိုဝမ်းကွဲတစ်ယောက်က ခါးတို့လိုက်ပြီး ဓားနဲ့ခုတ် ဓားနဲ့ခုတ်လို့ပြောတာ တကယ်လိုက်ခုတ်လို့ ဒူးနာလို့ထိုင်နေရတဲ့အဖွားပါမကျန် တစ်အိမ်လုံးထပြေးရပါသေးတယ်..။ ဒါပေမယ့်စိတ်ရင်းကောင်းတာက သူ့ကိုဘယ်လောက်စစ စိတ်မဆိုးတတ်တာပါ.. ရိုးသားတဲ့အညာသူတွေပါ..။ သူအသံထွက်လွဲတာကလည်းတစ်မျိုး.. ခွန်ဆိုရင် ခွင်.. လွင်ဆိုရင် လွန်လို့ထွက်တတ်တာပါ.. ငါလေ စည်သူလွန်ကို အရမ်းကြိုက်တာဘဲတဲ့..။ တခါ အိမ်ကခွေးတကောင် သန်ထပြီး ဦးနှောက်ထဲပါရောက်သွားလို့ ခွေးရူးသလိုဖြစ်ပြီး လှောင်အိမ်ထဲပိတ်ထားရတယ်..။ ဆရာဝန်ကသန်ချဆေးပေးတော့ အဲဒီမသန်းကိုဘဲ ဆေးခန်းမှာသွားဝယ်ခိုင်းပါတယ်..။ ဆေးနာမည်က ကီးထရပ်စ်ပါ.. မသန်းလဲ ကျမသွားမယ်ကျမသွားမယ်ဆိုပြီးသွားရော..... ၁၅မိနစ်လောက်ကြာ်တော့ပြန်ရောက်လာပါတယ်..။ စိတ်တွေဆိုးလို့ မေးကြည့်တော့ ဆေးကောင်တာကရောင်းတဲ့သူက သူဆေးမေးတာရီဘဲရီနေလို့တဲ့ တခြားရောင်းတဲ့သူမေးတော့လည်းပြန်မဖြေဘဲရီနေတယ်တဲ့.......။ သူ့ကိုဘယ်လိုမေးခဲ့လည်းလို့ပြန်မေးတော့ .. ကန်တော့ပါ.. "အီးထွက်ရှိလား တဲ့.."..။

Saturday, November 8, 2008

အခိုက်အတန့်



"....... ဟူး............." သက်ပြင်းတစ်ခုကိုသူမှုတ်ထုတ်လိုက်သည်။ တစ်နေ့လုံး အလုပ်လုပ်နေရတာတွေကြောင့် သူတစ်ယောက်တော့ ပင်ပန်းလှပြီ။ သို့သော်လည်း ခဏနေတော့ဆိုင်ပိတ်ရမည်ဖြစ် သောကြောင့် အနည်းငယ် စိတ်သက်သာရာတော့ရသွားပါသည်....။သူ ဆိုသည်မှာစတိုးဆိုင်လေး တစ်ခုတွင် အချိန်ပိုင်း အလုပ်လုပ်နေသောလူငယ်တစ်ယောက်ဖြစ်သည်..။ ကျောင်းတက်နေရင်းမှာ ပင် အိမ်မှလတိုင်း ပို့ပေးနေသော သူ့အတွက် လစဉ်စရိတ်ကို တတ်နိုင်သမျှသက်သာစေရန်သူအချိန်ပိုင်းအလုပ်လေး ကို စလုပ်နေသည်မှာ (၂) လခန့်ပင်ရှိနေလေပြီ...။

ဒီနေ့တော့ သူ နေ့လည် ၂ နာရီမှ စလုပ်နေသည်မှာ အခုလိုအချိန်တွင်တော့ တော်တော်လေးပင်ပန်းနေလေပြီ..။
စနေနေ့ မို့လို့ လားတော့မသိ ဈေးလာဝယ်ကြသူတွေကတော်တော် များလေသည်။ သွားတိုက်ဆေး သွားပွတ်တံ
မှအစ ခေါင်းလျှော်ရည်၊ ရေမွှေး ၊ အားဆေး စတာတွေ ကို အ၀ယ်များကြသည်...။ နာရီကို ကြည့်တော့ ၉း၄၅ တောင်ရောက်နေပြီ ဆိုင်စပိတ်လိုက်တော့မယ်......။ ပစ္စည်းတွေ နေရာရွှွှေ့ ၊ စာရင်းတွက် နဲ့ပဲ ၁၀း၁၅ လောက်
ရောက်တော့အားလုံးပြီးသွားပါတယ်.........။ တော်သေးတယ် ဒီနေ့ စာရင်းကိုက်လို့ ... တစ်ချို့နေ့ စာရင်းမကိုက်
တဲ့ ရက်တွေဆိုရင် သူတစ်ယောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကို ဖုန်းဆက်မေး ၊ ဟိုလူ့မေး ဒီလူ့မေးနဲ့ တော်
တော်ဗျာများရသည်....။ အားလုံး သိမ်းဆည်းလို့ပြီးတော့ သူစိတ်အေးသွားသည်...။

အလုပ်ကနေ ထွက်လာတော့ ဘတ်စ်ကားမှတ်တိုင်ကို လမ်းလျှောက်ရဦးမည်....။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ရင်း သီချင်းနားထောင်တဲ့ နားကြပ်ကလေးကို နားမှာ အသာထည့်လိုက်တော့
သံစဉ်တေးသွားတစ်ခု က စီးဆင်းလာသည်.....။ ကားမှတ်တိုင်ရောက်တော့ သူအပါအ၀င် ကားစောင့်နေသူ နှစ်
ယောက်လောက်သာရှိသည်.... အင်းလေ လူတော်တော်များများ ဒီလိုပိတ်ရက်တွေမှာ အိပ်မှ မိသားစုနဲ့ တူတူ
ပျော်ပျော်ရွှင်ရွှင်နေကြမှာ ပဲ လို့ သူတွေးလိုက်မိသည်..။ ဟော....... ဟိုမှာကားတောင်လာနေပြီ ....မြန်မြန်တက်မှ
ဘဲ........။

ကားပေါ်ရောက်တော့ လူကတော့ သိပ်မများ သို့ပေမဲ့ ထိုင်ခုံတော်တော်များများမှာတော့ လူတွေထိုင်နေကြပြီ..။
သူကားအတွင်း မျက်လုးံကိုကစားလိုက်သည်..... တွေ့ပြီ ထိုင်ခုံလွတ်တစ်ခု ...သူအမြန်ဝင်ထိုင်လိုက်သည်။ ထိုင်ခုံ
ပေါ်ထိုင်လိုက်တော့မှဘဲ လူကသက်တောင့်သက်သာရှိသွားသည်..တစ်နေ့လုံးမတ်တပ်ရပ်ပင်ပန်းလာခဲ့သည်ကိုး
...။ သီချင်းနားထောင်ရင်း ကားပြတင်းပေါက်အပြင် ဘက်ကိုကြည့်လိုက်တော့ နီယွန်မီးတိုင်တွေ နှင့်သစ်ပင်တွေ
က လမ်းဘေးတစ်လျှောက် စီရီနေကြသည်...။ တစ်ချက်မှာတော့ သူတစ်ယောက် မှေးကနဲ အိပ်ပျော်သွားသည်။

ခဏနေတော့ သူပြန်နိုးလာသည်... ဘေးဘီကို လှည့်ကြည့်တော့ လူတစ်ချို့ ငိုက်မြည်းနေကြသည်... တစ်ချို့က
စာဖတ်နေကြသည်...။ တစ်နေရာရောက်တော့ တုန်တုန်ချိချိနဲ့ ရပ်နေသော အဖွားအိုတစ်ယောက်ကို တွေ့လိုက်
ရသည်...။ နေရာလွတ်လည်း မရှိတော့ အဖွားအို ခမျာ တန်းလေးတစ်ခုကို သာ အားပြုလို့ ရပ်နေရသည်.။ သူဘေး ဘက်ကိုကြည့်လိုက်တော့ အဖွားအိုအနားက လူတွေကလည်း မသိချင်ယောင်ဆောင်နေကြသည်....
အချို့ကလည်း စာကို သာ သည်းကြီးမည်းကြီးဖတ်နေကြသည် အဖွားအိုကို သတိပြုမိဟန် မပေါ်..။ အဖွားအိုမှာ
ဘယ်လောက်ကြာကြာ ဒီလိုဆက်ရပ်နေရဦးမလဲ......။

ထိုအချိန်တွင်တော့ သူ့စိတ်ထဲတွင် အငယ်စား လွန်ဆွဲမှုလေးတစ်ခုဖြစ်ပေါ်လို့နေသည်....။ အဖွားအိုထိုင်ဖို့ အတွက် သူနေရာမှ ထပေးလိုက်ချင်သည်..... သို့သော်လည်း ဒီနေ့ အဖို့တော့ တော်တော် ပင်ပန်းနေသော ကြောင့် အိမ်နားက မှတ်တိုင်ရောက်သည် အထိတော့ သူထိုင်လိုက်ချင်သည်...။ သူတစ်ယောက် ဝေခွဲလို့မရ
ဖြစ်နေစဉ်မှာပင် အတွေးတစ်ခု သူ့ဆီဝင်ရောက်လာခဲ့သည်... "ဒီနေရာမှာ သူ့အဖွားသာဆိုရင်...."။ သူဆက်မ
တွေးနိုင်တော့ ..ဘာမှစဉ်းစားမနေတော့ဘဲ အဖွားအိုဆီသွားကာ သူ့ထိုင်ခုံမှာ ထိုင်ပါဟု ယဉ်ကျေးစွာပြောလိုက်
သည်....။ သူလည်းပဲ အဖွားအိုအနားမှာ ရပ်လို့သာလိုက်ပါလာခဲ့သည်.....။ အဖွားကို ဘယ်သွားမလဲလို့ မေးကြည့်
လိုက်တော့ သွားမည့်နေရာက သူနေသည့်နေရာထက်တောင် ပိုလို့ ဝေးသေးသည်....။ တစ်လျှောက်လုံး အဖွားနှင့် စကားတွေပြောလာခဲ့သည် .....။

စကားတွေကောင်းနေတာနဲ့ ဘဲ အိမ်နားက မှတ်တိုင်ရောက်မှသူ ဆင်းရမည်ဆိုတာကို သတိရသည်...။ အဖွားကို
အမြန် နှုတ်ဆက်လို့ ကားပေါ်ကဆင်းလိုက်သည်....။ အိမ်ဘက်သို့ တဖြည်းဖြည်းလမ်းလျှောက်လာသည်............
ပင်ပန်းမှုတွေသည် ဘယ်ဆီရောက်မှန်းမသိ....မေ့ပျောက်လို့နေသည်....။ သူ့ခြေလှမ်းတွေက ပေါ့ပါးနေသလို....
နောက်တစ်ခါ ဒီလိုအဖြစ်မျိုးကြုံလာခဲ့ရင်လည်း ... သူ့အတွက်တော့ အထူးစဉ်းစားနေစရာ မလိုတော့ပေ...
..............။