Thursday, April 16, 2009

Mee Goreng

ဒီတစ်ခါလည်း အစားအကြောင်းရေးပါတယ်..:) ။ ဒီအကြောင်းပဲကောင်းတယ်လေ.. ပေါ့ပေါ့ပါးပါးနဲ့ ပို့စ်ရေးရတာလည်း အရသာရှိတယ်လေ..။


ဟိုတစ်ရက်က အပြင်သွားရင်း စားဖြစ်တာပါ.. Mee Goreng တဲ့ မြန်မာလိုတော့ မီးဂိုရမ်း လို့အသံထွက်မလားဘဲ..။ တကယ်တော့ ပန်းသေးခေါက်ဆွဲကြော်လိုဟာမျိုးပဲ (တကယ်တော့ ပန်းသေးခေါက်ဆွဲမစားဖူးဘူး.. သူများတွေပြောလို့ သိတာ)။ စင်္ကာပူမှာတော့ မလေးနဲ့ ကုလားလူမျိုးတွေတော်တော်များများစားကြပါတယ်.. တရုတ်တွေလည်းစားတယ် သိပ်စားတာတော့မတွေ့ဘူး။ တစ်ရက်တစ်ရက် စားရတာတွေ ရိုးလာတော့ တခါတလေလည်း အသစ်အဆန်းလေးတွေစားဖြစ်တယ်.. မကြိုက်ရင်ထားခဲ့ ကြိုက်ရင်ဆက်စား နောက်လည်းမှတ်ထားပေါ့..။ ဒီရောက်စတုန်းကတော့ တော်တော်များများ စမ်းစားကြည့်ဖူးတယ်.. မကြိုက်လို့ တစ်ဇွန်းလောက်စားပြီး ထားခဲ့ရတဲ့ အကြိမ်လည်းမနည်းဘူး..။ စားကြည့်ရင်းနဲ့ ကြိုက်သွားတာတွေလည်း ရှိတယ်.. ဥပမာ ဟော်ဖန်းပန်းမြန့်ဒုံမီနီဝေါ့ခ် တို့လိုမျိုးပေါ့..။ ပြောရင်းလမ်းလွဲတော့မယ်.. ဆက်စား အဲ ဆက်ပြောကြစို့..။



ဒီ မီးဂိုရမ်းကို စင်္ကာပူမှာ ကုလားနဲ့ မလေးဆိုင်တော်တော်များများမှာရပါတယ်.. ။ ခေါက်ဆွဲ၊ ပဲပြား၊ ကြက်ဥ၊ ဂေါ်ဖီ တို့ပါပါတယ်..။ အကုန်လုံးကို ဆီနဲ့ တစ်ခါတည်း ရောမွှေကြော်လိုက်တယ်..ထင်တာဘဲ...။အဲဒီဆိုင်တွေမှာတော့စားဖူးတယ်.. မကြိုက်ဘူး.. နီရဲနေပြီး အရသာကလည်း ချိုချိုကြီးဖြစ်နေတယ်.. စပ်လည်းစပ်တယ်.. ကျွန်တော်တော့မကြိုက်ဘူး..။ စားဖြစ်ရင်တော့ တရုတ်ဆိုင်တွေမှာ စားဖြစ်ပါတယ်. အရသာလည်းကောင်းတယ်.. သန့်လည်းသန့်တယ်..(လုပ်နေတာကိုမြင်နေရတာကိုး)။

ခုစားဖြစ်တာက ကိုပီတရမ် မှာပါ.. စားလို့ကောင်းပါတယ်.. ။ ကြက်ဥ ၊ ပဲပင်ပေါက်၊ ပြည်ကြီးငါး၊ ပုဇွန် နဲ့ fishcake ပါတယ်.. ပြီး သံပုရာခြမ်းလေးညှစ်ပြီး စားလိုက်လို့ကတော့ ကောင်းမှကောင်း...။ ၄ ကျပ်ပေးရပါတယ်.. ထပ်များများစားချင်ရင် ၅ကျပ်တန်လည်းရှိတယ်.. အစာပလာတွေပိုများတာပေါ့..။ ကြုံရင် စားကြည့်ကြပေါ့ဗျာ.. စားစရာတစ်ခုတိုးတာပေါ့..။

ထမင်းစားပြီးတော့ ရေခဲခြစ်စားဖြစ်တယ်..။ ဒီမှာလူတော်တော်များများ အစားတစ်ခုစားပြီးရင် အအေးသောက် မသောက်ရင် အပူသောက် မသောက်ရင် ဒီရေခဲဖြစ်စားကြ မစားရင် အသီးစားကြ ပါတယ်..။ ရောက်စကတော့ အကျင့်မဖြစ်သေးဘူး.. နောက်တော့ လိုက်သောက်ရင်းနဲ့ အစားစားပြီးလို့ မသောက်ရင် တစ်ခုခုလိုနေသလိုဘဲ.. ခုတော့ ဖြတ်နေတယ်.. အချိုတွေအရမ်းများနေမှာစိုးလို့..။ ခုစားတာက စတော်ဘယ်ရီ ကစ်စစ် ပါ.. စားလို့ကောင်းတယ်.. အပေါ်မှာ ရေခဲမုန့်လဲပါတယ်..။ စတော်ဘယ်ရီ သေအောင်ကြိုက်တဲ့ကျွန်တော် တွေ့မိတာနဲ့ကို မနေနိုင်ဘူး.. စားဖြစ်သွားတယ်..။ အေးအေးမွှေးမွှေးလေး............... ။

21 comments:

နွေးနေခြည် said...

ရေခဲခြစ်နဲ့ ရေခဲမုန့်စားသွားတယ်...

Anonymous said...

မီ ဆိုတာ မလေးလို ခေါက်ဆွဲကွ.. မသိရင်မှတ်ထား တောသား.. :P

Unknown said...

ဖြိုး...

ဒီဘလော့လာတိုင်း သရေယိုပြီးပဲ ပြန်သွားနေရတယ်..။

မနာလိုတော့ဘူးနော်..။

အမလာရင်လိုက်ကြွေးရမယ် ဒါပဲ..

ရွှေပြည်သူ (ShwePyiThu) said...

စောစောကလေးတင် ထမင်းစားပြီး လာဖတ်တာ... ဗိုက်ထပ်ဆာလာသလိုပဲ... အဲလိုမျိုး ဖြိုးတို့က အရေးကောင်းတာ...း)

မီယာ said...

စားချင်းစရာတွေ ချည်းပါလား ကိုဖြိုးရေ... ပန်းသေးခေါက်ဆွဲကို ရန်ကုန်မှာ မိုးပျံခေါက်ဆွဲဆိုင် ပါဆယ် ၀ယ်ဖူးတယ်... ဒယ်အိုးပြားကြီးနဲ့ ခေါက်ဆွဲတွေကို ကြော်တာ... တခါကြော်ပြီးရင် အုန်းတံမြက်စည်းနဲ့ ရေနဲ့ ဆေးချလိုက်တာ တွေ့ပြီး ဘယလုပ်မှန်းမသိ ဖြစ်သွားတယ်... စားတော့ စားလိုက်တာပဲ :D

Anonymous said...

အဲ..ဖြိုးရဲ့ မီဂိုရင်း (အဲလိုကြားတာပဲ ရမ်းလား ရင်းလားမသိဘူး)ကို ငမ်းနေတာ။ မမီယာရဲ့ အုန်းတံမျက်စည်းကို မြင်လိုက်မှနင်သွားတယ် ဟီးဟီး။
mm

မိုးကောင်းသူ said...

ခေါက်ဆွဲလဲစားတယ်။ ရေခဲခြစ်လဲစားတယ်။ ရေခဲခြစ်က အစ်မအကြိုက်ဆုံးပဲ။ ကျွေးပါ။

မိုးကောင်းသူ said...

အဲ.............Kopitiam ဆိုင်တိုင်းက ရေခဲခြစ်က စားကောင်းတယ်နော်။

MrDBA said...

တယ်စားနေပါလား။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျား။

Phyo Evergreen said...

မနွေး.. အ၀စား..ဟီး
ခရေတွင်း.. ကျုပ်တို့ကတော့သားပါဗျာ
မမေရီ.. ကြွေးပါ့မယ်
အစ်မရွှေပြည်သူ.. မြှောက်နေပြီ ကြွေးရတော့မယ်..:)
အန်တီမီယာ.. အရသာပိုကောင်းမယ်ထင်တယ်.. :D
တီမွန်.. အဲဒါကြောင့် လုပ်နေတာကို မြင်ရတာလည်းမကောင်း မမြင်တာလည်းမကောင်း ဖြစ်နေတယ်..
အစ်မမိုးကောင်းသူ.. ရေခဲခြစ်တော်တော်ကြိုက်တယ်ထင်တယ်..
ကိုDBA.. နေ့တိုင်းတော့ စားတာဘဲ စားဖြစ်တဲ့ အဆန်းလေးတွေ မျှဝေချင်တာပါ

မြူးသျှရီ said...

ဘယ်တွေရောက်နေလဲ.............????????????//
စီဘောက်စ်လဲမတွေ့ တော့ပါလား?????????/
ဘယ်၇မလဲဒီမှာလာရေးမှာပေါ့

T T Sweet said...

မီးဂိုရင်း ကြိုက်ပါတယ် ... ဟုတ်ကင့်မီးလဲကြိုက်ပါတယ်။ ဘာကူးတေလဲ ကြိုက်တတ်နေပါပြီ။ စလုံးမှာနေတာကြာလာတော့ လိုကယ်စာတွေ လျာယဉ်သွားပြီး ကြိုက်တတ်နေပြီ။

Anonymous said...

ရေခဲမုန့်က လှလိုက်တာ စားချစ်စရာကြီးး

မိုးကောင်းသူ said...

phyo
အော်စရာပျောက်နေလို့။ ရေခဲပဲနောက်တခါ လာစားပါတယ်။ ကြိုက်လွန်းလို့ပါ။

Anonymous said...

ဆီပုံးပျောက်နေတယ်ကော

Anonymous said...

c.box ဘာလို့ပိတ်ထားတာလည်း ညီ စကားပြောဖို့ နှုတ်ဆက်ဖို့နေရာလေးမတွေ့တော့ တစ်မျိုးပဲး(

မြူးသျှရီ said...

ဖြိုးရေ.........
မမမေရီစကားနဲ့ ပြေားရရင်တကယ်ပဲ
ဖြိုးပုတ်...c.box....ထည့်ထားပါဗျို့းးးးးးးးးးးးးးးးးးးးးးးးးးးးးး

WWKM said...

နဖြိုး ..ဆီဘုံးသိမ်းပြီး ခေါက်ဆွဲကြော်စားနေတာကိုးး
အခုထုတ်.. စီဘုံး..

ညခင်း said...

သရေကျသွားတယ်။ ဗိုက်ဆာပါတယ် ဆိုမှ
ဘယ်ပျောက်နေလဲ လူပျောက်ကြော်ညာထည့်လိုက်ရမလား။
ဟဟ လာစ သွားတယ်။
ပြန်ပြီ

khin oo may said...

တို့ကတော့ ဒူးရင်းသီးရေခဲမုန့်ဘဲ။

khin oo may said...

မအီပါဘူး။ ကြိုက်မှ ကြိုက်။...