Tuesday, April 7, 2009

Pepper Rice and Bugis Junction

ဒီရက်ပိုင်း အလုပ်နည်းနည်းများလို့ စာသိပ်မဖတ်ဖြစ် ပို့စ်လည်းမတင်ဖြစ် လိုက်လည်းမလည်ဖြစ် ပြန်လည်မနှုတ်ဆက် ဖြစ်ခဲ့ပါ..။ နောက်တစ်ပတ် deadline ဆိုတော့ ကြုံးရုန်းလုပ်နေရတယ်..။ နည်းနည်းပင်ပန်းပြီး.. အိပ်ရေးလည်းမ၀အိပ်ချင်သလိုဖြစ်နေတာများတာကြောင့် ကိုယ့်ကိုကိုယ်သနားပြီး စိတ်ပြေလက်ပျောက်နဲ့ အပြင်ထွက် ညနေစာစားဖြစ်ပါတယ်..။

(photo by me)

ဒီနေ့ စားဖြစ်တာကတော့ Pepper Rice ပါ.. ဆိုင်ခွဲတွေရှိပေမယ့် Bugis Junction မှာဘဲစားဖြစ်တယ်.. စားပြီးတော့လျှောက်လည်လို့ရတယ်လေဗျာ။ စားရင်း ငေးရင်း စားရင်းပေါ့..အဟား။ Pepper Rice ကိုတော့ ဒီကလူတွေတော်တော်များများစားကြတာတွေ့ရတယ်.. စားလို့လည်းကောင်းတယ်။ သူက အပူပေးထားတဲ့သံပြားကြီးပေါ်မှာ ထမင်းကိုထည့် ဘေးမှာ အသားအစိမ်းကိုငြုပ်ကောင်းဖြူးပြီးထည့်ပေးပါတယ်..။ အပေါ်မှာတော့ ကြက်သွန်မြိတ်၊ ပြောင်းဖူးစေ့နဲ့ ချိစ်ပါပါတယ်..။ ချိစ်က မထည့်လည်းရတယ်... ထည့်ရင်တော့ ပြား၇၀ ပိုပေးရပါတယ်..။ ချိစ်ထည့် မှ ချိစ်ကအမျှင်လေးတွေနဲ့ ထမင်းက စေးစေးလေးဖြစ်ပြီးပိုစားကောင်းပါတယ်။ အရံအနေနဲ့ကတော့ ဟင်းရည်တစ်ခွက်ပေးပါတယ်. .ဘာလဲတော့မသိဘူး..မကြိုက်ဘူး။

(photo by me)

ရရချင်းဆိုရင်တော့ ပူလို့ခြစ်ခြစ်မြည်ပါတယ်.. အသားတွေကအစိမ်းဆိုပေမယ့် ထမင်းတွေနဲ့ ရောနယ်ရင်း နယ်ရင်းကနေ သံပြားပူပူပေါ်မှာ တဖြည်းဖြည်းကျက်သွားပါတယ်..။ အမဲသား၊ salmon ငါး ၊ ကြက်သား.. ပြီးတော့ ထမင်းမပါဘဲအသား သို့မဟုတ် ငါးနဲ့ ပဲပင်ပေါက် ကြက်ဥတို့နဲ့စားရတာလည်းရှိပါတယ်..။ ကျွန်တော်က အမဲသားမစားလို့ ကြက်သားနဲ့ပဲစားခဲ့တယ်.. စားရတာနည်းနည်းတော့အီတယ်.. လိမ္မော်ရည်လေးနဲ့ ဆိုရင်တော့ အဆင်ပြေမှာပါ..။ ခုနပဲစားခဲ့တယ်.. ဒုတိယပုံပြန်ကြည့်ရင်းနဲ့ ထမင်းတွေကြားထဲခုန်ဝင်ပြီး စားလိုက်ချင်တယ်.. .. အစား..အစား..။

စားပြီးသောက်ပြီးတော့ ကင်မရာလေးနဲ့ ဒီလိုလက်ဆော့မိပါတယ်..။

Bugis Junction


Shopping Mall အတွင်းဘက်


BHG Mall


ရေပန်း


11 comments:

Sein Lyan Tun said...

ကြည့်ရတာအီမယ့်ပုံပဲ..
ကြက်သားနဲ့ ဆိုရင်တော့ကြိုက်ပါတယ်..
ပြောင်းဖူးနဲ့ဆိုပိုကြိုက်တယ်
ပဲပင်ပေါက်လဲကြိုက်တယ်..
ရှုခင်းလေး ကိုလက်ဆော့ထားတာလဲကြိုက်တယ်
ကုန်ကုန်ပြောမယ်..ကြိုက်ကိုကြိုက်တယ်..

နွေးနေခြည် said...

စားဖူးဘူး ၀ယ်ကျွေး
တော်တော် လက်ဆော့တဲ့ဖြိုးပဲ

Anonymous said...

ကြားတောင်မကြားဖူးဘူးရယ်

သီဟသစ် said...

နေခြည်ပြောသွားသလိုပါပဲ
:P

စတာပါ ညီလေးနဲ့ တွေ့ရင် အစ်ကို ၀ယ်ကျွေးမယ်။

မိုးကောင်းသူ said...

ဆိုင်က Bugis Junction အပေါ်ထပ် ၃ လွှာလား ၊၄လွှားလားမသိ။ အဲဒီဆိုင်က စားကောင်းတယ်နော်။ အမဲသားနဲ့စားဖူးတယ်။ ကြက်သားနဲ့တော့ မစားဖူးဘူး။ မောင်လေးပန်းကန်ပဲ စားသွားပြီနော်။

ရေပန်းမြင်လို့ ကလေးတွေလို ရေတောင်ချိုးချင်ပါရဲ့။ :)

WWKM said...

မကြော်ငြာနဲ့.. အလည်လာရင် လိုက်ကျွေးဘို့မှတ်ထား..

khin oo may said...

village ကလာတဲ့သူတွေများ ခက်ပါတယ။်

khin oo may said...

but တို့လည်း village ကဘဲ။

ဘာတွေတုန်း said...

pepper lunch ကတော်တော်တော့ အီတယ်နော်.. ထမင်းက စေးလို့လားမသိဘူး အဲ့တုန်းက ကုန်အောင် မနည်းစားရတယ်

MrDBA said...

phyo ဆိုပြီး နာမည်ကြီးလွန်းလို့ လိုက်ကြည့်လိုက်တော့လေ ..သူဖြစ်နေတာကိုး။ (ခုမှသိထှာ)
အရင်အလုပ်က အမျိုးသားစာကြည့်တိုက်နားမှာဆိုတော့ နေ့လည်စာတွေကို Bugis Junction မှာအမြဲစားဖြစ်တယ်။ စားစရာစုံသလို လူလဲကျပ်တယ်။ ဒံပေါက်အမြဲစားတယ်။

Anonymous said...

ညီဖြိုးလေးနဲ့ ထမင်းတူတူ တစ်နေ့လောက်စားချင်တယ် စကားတွေပြောရင်ပေါ့း)