Wednesday, April 1, 2009

ဂလို ဂလိုထပါတယ်..



အစ်ကိုတော် ကိုမျိုး ကခင်မင်မှုနဲ့ ဘယ်လိုအိပ်ရာထတဲ့အကြောင်းရေးပေးဖို့ တက်ဂ်လာတဲ့အခါ ဂလိုဂလိုထပါတယ်ဆိုတဲ့ ဒီပို့စ်လေး ရေးဖြစ်သွားပါတယ်..။ ကိုမျိုးရေဖတ်ကြည့်ပါဗျာ.. လာလည်တဲ့သူတွေလည်းဖတ်လို့ရပါတယ်။

မနက်အိပ်ရာဘယ်လိုထတဲ့အကြောင်းပြောရမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်တွေသာအမြှုပ်ထွက်အောင်ပြောပြလိုက်ချင်ရဲ့ဗျာ..။ ဟီး ထုတော့ ကိုမျိုးလုပ်လို့ ပေါင်လှန်ထောင်းရတော့မယ်..။ ဘာလို့လဲတော့မသိဘူး.. ငယ်ငယ်ကသိပ်ပြီးအအိပ်မမက်ဘူး အိပ်ခိုင်းမှာတောင်ကြောက်နေတယ်.. ခုတော့လားဘယ်အချိန်အိပ်စေချင်လဲ.. ကြိုက်တဲ့အချိန်ပြောရတယ်။ ခုပဲနိုး.. ခုပြန်အိပ်ရင်တောင်ရပါတယ်.. ဒါကြောင့် ၁၀ တန်းစာမေးပွဲဖြေခါနီးတုန်းက အိပ်လွန်းလို့ အမေကအိပ်သာအိပ် စာတော့မကျက်ဘူး စာမရလို့ စာမေးပွဲကျလည်း မကယ်ဘူးလို့ ထနထနကြောပါတယ်။ ဆင်အော်မနိုးတဲ့.. ကောင်းပါ့..။

အိပ်တဲ့အကြောင်းနဲ့တင်ဘယ်ပြီးမလဲ.. အိပ်ရာထတဲ့အကြောင်းပါပြောမှ ပိုကောင်းမှာမဟုတ်လား..။
မနက်မနက် အိပ်ရာထဖို့ဆိုနာရီသံပတ်ပေးရပါတယ်.. alarm ပေးတာကိုပြောတာ။ နံနက်ကျတော့ နိုးစက်ကအချိန်ရောက်လို့မြည်တော့တာပေါ့လေ..။ အစတော့ နိုးတယ်.. နောက်တော့ ပြန်ပိတ်ပြီးအိပ်တယ်.. အဆိုးဆုံးကတော့ နောက်ပိုင်း ကိုယ့်ဘာသာကိုယ်နိုးစက်ပိတ်လိုက်တာတောင်မသိဘူး.. ။ နိုးမှသိတယ်.. နိုးစက်ကဘဲမမြည်တာလား.. က်ုယ်ကပဲပိတ်လိုက်တာလား.. ဇဝေဇ၀ါ(တေးရေးဇ၀ါမဟုတ်စ်)တွေကိုဖြစ်လို့..။ အဲသလိုရှိတယ်...။

နောက်တော့ ဖုန်းလေးနဲ့ alarm ပေးပြန်ရော..။ သီချင်းသံစဉ်လေးတွေနဲ့ပေါ့.. ကိုယ်ကြိုက်တဲ့သီချင်းလေးတွေကို alarm မြည်တဲ့အခါအသံထွက်လာအောင်လုပ်ထားတယ်...။ ကြိုက်တာကသီချင်းအေးအေးလေးတွေဆိုတော့ မနက်ဆိုမနိုးပြန်ဘူး..အသံကတိုးနေတော့ မြည်တာတောင်မသိလိုက်ဘူး..။ အဟဲဘယ်ရမလဲ.. နောက်တော့ Rihana တို့ ဖြူဖြူအာပြဲ..အဲလေ. ဖြူဖြူကျော်သိန်းသီချင်းတွေ ပြောင်းလိုက်တော့ နိုးတော့တာပေါ့..ကြည်ကြည်လင်လင်ပဲ.. အဆိုတော်တွေက အသံအား ကောင်းတယ်လေ..အဟက်..။ အဲလာ အဲလာ အေး အေး အမ်ဘရဲလားဆိုတဲ့ အသံကြီးကြားရင်နိုးတော့တာဘဲ..။ ဒါလည်းရမလားလို့စမ်းကြည့်တာပါ.. တစ်ပတ်လောက်ကြာတော့ သီချင်းကိုနားယဉ်နေတော့ မနိုးပြန်ဘူး.. ထနထန သီချင်းပြောင်းရတယ်..။

နောက်ဆုံးအဆင်ပြေဆုံးနည်းလေးကို တွေ့ပါတယ်.. နိုးလည်းနိုးတယ်.. ပြန်လဲမအိပ်ဖြစ်တော့ဘူး..။ ပြောမယ်.. သီချင်းဆူဆူလေးကို alarm လုပ်ထားပြီးတော့ စာကြည့်စားပွဲရဲ့ အစွန်ဆုံး..အိပ်ယာထဲကနေမမှီ နိုင်တဲ့နေရာမှာထားပြီးအိပ်ပါတယ်..။ မနက်မြည်တော့ အသံကလည်းဆူ.. မှီကလည်းမမှီနဲ့ အိပ်ယာထဲကနေထ စားပွဲဆီသွား ပြီးအသံပိတ်ရပါတယ်..။ နိုးလည်းနိုးသွားပြီ.. ပြန်လည်းမအိပ်ချင်တော့ဘူး.. ပြီးမှရေမိုးချိုး မျက်နှာသစ်ပြီး.. လုပ်စရာရှိတာဆက်လုပ်ပါတယ်..။

အိပ်ရာထတဲ့အကြောင်းကတော့ ဂလိုဂလိုပါဘဲ ကိုမျိုးရေ.........

5 comments:

တီချမ်း said...

ခိခိ တီ က ပိုဆိုးတယ် အလမ် က ၄ ခု ရှိတယ်
တနေရာစီ
တလုံးနိုးတယ် ထတယ် ပိတ်လိုက်တယ်
ပြီးရင် ပြန်အိပ်တယ်
နောက် ခဏနေတော့ နောက်တလုံးက မြည်တယ် ထပိတ်တယ် ပြန်အိပ်တယ်
ဒီလိုနဲ့ပဲ သံသရာ လည်နေ

Anonymous said...

အဲလာ အဲလာ အေး အေး အမ်ဘရဲလား

အဲ့သီချင်း အစ်ကိုလည်းကြိုက်တယ် ။ ညီရေ့ ရေးပေးတာ ကျေးဇူးပါ ဖတ်လို့ကောင်းတယ် သိပ်မကွာကြပါဘူး ပျင်းတဲ့နေရာတွေက အရင်က အစ်ကိုလည်း မနက်အိပ်ယာ ထ သီချင်းလေးနားထောင်တာ ခုတော့ ပျောက်သွားပြီး ပြန်လည်းမ၀ယ်နိုင်း( ။ အောက်ဆူံး အချက်က မိုက်တယ် ကို.ယ်နဲ့ ဝေးဝေးထားရတော့ နိုးပြီးပေါ့ အကြံက ပိုင်ပါ့ဗျာ ။

Sein Lyan Tun said...

ဖုန်းနဲ့ နှိုးစက်သံလုပ်ထားတော့ အခုဆိုရင် ဖုန်းမျက်နှာတောင်မကြည့်ချင်ဘူး
မိုးလင်းရင်ဖုန်းကိုမုန်းနေတယ်

မိုးကောင်းသူ said...

နှိုးစက်အသံဆို မုန်းလွန်လွန်းလို့။ :)

WWKM said...

မတက်ဂ်ချင်လည်းနေပေါ့ ဖြိုးရာ...
တို့ကိုတက်ဂ်ထားတဲ့သူရှိပြီးသား... ရေးနေရင်းတန်းလန်း..ပျင်းနေလို့... ဖြိုးနဲ့ ရွာသားလေး
ကိုပြန်တက်မရို့ဟာ... ထုဒေါ့တွားဘာဗြီ... ဟီးးး

ပျင်းနေလို့ ရူးပေါပေါဖြစ်နေပြီ..တီဝါ .ဟီးးး