Sunday, February 27, 2011

Utah သို့အလည်တစ်ခေါက် - ၄ (ကနေဒါ)

  ပျောက်နေတာကြာဆို အလုပ်တွေများနေလို့ပါ...။ ပို့တစ်ပုဒ်ရေးဖို့နေနေသာသာ လည်နေကျဘလော့တွေတောင် မရောက်ဖြစ်ပါဘူး... ရောက်ဖြစ်ရင်တောင်မှ ကွန်မန့်ချန်ဖို့ထက် စာကိုဘဲပြီးအောင် အမြန်လိုက်ဖတ်ရတယ်..။ လောလောဆယ်မှာတော့ အတွေးထဲမှာလဲဟာနေတယ်.. ရင်ထဲမှာလည်း ခံစားမှုတွေဘလာကျင်းနေတယ်.. (ဘလာကျင်းတယ်လို့သာဆိုတာ အပြင်မှာအဲဒီစကားလုံးတကယ်ရှိရဲ့လားမသိဘူး.. )။ မှတ်မိသေးမယ်ဆိုရင်တော့ အခုပြန်ရေးချင်တာက Utah ခရီးစဉ်အဆက်ပေါ့ဗျာ...။ အရင်အပိုင်းတွေလည်း ဖတ်လို့ရအောင် အောက်ဘက်မှာလင့်ခ်ချိတ်ပေးထားပါ့မယ်..။

Utah သို့အလည်တစ်ခေါက် - ၁
Utah သို့အလည်တစ်ခေါက် - ၂
Utah သို့အလည်တစ်ခေါက် - ၃

  တနလာင်္နေ့ကျတော့ မနက်စောစောထပြီး လေဆိပ်ဆင်းဖို့ပြင်ဆင်ရပါတယ်...။ လေယာဉ်ပေါ်မှာက မြေပဲစေ့လောက်ဘဲကျွေးမှာဆိုတော့  ဟိုတယ်မှာဘဲ နံနက်စာပေါ့ရွှတ်ရွှတ်ကိုစားခဲ့လိုက်တယ်...။ လေဆိပ်ရောက်တော့ အချိန်မှန်ဘဲ စောလည်းမစော နောက်လည်းမကျ.... Baggage Check-in လုပ်တော့ အိတ်တစ်လုံး အတွက် ၂၅ ဒေါ်လာထပ်ပေးရသေးတယ်... ။ တော်သေးလို့ ကျန်တဲ့အိတ်တွေက Samuel အခန်းထဲမှာထားခဲ့တယ်... သူက ကနေဒါကပြန်ရောက်နေပြီလေ... Sandy မှာတစ်ပတ်ထပ်နေပြီးမှ ပြန်မှာဆိုတော့...။ Transit က Minneapolis, Minnesota မှာပါ..လေယာဉ် ၂ နာရီကျော်ကျော်လောက်တော့ စီးလိုက်ရတယ်...။ Minneapolis Airport မှာတော့ လူတွေက ပျားပန်းခတ်နေတာဘဲ... SLC နဲ့မတူဘူး... ။ Transit Time က ၁ နာရီနဲ့ ၁၅ မိနစ်ဆိုတော့ အချိန်သိပ်မရဘူး.. ကြားထဲ Flight Delay ကလည်း မိနစ် ၂၀ လောက်ဆိုတော့ တကယ့် Rush Hour ဘဲ...။ ပိုဆိုးတာက Boarding Gate ရောက်ဖို့ ဒီဘက် Terminal ကနေ ဟိုဘက် Terminal ကိုကူးတာ ၁၅ မိနစ်လောက်တောင် လမ်းလျှောက်ရတယ်.. ဒါတောင် Moving Walkway ပေါ်မှာသွားတာနော်...။ ဓာတ်ပုံရိုက်ဖို့တောင် သတိမရ ဘေးဘီကြည့်ဖို့လည်း သတိမရ Gate ကိုမြန်မြန်ရောက်ဖို့သာ အားလုံးစိတ်စောလို့..။ နောက်ဆုံး Gate ရောက်တော့မှဘဲ သက်ပြင်းချပြီး ဘေးဘီကြည့်မှ ဘယ်ဟုတ်မလဲ... သူ့ Terminal ကတခြားလေဆိပ်တွေလို Channel နှစ်ခုမဟုတ်ဘဲ တစ်ခုတည်းလုပ်ထားတာကိုး...ဒါကြောင့် Gate တွေကတစ်ဖက်တည်းမှာ ...ဆိုတော့ အဝေးကြီးဖြစ်နေတော့တာ...။ အဲဒီအချိန်တော့ Minneapolis မှာရာသီဥတုသာယာနေတယ်... Mid-Autumn ထင်ပါရဲ့...။

Lake Michigan ကိုဖြတ်ပျံတုန်းက 

  Toronto ရောက်ဖို့ကိုတော့ လေယာဉ် ၂နာရီ ၄၅ လောက်ထပ်စီးရတယ်...။ သီချင်းနားထောင်လိုက် ပြတင်းပေါက်ကငေးလိုက်နဲ့ဘဲ အချိန်ဖြုန်းရတယ်...။ Toronto လေဆိပ်ရောက်တော့ ညနေ ၄ နာရီခွဲ ၅ နာရီလောက်တော့ ရှိပြီထင်တာဘဲ...။ ပစ္စည်းထွက်လာတာ စောင့်ရင်းနဲ့ Canadian Dollar နည်းနည်းလဲဖြစ်တယ်.. သုံးဖို့ထက် အမှတ်တရသိမ်းထားချင်လို့ပါ...။ လေဆိပ်အပြင်ထွက်တော့ ကားလာကြိုပေးတယ်... ပတ်ဝန်းကျင်တစ်ခုလုံးကတော့ မြူတွေမိုးတွေနဲ့ မှောင်မိုင်းနေတာဘဲ... လွမ်းစရာကောင်းသလိုလို....။  တကယ့်သွားရမယ့်နေရာက Toronto ရဲ့ အနောက်တောင်ဘက် မိုင် ၅၀ လောက်ဝေးတဲ့ Cambridge ဆိုတဲ့မြို့လေးပါ... ၁ နာရီလောက်မောင်းရမယ်ထင်တယ်...။

 အောက်ဆုံး ကနှစ်ယောက် အကြည်ဆိုက်နေကြတယ်.. =G

 မှိုင်းညို့ရီဝေ...

 ဒါစားပြီး အီစလန်ဝေ (နောက်ထပ်ဘယ်တော့မှမစား)
....စကားမစပ် F&C ကြိုက်တဲ့ ဦးစတိဖ်ကိုသတိရမိသေးတယ် 

  Cambridge မြို့လေးကတော့ အေးအေးချမ်းချမ်းမြို့လေးပါ..... စက်ရုံအချို့နဲ့ ကားလုပ်ငန်းတွေ တွေ့ခဲ့တယ်...။ ၄ ညအိပ်ခရီးမှာ သင်တန်းတက်တာနဲ့ အချိန်ဘယ်လိုကုန်သွားမှန်းတောင် မသိပါဘူး...။ မြို့လယ်လည်း မရောက်ဖြစ် ၆၈ မိုင်လောက်သာဝေးတဲ့ ကမ္ဘာ့နာမည်ကြီး Niagara Falls လည်းမရောက်ဖြစ်လိုက်ဘူး...။ နေ့ဘက်အဆင်မပြေပေမဲ့ ညဘက်ရောက်အောင် သွားမယ်ဆိုပြီး ဘယ်လိုမှကိုအဆင်မပြေလို့ မသွားလိုက်ရဘူး.... ဒီတစ်ခုမရောက်ဖြစ်တာ.... စိတ်ထဲမှာခံပြင်းတယ်..။ Downtown Toronto , CN Tower တွေကို လိုက်ပို့ပေးမယ့်အသိရှိပေမယ့်... အချိန်ဘယ်လိုမှကိုမရလို့ မသွားဖြစ်လိုက်ဘူး....။
 
 ၄ ရက်မှာ တရက်တည်း သာတဲ့နေရောင်အောက်က Cambridge နံနက်ခင်း


  အနားမှာရှိတဲ့ Walmart နဲ့ Souvenir Shop တွေကဘဲ အမှတ်တရ လက်ဆောင်ပေးဖို့ ၀ယ်ဖြစ်တယ်...။ ဒေသအမှတ်တရ ပို့စ်ကဒ်တွေကတော့ ရောက်တဲ့နေရာတိုင်းဝယ်ဖြစ်တယ်... ကဒ်တွေစုရတာလည်း ၀ါသနာပါတယ်..။ ဖြစ်နိုင်ရင် နိုင်ငံပေါင်းစုံက အမှတ်တရပို့စ်ကဒ်လေးတွေ လိုချင်တယ်...အမြတ်တနိုးသိမ်းထားချင်တယ်...။ မေပယ်လ်ရွက်တွေလည်း အမှတ်တရခူးခဲ့သေးတယ်...။

 

နောက်ဆုံးတော့  ဟိုတယ်အနားမှာ ရှိတဲ့ မေပယ်လ်ပင်အောက်ဘဲ ဓာတ်ပုံလေးနည်းနည်းရိုက်ဖြစ်တယ်....။ Vancouver က မလေးကိုလည်း သတိရမိပါရဲ့ ... အရှေ့နဲ့ အနောက် ဆန့်ကျင်ဘက်တွေဝေးလို့ နေပါတယ်....။  အော် ..ကနေဒါရယ် မေပယ်လ်ပင်အောက် နောက်တစ်ခေါက် ပြန်တွေ့တဲ့အထိကွယ်......။

မလေး အမှတ်တရ


အပိုင်း (၅) ဆက်ရန်

5 comments:

Maung Myo said...

အစ်ကိုလည်း သော့ချိတ်လေးတစ်ခုလောက် လိုချင်ပါ့း) နောက်တစ်ခေါက်သွားဖြစ်ရင် ပိုဝယ်ခဲ့နော့် ညီ။

အိမ့်ချမ်းမြေ့ said...

မေပယ်ရွက်လေးတွေက လှလိုက်တာနော်..

မလေး ကနေဒါအရှေ့ဘက်ခြမ်းကို မရောက်ဖူးသေးဘူး။ ဒီတစ်သက်လည်း အလုပ်ကိစ္စကလွဲလို့ သွားဖြစ်မယ်လည်း မထင်ပါဘူးကွယ်..

ညီလင်းသစ် said...

အရင် အပိုင်း (၃) ပြီးသွားတော့ ဆက်မရေးတော့ဘူး ထင်နေတာ..၊ ဒါဆိုတော့လည်း ဆက်ဖတ်ရသေး တာပေါ့လေ..၊ ဒီလို ခရီးသွားဆောင်းပါးလေးတွေ ဖတ်ရတာ ကြိုက်တယ်..။

Steve Evergreen said...

နင် အင်ဂလန် fish and chip မစားဘူးသေးလို့ ပြောတာ ကနေဒါလား ဗြိတိန် မှီမှာလဲ လာစမ်းပါ လိုက်ကျွေးမယ် ဘယ် ပြန်တောင် ပြန်ချင်မှာ မဟုတ်တော့ဘူး

Anonymous said...

ဒို့ လည်း အနောက်တိုင်းစာကို တခါ၂ခါ ထက် ပိုမစားနိုင်ပါဘူး။ စတိပြော တဲ့ fish and chipကနေရာတိုင်းမှာ အရသာ တူ၂ဘဲဟာ
သင်တန်းအကြောင်း ပြောပြအုန်း
ဆောင်း