နံနက်ခင်းလေပြည်တို့ကတောင်ကြောတစ်လျှောက် အတားအဆီးမဲ့စွာ လွတ်လွတ်လပ်လပ်တိုက်ခတ်နေသည်။ တစ်တောင်လုံး မြူတွေအုံ့ဆိုင်းကာ ….. ရာသီဥတုသည် အေးစိမ့်လျက်..။ သစ်ပင်ပန်းမန်တို့သည် …. နှင်းရည် တို့ စိုလူးလျက် စိုပြည်လန်းဆန်းနေကြသည်…။ ထိုအချိန် တောင်ခြေဆီသို့ လူတစ်ယောက် တဖြည်းဖြည်း လမ်းလျှောက်လို့လာနေသည်…။ ချမ်းအေးလွန်းလှသော ဆောင်းရာသီနံနက်ခင်းတွင် သူသည် စိတ်ပြေလက် ပျောက်လမ်းလျှောက်ထွက်လာခဲ့သည်…။ သူထွက်လာသည့်အချိန်တွင် လမ်းပေါ်တွင် လူတစ်ယောက်စ နှစ်ယောက်စသာရှိသည်.။ တွေ့ရသလောက် ဈေးသည်များနှင့် ဆိုင်ဖွင့်ရန် သွားနေကြသူများသာ ဖြစ်သည်…။ သူဧ။် စိတ်တွေသည် ဟိုဟိုသည်သည် ပျံ့လွင့်လို့….. သူ့ရဲ့ခြေလှမ်းအစုံတို့သာ တောင်ခြေဆီသို့ ရေရေရာရာ ဦးတည်နေသည်..။
တောင်ခြေတော့ရောက်လုပြီ….. တောင်ကိုမျှော်ကြည့်လိုက်တော့ တစ်တောင်လုံးမြူတွေဆိုင်းနေသည့်မြင်ကွင်း တွေသည် သူ့ အလွမ်းတွေကို ကစဥ့်ကလျားဖြစ်သွားစေသည်…။ အနွေးထည်ထူထူ ၀တ်ထားတာတောင် အအေးဓာတ်က ထိုးဖောက်နိုင်လွန်းသည် …သူတစ်ကိုယ်လုံး အေးစိမ့်လို့ ပါးစပ်ကပင်အငွေ့တွေထွက်နေသည်။ လေညှင်းတစ်ချက် တိုက်လိုက်တော့ နံနက်ခင်းမြူနှင်း ရနံ့တွေနှင့် အတူ တစ်ချိန်က ရင်းနှီးခဲ့ဖူးသော ရနံတစ်ချို့ ကိုပင် ရလိုက်သလို…။ တောင်ခြေကိုရောက်တော့ အအေးဓာတ်ပင်ပိုလို့ သိပ်သည်းလာသလို….. မြူနှင်းတွေ ကြားမှ သူလျှောက်ခဲ့ဖူးသော လမ်းကလေးသည်ေ၀၀ါးစွာ ၀ပ်စင်းလျက်……။ လမ်းကလေးတစ်လျှောက် သူ တဖြည်းဖြည်း တက်သွားသည်…. တစ်တောင်လုံးမြူတွေဝေ နေသည်မှာ ရှေ့ဝါးတစ်ရိုက်လောက်ကိုပင် သေသေချာချာမမြင်ရ မှုန်ဝါးလို့နေသည်…။ ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းသော ရာသီဥတုပင်………………….။ ထင်ရှူးပင်တို့ကလည်း နှင်းရည်တွေနဲ့ စိမ်းစိုလို့….. ထင်းရှူးရနံ့တို့က သင်းပျံ့လို့နေသည်…..။ တစ်ခါတစ်ခါ ထင်းရှူးကိုင်းတွေကြားကူးလူးခုန်ပေါက်နေသော ရှဥ့်ကလေးများကိုလည်းတွေ့ရသေးသည်….။
မြေနီလမ်း ကလေးဘေးမှာ ပန်းရောင်ချယ်ရီတို့ က မြိုင်မြိုင်ဆိုင်ဆိုင်နေရာယူနေကြလေပြီ….။ ပတ်ဝန်းကျင်တစ်ခွင်သည် ပန်းရောင်၊ အစိမ်းရောင် တို့ဖြင့် လှပနေသည်…။ သူ့အား အမြဲပင်အမောပြေစေတတ်သော စမ်းချောင်းလေး သည်လည်း တသွင်သွင်စီးဆင်းနေသည်….. ငှက်ကလေးများကလည်း ရေသောက်ဆင်းလို့…။ တီတီတာတာ ကျီကျီကျာကျာ အသံကလေးများကလည်း အေးချမ်းလှပသော နံနက်ခင်းကို ပိုလို့ပင် အသက်ဝင်စေသည်….။ လမ်းကလေးအတိုင်း ဆက်လျှောက်လာတော့ မကြာခင်မှာပင် တောင်ပေါ်စေတီလေးသို့ပင် ရောက်လာချေပြီ။ အချိန်တော်တော်ကြာ ဘုရားကန်တော့ပြီးနောက် သူ့စိတ်တွေသည် လုံးဝပင်ကြည်လင်အေးချမ်းလို့သွားသည်။ စေတီမှ ဆည်းလည်းသံကလေးများက နာပျော်ဖွယ်ကောင်းသလို သူတစ်ယောက် ခေါင်းလောင်းထိုးလိုက်သော အချိန်တွင်တော့ သာယာသောနံနက်ခင်းသည် ပြီးပြည့်စုံသွားလေသည်….။ မြောက်ပြန်လေသည် သူ့ပါးပြင်တစ်လျှောက် ပြင်းပြင်းတိုက်ခတ်သွားသည်….။ တောင်ပေါ်ကစေတီလေးသည် မြို့အရှေ့ဘက် တောင်ပေါ်တွင် တည်ထားသောကြောင့် စေတီရှိရာ တောင်ပေါ်ကနေလှမ်းကြည့်လိုက်ရင်ဘဲ တစ်မြို့လုံးကို အပေါ်စီးကနေပြီး လှမ်းမြင်နေရသည်…။ ကြည့်လိုက်တော့ ခေါင်မိုးနီနီအိမ်ကလေးတွေ စီရီလို့ .. လမ်းတွေကလည်းသွယ်တန်းဖြောင့်ဖြူးလို့…… အိမ်ခေါင်းမိုးတွေမှ မီးခိုငွေ့မျှင်မျှင်တွေကလည်း မြို့အနှံ့ ပျံ့လွင့်လို့….။
တေးသွားလေးတစ်ခုကိုသာ သူ အထပ်ထပ်ရွတ်ဆိုမိနေသည်… အတွေးတွေကတော့ အမှတ် တရအဖြစ်အပျက်တွေဆီ…………..။ ထိုအချိန် မိုးလေးတစ်ဖွဲဖွဲကျလာသည်… ကျောက်ခဲတစ်လုံးကိုကောက်လို့ တောင်အောက်ကိုပစ်လိုက်တော့ ခြုံတစ်ခုထဲမှ ငှက်တစ်အုပ် ပျံပြေးသွားသည်….။ နည်းနည်းဆက်လျှောက် တော့ သူတို့ထိုင်နေကျ ခုံတန်းလေးသို့ရောက်လာသည်….အမှတ်တရတွေရှိခဲ့တဲ့နေရာလေးလည်းဖြစ်သည်....။ ချယ်ရီပင်အောက်က ခုံတန်းလေးသည် သူ့ကို အေးအေးစက်စက် ငြိမ်ငြိမ်သက်သက် ကြိုဆို နေသယောင်.....။ ထိုနေရာလေးတွင် ချစ်ခင်မှုတွေဆွတ်ပျံ့ခဲ့ဖူးသည်၊ ၀မ်းနည်းဝမ်းသာမှုတွေပေါင်းဆုံဖူးသည်….၊ မျှော်လင့်ချက် တွေလင်းလက်ခဲ့ဖူးသလို…. ဒါဏ်ရာဝေဒနာတွေလည်းခံစားခဲ့ရဖူးသည်……။ အခုတော့ ခုံတန်းလေးမှာ သူတစ် ယောက်သာ အထီးကျန်စွာ ငေးမောနေသည်…..။ ဒါဏ်ရာကို အချိန်က ကုစားပေးမည်ဆိုတာကိုတော့ ခုထက် ထိ သူမယုံကြည်နိုင်သေးပါ….။ အချိန်ကာလတစ်ခုအထိတော့ သူစိတ်ရှည်စွာ စောင့်စားရပေဦးမည်…………..။ မိုးသည် တဖြည်းဖြည်းသည်းလာလေပြီ……သူလည်းအိမ်ပြန်ဖို့ပြင်လိုက်သည်……။ တောင်ဆင်းလမ်းကလေး သည် အတက်တုန်းကတွေ့ခဲ့ရသလိုပင် ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းနေဆဲ………။ သူ့အလွမ်းတွေသည်လည်း အထိန်းအကွပ်မဲ့စွာ မြူနှင်းတွေလို နေရာအနှံ့ပျံ့လွင့်လျက်………………………………………………………။
မြေနီလမ်း
တေးသွားလေးတစ်ခုကိုသာ သူ အထပ်ထပ်ရွတ်ဆိုမိနေသည်… အတွေးတွေကတော့ အမှတ်
2 comments:
နှစ်လိုဖွယ်ကောင်းတဲ့ ဖန်တီးချက်တွေ ကို လာဖတ်သွားတယ်၊ အားပေးလျက်ပါ။
http://winzaw-mdy.blogspot.com
အစ်မ မင့်ဘလောဂ်မွှေနေတာ.. ဒါလေးပြန်ဖတ်သွားတယ်။ စုတ်ချက်နုနုလေးနဲ့ အရမ်းလှတဲ့ ပန်းချီလေးပဲကွယ်..
Post a Comment