"....... ဟူး............." သက်ပြင်းတစ်ခုကိုသူမှုတ်ထုတ်လိုက်သည်။ တစ်နေ့လုံး အလုပ်လုပ်နေရတာတွေကြောင့် သူတစ်ယောက်တော့ ပင်ပန်းလှပြီ။ သို့သော်လည်း ခဏနေတော့ဆိုင်ပိတ်ရမည်ဖြစ် သောကြောင့် အနည်းငယ် စိတ်သက်သာရာတော့ရသွားပါသည်....။သူ ဆိုသည်မှာစတိုးဆိုင်လေး တစ်ခုတွင် အချိန်ပိုင်း အလုပ်လုပ်နေသောလူငယ်တစ်ယောက်ဖြစ်သည်..။ ကျောင်းတက်နေရင်းမှာ ပင် အိမ်မှလတိုင်း ပို့ပေးနေသော သူ့အတွက် လစဉ်စရိတ်ကို တတ်နိုင်သမျှသက်သာစေရန်သူအချိန်ပိုင်းအလုပ်လေး ကို စလုပ်နေသည်မှာ (၂) လခန့်ပင်ရှိနေလေပြီ...။
ဒီနေ့တော့ သူ နေ့လည် ၂ နာရီမှ စလုပ်နေသည်မှာ အခုလိုအချိန်တွင်တော့ တော်တော်လေးပင်ပန်းနေလေပြီ..။
စနေနေ့ မို့လို့ လားတော့မသိ ဈေးလာဝယ်ကြသူတွေကတော်တော် များလေသည်။ သွားတိုက်ဆေး သွားပွတ်တံ
မှအစ ခေါင်းလျှော်ရည်၊ ရေမွှေး ၊ အားဆေး စတာတွေ ကို အ၀ယ်များကြသည်...။ နာရီကို ကြည့်တော့ ၉း၄၅ တောင်ရောက်နေပြီ ဆိုင်စပိတ်လိုက်တော့မယ်......။ ပစ္စည်းတွေ နေရာရွှွှေ့ ၊ စာရင်းတွက် နဲ့ပဲ ၁၀း၁၅ လောက်
ရောက်တော့အားလုံးပြီးသွားပါတယ်.........။ တော်သေးတယ် ဒီနေ့ စာရင်းကိုက်လို့ ... တစ်ချို့နေ့ စာရင်းမကိုက်
တဲ့ ရက်တွေဆိုရင် သူတစ်ယောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကို ဖုန်းဆက်မေး ၊ ဟိုလူ့မေး ဒီလူ့မေးနဲ့ တော်
တော်ဗျာများရသည်....။ အားလုံး သိမ်းဆည်းလို့ပြီးတော့ သူစိတ်အေးသွားသည်...။
အလုပ်ကနေ ထွက်လာတော့ ဘတ်စ်ကားမှတ်တိုင်ကို လမ်းလျှောက်ရဦးမည်....။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ရင်း သီချင်းနားထောင်တဲ့ နားကြပ်ကလေးကို နားမှာ အသာထည့်လိုက်တော့
သံစဉ်တေးသွားတစ်ခု က စီးဆင်းလာသည်.....။ ကားမှတ်တိုင်ရောက်တော့ သူအပါအ၀င် ကားစောင့်နေသူ နှစ်
ယောက်လောက်သာရှိသည်.... အင်းလေ လူတော်တော်များများ ဒီလိုပိတ်ရက်တွေမှာ အိပ်မှ မိသားစုနဲ့ တူတူ
ပျော်ပျော်ရွှင်ရွှင်နေကြမှာ ပဲ လို့ သူတွေးလိုက်မိသည်..။ ဟော....... ဟိုမှာကားတောင်လာနေပြီ ....မြန်မြန်တက်မှ
ဘဲ........။
ကားပေါ်ရောက်တော့ လူကတော့ သိပ်မများ သို့ပေမဲ့ ထိုင်ခုံတော်တော်များများမှာတော့ လူတွေထိုင်နေကြပြီ..။
သူကားအတွင်း မျက်လုးံကိုကစားလိုက်သည်..... တွေ့ပြီ ထိုင်ခုံလွတ်တစ်ခု ...သူအမြန်ဝင်ထိုင်လိုက်သည်။ ထိုင်ခုံ
ပေါ်ထိုင်လိုက်တော့မှဘဲ လူကသက်တောင့်သက်သာရှိသွားသည်..တစ်နေ့လုံးမတ်တပ်ရပ်ပင်ပန်းလာခဲ့သည်ကိုး
...။ သီချင်းနားထောင်ရင်း ကားပြတင်းပေါက်အပြင် ဘက်ကိုကြည့်လိုက်တော့ နီယွန်မီးတိုင်တွေ နှင့်သစ်ပင်တွေ
က လမ်းဘေးတစ်လျှောက် စီရီနေကြသည်...။ တစ်ချက်မှာတော့ သူတစ်ယောက် မှေးကနဲ အိပ်ပျော်သွားသည်။
ခဏနေတော့ သူပြန်နိုးလာသည်... ဘေးဘီကို လှည့်ကြည့်တော့ လူတစ်ချို့ ငိုက်မြည်းနေကြသည်... တစ်ချို့က
စာဖတ်နေကြသည်...။ တစ်နေရာရောက်တော့ တုန်တုန်ချိချိနဲ့ ရပ်နေသော အဖွားအိုတစ်ယောက်ကို တွေ့လိုက်
ရသည်...။ နေရာလွတ်လည်း မရှိတော့ အဖွားအို ခမျာ တန်းလေးတစ်ခုကို သာ အားပြုလို့ ရပ်နေရသည်.။ သူဘေး ဘက်ကိုကြည့်လိုက်တော့ အဖွားအိုအနားက လူတွေကလည်း မသိချင်ယောင်ဆောင်နေကြသည်....
အချို့ကလည်း စာကို သာ သည်းကြီးမည်းကြီးဖတ်နေကြသည် အဖွားအိုကို သတိပြုမိဟန် မပေါ်..။ အဖွားအိုမှာ
ဘယ်လောက်ကြာကြာ ဒီလိုဆက်ရပ်နေရဦးမလဲ......။
ထိုအချိန်တွင်တော့ သူ့စိတ်ထဲတွင် အငယ်စား လွန်ဆွဲမှုလေးတစ်ခုဖြစ်ပေါ်လို့နေသည်....။ အဖွားအိုထိုင်ဖို့ အတွက် သူနေရာမှ ထပေးလိုက်ချင်သည်..... သို့သော်လည်း ဒီနေ့ အဖို့တော့ တော်တော် ပင်ပန်းနေသော ကြောင့် အိမ်နားက မှတ်တိုင်ရောက်သည် အထိတော့ သူထိုင်လိုက်ချင်သည်...။ သူတစ်ယောက် ဝေခွဲလို့မရ
ဖြစ်နေစဉ်မှာပင် အတွေးတစ်ခု သူ့ဆီဝင်ရောက်လာခဲ့သည်... "ဒီနေရာမှာ သူ့အဖွားသာဆိုရင်...."။ သူဆက်မ
တွေးနိုင်တော့ ..ဘာမှစဉ်းစားမနေတော့ဘဲ အဖွားအိုဆီသွားကာ သူ့ထိုင်ခုံမှာ ထိုင်ပါဟု ယဉ်ကျေးစွာပြောလိုက်
သည်....။ သူလည်းပဲ အဖွားအိုအနားမှာ ရပ်လို့သာလိုက်ပါလာခဲ့သည်.....။ အဖွားကို ဘယ်သွားမလဲလို့ မေးကြည့်
လိုက်တော့ သွားမည့်နေရာက သူနေသည့်နေရာထက်တောင် ပိုလို့ ဝေးသေးသည်....။ တစ်လျှောက်လုံး အဖွားနှင့် စကားတွေပြောလာခဲ့သည် .....။
စကားတွေကောင်းနေတာနဲ့ ဘဲ အိမ်နားက မှတ်တိုင်ရောက်မှသူ ဆင်းရမည်ဆိုတာကို သတိရသည်...။ အဖွားကို
အမြန် နှုတ်ဆက်လို့ ကားပေါ်ကဆင်းလိုက်သည်....။ အိမ်ဘက်သို့ တဖြည်းဖြည်းလမ်းလျှောက်လာသည်............
ပင်ပန်းမှုတွေသည် ဘယ်ဆီရောက်မှန်းမသိ....မေ့ပျောက်လို့နေသည်....။ သူ့ခြေလှမ်းတွေက ပေါ့ပါးနေသလို....
နောက်တစ်ခါ ဒီလိုအဖြစ်မျိုးကြုံလာခဲ့ရင်လည်း ... သူ့အတွက်တော့ အထူးစဉ်းစားနေစရာ မလိုတော့ပေ...
..............။

4 comments:
မောင်လေးဖြိုးရဲ့ ကိုယ်တွေ့လေးလား။
တတ်သိလိမ္မာတဲ့ မောင်လေးဖြိုး အောင်မြင် အဆင်ပြေပြီး ပျော်ရွှင်ချမ်းမြေ့ပါစေနော်။
မမလည်း အဲလိုပဲ..လူကြီးတွေနဲ့တွေ့ရင် နေရာပေးတတ်တယ်လေ။
ခင်တဲ့
မမ၀ါ
ကောင်းတယ်ဗျာ .. သာဓု .. သာဓု .. သာဓု .. ကျွန်တော်လည်း ခဏ ခဏ ကြုံဖူးတယ်ဗျ .. မြန်မာလူမျိုးတွေရဲ့ ကောင်းမွန်တဲ့ ဓလေ့ တခု ..
ချစ်စရာကောင်းတဲ့ အပြုအမူ တစ်ခုပါဗျာ ..
တစ်ခြားနိုင်ငံတွေမှာ အရမ်းရှားတယ် ...
မောင်လေးရဲ့ ဖြူဖြူစင်စင် စိတ်ဓါတ်လေးကို လေးစားပါတယ်.. ကိုယ်ချင်းလဲစာတယ် မမတို့လဲဒီလိုပါပဲ.. ပင်ပန်းပြီး. ငိုက်လာတာပဲ..
ဘေးဘီတောင် အဲလိုလှည့်မကြည့်အားဘူး..
မှတ်တိုင်တွေ ကျော်သွားတာ ခဏ ခဏ...
ဖြိုးရေ---
"အခိုက်အတန့်"
ကိုဖတ်သွားတယ်--
မြန်မာလူငယ်လေးတွေရဲ့--
ဂါရဝတရား--တွေ--
ပရဟိတ စိတ်တွေ---
လူတိုင်း--ရှိနိုင်ကြပါစေ--
Post a Comment