Tuesday, November 4, 2008

အိပ်မက်ထဲကချစ်သူ

တစ်နေ့က စာအုပ်စင်ရှင်းရင်းနဲ့ဘဲ စာရွက်တိုလေးတစ်တွဲ စာအုပ်တွေကြားကနေ ထွက်ကျလာပါတယ်...။ သေသေ ချာချာ ကောက်ကြည့်လိုက်တော့ ကဗျာတွေကို တွေ့ရပါတယ်....။ကဗျာလေးတွေကို သေသေချာချာ လက်ရေးနဲ့လိုက်ကူးထားတာပါ ။ တစ်ချို့ ကဗျာတွေကိုတော့ ရေးသူဖော်ပြထားပြီး တစ်ချို့မှာဖော်ပြထားခြင်း မရှိပါ ဘူး..။ ကဗျာလေးတွေ ကောင်းလို့ ခုတစ်ပုဒ်ကစပြီး နောင်မှာလည်း အလျဉ်းသင့်သလို တင်ပေးသွားပါ့မယ်...။

"အိပ်မက်ထဲက ချစ်သူ"



အတွေးနယ်ချဲ့လွန်ရင်း
အိပ်ပျက်ညတွေများပြီ
ဆိုးလွန်းတဲ့ အတွေးက
မင်းအကြောင်းဘဲ တစ်လည်လည်ဆိုတော့
မနက်ဖြန်အတွက်
ကျောင်းမမီ ပြန်ဘူးပေါ့

ရင်ကဝေဒနာ
အဖြေရှာလို့မရပေမယ့်
ရင်နာရတဲ့ အဖြစ်တွေက
နေ့စဉ်နဲ့ အမျှပါပဲ........

သတိနဲ့ ထိန်းလို့
ခံစားမှုတွေ လူမမြင်အောင်
ခင်တွယ်သူတွေနဲ့ ရယ်မောရင်း
ဟန်ဆောင်ရတဲ့ ဘ၀နဲ့
အသက်ရှင်နေရတာပါ......

အနားယူ အိပ်စက်ချိန်မှာတောင်
ငြိမ်သက်စွာ မနေတဲ့ စိတ်က
တိတ်ဆိတ်တဲ့ ကမ္ဘာလေးထဲ
အပျော်လေးတွေ ဖန်ဆင်းပေးသယောင်နဲ့
အဖော်အဖြစ် ရှိနေတာလည်း
ငါသိပ်ချစ်တဲ့.........
အိပ်မက်ထဲက ချစ်သူ.....မင်းပါ....................။


ရေးသူ - S.S.S



1 comments:

ဖြိုးငယ် said...

ဖြစ်နိုင်ချေရှိတာ .. ငယ်ငယ် ကျောင်းနေတဲ့အရွယ်တုန်းက ရေးထားတာဖြစ်နိုင်တယ်နော် .. အချစ်တွေ ထကြွနိုးကြားတဲ့အချိန်ပေါ့ .. ကိုယ်ချင်းစာပါတယ်ဗျာ