Tuesday, November 25, 2008

မေးခွန်း



အခါခါ ရစ်နှောင်တဲ့ကြိုး
ဒီတစ်ခါတော့ ဆွေးမြေ့ပြီလား...။

အကြိမ်ကြိမ် သောက်ခဲ့ဖူးသောကော်ဖီ
ဒီတစ်ကြိမ်တော့ ချိုမြလို့နေပြီလား...။

အနှစ်နှစ် ပူခဲ့ဖူးသောနွေ
ဒီတစ်နှစ်တော့ ချမ်းအေးပြီလား....။

တစ်သွင်သွင် စီးဆင်းနေသောစမ်းချောင်းလေး
ဒီတစ်ချီတော့ ခမ်းခြောက်လို့နေပြီလား...။

သာသာယာယာ သီးကျူးတတ်တဲ့ ငှက်ကလေးတွေ
ဒီမနက်တော့ ဆွံ့အလို့နေကြပြီလား...။

တစ်သုန်သုန် တိုက်ခတ်သောလေပြည်
အခုတော့ ငြိမ်သက်ပြီလား..။

ပျော်ရွှင်ခဲ့ဖူးသော အချိန်ကာလတွေ
အခုချိန်တော့ ပျောက်ဆုံးလို့နေပြီလား......။

ရှိခဲ့ဖူးတဲ့ အမှတ်တရတွေ
တဖြည်းဖြည်းနဲ့ ပြယ်လွင့်ပြီလား...။

ကြယ်စင်တွေ ရေတွက်ခဲ့ဖူးတဲ့အိပ်မက်ညတွေ
အခုတော့ မှေးမှိန်ပြီလား...။

ကိုယ်မြတ်နိုးတဲ့ မင်းရနံ့တွေ
တစ်ချိန်ချိန် ပြန်ရရှိနိုင်ပါ့မလား.....။

ခင်တွယ်ခဲ့ဖူးတဲ့ ကိုယ်တို့နှစ်ယောက်
ဒီတစ်သက်တော့ ပြန်ဆုံနိုင်ပါ့မလား...။

5 comments:

WWKM said...

ကောင်းပါပေ၏။

sait phay yar said...

ကောင်းလိုက်တဲ့ကဗျာလေး ရိုးရိုးလေးနဲ့ညိမ့်ညိမ့်လေးခံစားရတယ်

Anonymous said...

ပျောက်ဆုံးလုဖြစ်တဲ့ အစ်မရဲ့ ရသခံစားချက်လေးတွေ ဒီကဗျာလေးဖတ်ပြီး ပြန်အသက်ဝင်လာတယ် မောင်လေးရေ..

ခေါင်ခေါင် said...

ကဗျာအေးအး ချိုချိုလေး.. ခံစားသွားတယ်
မောင်လေးရေ..

Anonymous said...

ကဗျာလေးလှတယ်---