
ဘလော့ကိုပစ်ထားတာလည်းကြာပြီ...တကယ်လည်းကျောင်းနဲ့ အလုပ်နဲ့ အလုပ်တွေများနေလို့ပါ...။ လာလည်ကြတဲ့သူတွေလည်း.ပို့စ်အသစ်မရှိတာကြောင့်...အားတုံ့အားနာဖြစ်ရပါတယ်ဗျာ..။ ဒါကြောင့်နောက်ပိုင်း
မှာ ကျွန်တော်ဘလော့အလည်ကျဲ ၊ ပို့စ်လည်းအဆင်ပြေသလိုတင်သွားမှာဖြစ်ကြောင်းကို မေတ္တာရပ်ခံပါတယ်ဗျာ..။
ခုချိန်မှာတော့ အချစ်ဆိုတဲ့အကြောင်းလေးကို ကျွန်တော့်ရဲ့ထင်မြင်ချက်များနဲ့ ပို့စ်တစ်ခုအဖြစ်ရေးသားလိုက်ရပါ
တယ်...။
ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာဘာလဲလို့တော့မသိခဲ့ဘူးပေါ့..။ လူကြီးတွေက "အနိုင်း(အဘွား)ကိုချစ်လား၊
နန(အဒေါ်)ကိုချစ်လား...ဖေဖေ၊မေမေကိုချစ်လား ..ဘယ်လောက်ထိချစ်လဲ"..လို့မေးလာခဲ့ရင်တော့.."ကလေး
ပီပီစဉ်းစားစရာတောင်မလို..အမူအရာလေးနဲ့ "ဟောသည်လောက်ကြီးချစ်တယ်..." လို့မဆိုင်းမတွ ပြန်ဖြေခဲ့ဖူး သည်။ ကလေးပဲကိုး... အချစ်ရဲ့အဓိပ္ပာယ်ကိုလည်းမသိ.. စဉ်းတောင်မစဉ်းစားခဲ့ဖူးပါ...။ အချစ်ဆိုတာကို မေတ္တာနဲ့ယှဉ်တွဲလို့ ၅၂၈ ၊ ၁၅၀၀ အချစ်လို့လူတွေကပြောကြ ပါသည်..။ အချစ်ဟူသည် အမျိုးမျိုးသော အသွင်ဏ္ဌာန်နှင့် မိဘနှင့်သားသမီးအကြား၊ မိတ်ဆွေတစ်ဦးနှင့်တစ်ဦးအကြား..၊ ဆရာနှင့်တပည့်အကြား၊ အလုပ်ရှင်နှင့်အလုပ် သမားအကြား...၊ လူနှင့်တိရ စ္ဆာန်များအကြား ၅၂၈ တစ်သွယ်၊ ၁၅၀၀ တစ်မျိုးဖြင့်တည်ရှိ ဖြစ်ပေါ်နေပါတယ်...ကျွန်တော်တွေးမိသလောက်ပေါ့...။
၅၂၈ မေတ္တာကြိုးတွေကြားမှာတော့ အချစ်က ပေးဆပ်ခြင်းနဲ့ရယူခြင်းတွေမျှတနေတယ်လို့ထင်ပါတယ်...။ အချစ်ကိုပေးလိုက်တဲ့သူရော ရယူသွားတဲ့လူပါ အကျိုးတွေခံစားရရှိနိုင်ပါတယ်...။ အချစ်ကိုပေးလိုက်တဲ့လူက လည်းပေးဆပ်ခြင်းရဲ့ပီတိကို ခံစားရသလို ....ရယူလိုက်တဲ့သူကပါ ကျေနပ်နှစ်သိမ့်မှုကိုခံစားရပါတယ်...။ ကိုယ်က တစ်ဦးတစ်ယောက်အပေါ် ချစ်ခင်မှုလေးများပြလိုက်ရင်ဖြင့် ထိုသူမှာလည်းကျေနပ်နှစ်သိမ့်ကာ ချစ်ခင်မှုများနဲ့ပြန်လည်တုန့်ပြန်မှာမလွဲမသွေပါဘဲ...။ သက်ရောက်မှုမှာ တန်ပြန်သက်ရောက်မှုရှိသလို အချစ်မှာလည်း အပေးရှိသလို ၊ ပြန်လည်လက်ခံရတာလည်းရှိပါတယ်လို့ ထင်ပါတယ်..။ ကျွန်တော်ဆိုရင် အမေ နဲ့အဖေက ဂရုတစိုက်နဲ့ချစ်ခင်မှုလေးတွေပြလိုက်တာနဲ့ အတိုင်းမသိပျော်ရွှင်ကျေနပ်တာပဲ...။ တစ်ခါတစ်လေ အမေ့ကို စိတ်ကောက်ပါတယ်....ဘယ်လိုချော့ချော့မရပေမဲ့..နောက်ဆုံးအမေက မွှေးမွှေးတစ်ချက်ပေးလိုက်ရင်တော့ တဟီးဟီးဖြစ်ပြီး စိတ်ကောက်တာကိုပျောက်ရော...(ခုထိမွှေးမွှေးပေးတုန်း... :P)။ ချစ်ခင်မှုမေတ္တာတွေ ရဲ့စွမ်းအား တွေလို့ ဆိုရမလားဘဲ.........။
၁၅၀၀ မေတ္တာနယ်ပယ်မှာတော့ အချစ်ဆိုတာ ကျွန်တော်အတွက်တော့ပေးဆပ်ခြင်းလို့ပဲ ခံယူထားပါတယ်...။ အရင်က အချစ်ဆိုတာမကြုံတွေ့ခဲ့ဖူးသလို တစ်ကယ်ကြုံတွေခဲ့တော့လည်းတစ်သက်တာမမေ့နိုင်ခဲ့ပေါ့...။ အချစ်ကိုကြုံတွေခဲ့ရတာတော့ (၈)တန်းလောက်မှာပါ..... အရွယ်မရောက်သေးဘူး ငယ်သေးတယ်လို့ပဲ တစ်ချို့ ကပြောကြမလား..........။ တစ်ကယ်တော့အမြဲဆိုသလို သူတစ်ယောက်ကိုတွေ့နေခဲ့တာဘဲ....တစ်ကယ်လည်း ချစ်နေပြီဆိုတာသိတော့ ရင်ထဲမှာသူက နက်နက်ရှိုင်းရှိုင်းနေရာယူခဲ့ပြီ...။တစ်လျှောက်လုံး ချစ်နေခဲ့တာတွေကို ဖွင့်မပြောဖြစ်ခဲ့ပါဘူး....အမြဲအကူအညီလိုရင် လိုလိုလားလားကူညီပေးခဲ့တာဘဲ...။ "မပိုင်ဆိုင်ရရင်နေပါစေ မြင် နေရုံလေးဘဲကျေနပ်တယ်..." ဆိုတဲ့ စကားလိုဘဲ မတွေ့ရရင်တော့ တစ်ခုခုလိုနေသလို၊ မနေနိုင်မထိုင်နိုင်သလို ဖြစ်ခဲ့တာချည်းဘဲ.... ဒါပေမဲ့လည်း ရယူခြင်းမဟုတ် ပေးဆပ်နေတာကိုက ကိုယ်ရဲ့အချစ်ကိုဖော်ပြနေခြင်းဘဲ...။ ဦးထီး သီချင်းထဲကလိုဘဲ..... ငယ်ချစ်ဦးမို့ ခုထိတိုင်မမေ့နိုင်သေးပါဘူး..............။ ဒါကြောင့်မို့ အချစ်ဆိုတာ ကျွန်တော်အတွက်တော့ပေးဆပ်ခြင်းပါလို့ ပြောရင်း.. Tag Game လေးရဲ့အချစ်ဆိုတဲ့မေးခွန်းလေးကို ဖြေကြား လိုက်ပါရစေဗျာ............။

4 comments:
အချစ်ကို ရိုးရိုးလေး ဖြေသွားတယ်နော်--
အားပေးနေပါတယ်---
လာဖတ်သွားတယ် မောင်လေးဖြိုး။။။။
ကောင်းပါ၏။
ခင်တဲ့
မမ၀ါ
ကိုဖြိုးရေ အဲ့ဒီအချစ်နောက်ဆက်တွဲကိုလည်း ဖတ်ချင်မိတယ်ဗျာ
Post a Comment