Saturday, November 19, 2011

မြန်မာပြည်ခရီး - ၁၀ (ဟိုပုံး ထမ်ဆမ့်ဂူ)

အခု ခရီးစဉ်အမှတ်(၁၀)ရေးမလို့လုပ်တုန်း ဘယ်မှာဆုံးထားသလဲလို့ အမှတ်(၉)ကိုပြန်ကြည့်တော့ ဟိုးစက်တင်ဘာလကတည်းကပါလား...။ ခဏလေးလို့ထင်ထားပေမယ့် ၂လတောင်ရှိသွားပြီး..အချိန်တွေများမြန်ချက်ဗျာ..တစ်လဆိုခဏလေးဘဲ..။ ယူတားခရီးတုန်းကလို ဘကျောက်နမိတ်ဖတ်ခဲ့သလိုများဖြစ်နေသလားမသိဘူး...လဆက်ကိုဖြစ်နေတော့တယ်..။ သွားခဲ့တာတွေပြန်စဉ်းစားကြည့်ပြီး အခုချိန်တောင်ကောက်ကာငင်ကာ ပြန်သွားလိုက်ချင်တယ်..ဒီအချိန်ခရီးသွားလို့ကောင်းတဲ့အချိန်လေ..။


အင်းလေးကနေအပြန်ကျတော့မောပြီး ညဘက်အိပ်လို့အတော်ကောင်းသွားတယ်..။ နောက်တစ်နေ့မနက်ပိုင်း အိမ်မှာ သံဃာငါးပါးဆွမ်းကပ်ပြီးတော့ နေ့လည်ပိုင်းအချိန်ရနေတာနဲ့ ထမ်ဆမ့်ဂူဘက်သွားဖို့ပြင်ကြတယ်... ကြုံတုန်းတော့တစ်ခါလောက်ရောက်ဖူးအောင်သွားချင်တယ်လေ..။ နေ့လည်တစ်နာရီခွဲလောက်အိမ်ကထွက်ဖြစ်တယ်... အဲဒီအချိန်တော့ ကောင်းကင်ကမိုးသားနည်းနည်းရှိတာကလွဲလို့ ကြည်လင်နေတယ်..။ မင်းလမ်းတစ်လျှောက်ဖြတ်လာပြီးမှ ဂေါက်ကွင်းနားကနေဟိုပုံးဘက်ဆက်ထွက်ခဲ့ကြတယ်..။ တောင်ကြီးနဲ့ဟိုပုံးက ၁၀ မိုင်လောက်တော့ ဝေးမယ်ထင်တယ်...ငယ်ငယ်လေးကတည်းက အခုချိန်ထိဟိုပုံးမှမရောက်ဖူးသေးဘူး...ဂေါက်ကွင်းကျော်လို့တစ်ခါမှမသွားဖူးသေးဘူး...။





 

ဟိုပုံးဘက်အသွား တောင်အဆင်းလမ်းကသာယာတယ်...ဟိုးအောက်မှာတောင်ကုန်းလေးတွေ အိမ်ခြေတွေနဲ့ ...အဝေးမှာတော့ ထုနဲ့ထည်နဲ့တောင်တန်းကြီးတွေ... ခပ်ရိပ်ရိပ်မိုးသားအောင်မှာ လွမ်းစရာမှိုင်းညို့လို့နေတယ်...။ ဟိုပုံးမြို့အသေးလေးတစ်ခုဘဲ....အဲဒီကနေထမ်ဆမ့်ဂူကို ၁၀ မိုင်ကျော်ကျော်ဆက်သွားရသေးတယ်...။ လမ်းတစ်လျှောက် စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့ မြေနီနီစိုက်ခင်းလေးတွေက စိတ်ကိုအေးချမ်းစေတယ်..။ လမ်းကြမ်းတယ်လို့ လူတွေပြောကပေမယ့်...ကျွန်တော်တို့သွားတုန်းကတော့ လမ်းကောင်းပါတယ်... ကိုက်၅၀၀ လောက်လမ်းနည်းနည်းကြမ်းပေမယ့် ကျန်တာကဖြောင့်ဖြောင့်ဖြူးဖြူးပါဘဲ...။

သွားရင်းနဲ့ ဟိုပုံးကိုရင်လေးကျောင်းဘက်သွားတဲ့လမ်းခွဲလေးတွေ့တယ်...ခပ်လှမ်းလှမ်းမှာကိုရင်လေးကျောင်းရှိတဲ့တောင်ကုန်းကိုမြင်နေရတယ်...။ အတွင်းလည်းတော်တော်ဝင်ရအုန်းမှာရယ်..အချိန်မရတာရယ်ကြောင့် အ၀င်ဖြစ်တော့ဘူး..။ ဖတ်ချင်ရင်တော့ မစူးနွယ်လေး ဘလော့မှာသွားဖတ်လို့ရတယ်..ပုံတွေလည်းလှတယ်..။ အဲဒီကနေဆက်သွားပြီးတော့မှ တောင်အတက်ပြန်စပြန်ရော...သိပ်တော့မသွားရတော့ဘူး...ခဏလောက်မောင်းပြီးမှာ ထမ်ဆမ့်ဂူကိုရောက်ပါတယ်...။ တောင်အတက်လမ်းတွေကမတ်တယ်...ကုန်တင်ကားကြီးတွေတော့ဖြည်းဖြည်းမောင်းသွားနေကြတာပါ...။ ပါလာတဲ့တောင်ကြီးကကြီးတော်ကတော့ပြောတယ်...အဲဒီကစလို့တောင်အတက်တောင်အဆင်းတွေချည်းဘဲတဲ့...သူကတောင်ကြီးနဲ့ လင်းခေးအသွားအပြန်လုပ်နေကျလေ...။ အမေဖက်ကအဘွားတို့က လင်းခေးဇာတိတွေလေ..အဖေဘက်ကညောင်ရွှေ တောင်ကြီးပေါ့..။


 
 


ဂူပေါက်ဆီသွားဖို့အတွက် လမ်းမကနေကုန်းလျှောလမ်းအတိုင်းဆင်းသွားရတယ်..ကားလည်းဆင်းလို့ရအောင်ကားလမ်းလုပ်ပေးထားပါတယ်..။ ဂူကအဆင်းလမ်းအဆုံးမှာပါ...အ၀င်ကမှာ သိပ်လှတဲ့ကျောက်ဆက်ပန်းဆွဲတွေတွေ့ရတယ်...။ ဒါမျိုးအရင်က တီဗီထဲမှာဘဲတွေ့ဖူးတာ....ပင်းတယနဲ့လည်းမတူးဘူး...။ ဂူအတွင်းမှာတော့ ကျောက်ဆက်ပန်းဆွဲတွေလက်ညှိုးထိုးမလွဲအောင် တွေ့ရတယ်.....ဂူကဘေးတိုက်လည်းကျယ်တယ်..မျက်နှာကျက်လည်းမြင့်တယ်...။ အပေါ်ဘက်မှာရေတံခွန်တို့ မရှိလို့ထင်တယ်..ကျောက်ဆက်တွေကနေ ရေသိပ်မကျဘူး...။ ဂူအတွင်းမှာတော့ တစ်ချို့နေရာတွေ ရေစီးနေတယ်... တစ်ခြားရောက်ဖူးတဲ့ဂူတွေမှာလိုပဲ အေးစိမ့်မှုတော့အသေအချာခံစားရတယ်...။ 


  

 
 
ပင်းတယလိုမျိုးဘုရားဆင်းတု ရုပ်ပွားတော်တွေသိပ်များသေးဘူး...တစ်ချို့တွေထုဆစ်လို့ပြီးသေးတာတွေလည်း ရှိတယ်..။ လက်နက်ကိုင်တပ်သား တစ်ယောက်စနှစ်ယောက်စတော့ ဟိုတစ်ထောင့်ဒီတစ်ထောင့်မှာတွေ့ရတယ်...။ ဂူအတွင်းပိုင်းကတော်တော်လေးကျယ်တယ်....။ အလယ်ပိုင်းမှာတော့ မြတ်စွာဘုရား ဓမ္မံစကြာတရားဦးဟောနေပုံ ဆင်းတုတွေရှိတယ်..။ တစ်ချို့နေရာမှာ ကျောက်ဆက်ပန်းဆွဲတွေကျနေတာ...ဂူကြမ်းပြင်ကိုတောင်ထိနေတယ်....။ လမ်းအဆုံးမှာ ရေထွက်နဲ့ရေတံခွန်အနိမ့်စားလေး ရှိတယ်...ရေစီးတော့တော်တော်လေးကြမ်းတယ်...ဆက်သွားလို့မရတော့လို့သာ လမ်းဆုံးတယ်ပြောရတာ...ရေထွက်နေတဲ့အနောက်ဘက်မှာတော့ ဂူကမဆုံးသေးဘူး...။ တကယ်တော့ အခုလိုလူတွေသွားလို့ရနေတဲ့နေရာတွေက ဂူရဲ့သုံးပုံတစ်ပုံဘဲရှိသေးတယ်လို့သိရတယ်...ဟုတ်တယ် တစ်ချို့နေရာလို့ လမ်းလုပ်လို့မပြီးသေးတာတွေတွေ့ခဲ့တယ်...။

 

 
 လမ်းအဆုံး

ဂူအပြင်ဘက်မှာ ဂူအတွင်းကရေတွေနဲ့စီးနေတဲ့ချောင်းကလေးရှိတယ်...အထွက်မှာ မိုးဖွဲလေးတွေကျလာလို့ သိပ်ပြီးအချိန်မရဘူး...ထမင်းကျွေးတဲ့ဘက်လည်းမသွားဖြစ်ဘူး..စားခဲ့ပြီးပြီမို့...။ ဟိုပုံးရေထွက်ရောက်တော့ အဲဒီကကြက်ကြော်ကောင်းတယ်ဆိုလာနဲ့ အိမ်ကလူတွေစားရအောင် ၀ယ်ပြန်ခဲ့တယ်....။  ဟိုပုံးမြို့ထဲက မွေတော်ဘုရားလည်း ၀င်ဖူးခဲ့ပါတယ်...။ 

 ဟိုပုံးမြို့



အပြန်မှာတော့ မိုးတွေသည်းသည်းမည်းမည်းရွာချလာပြီ...အချိန်လည်းမစောတော့ဘူး..။ မိုးသည်းသည်းမှာ တောင်ခိုးတွေနဲ့မြူတွေဆိုင်းနေတဲ့ တောင်တန်းတွေကတော့ ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ဘူး...။ တောင်ကြီးအ၀င် လမ်းပေါ်မှာတော့မြူတွေသိပ်သိပ်သည်းသည်းကျလာပြီ...။ ကျွန်တော်ချစ်တဲ့.......တောင်ပေါ်မြေရဲ့ညနေခင်းကတော့ .......လွမ်းမောဖွယ်ရာအေးချမ်းလို့နေခဲ့တယ်..။

11 comments:

Anonymous said...

ဟိုပုံးကိုမရောက်ဖူးဘူး
ပုံတွေကြည့်ပြီးသွားချင်မိပြန်ရော.
ရှမ်းပြည်ကိုတော့ ဒီတနှစ်မသွားဖြစ်ဖို့များတယ်

ဘာတွေများအလုပ်များနေပါလိမ့်အမြဲစိမ်းဖြိုးရာ...

Anonymous said...

တလဆိုတာ ခဏလေးပဲ၊
တနှစ်ဆိုတာလည်း ခဏလေးပဲ၊
အရင်နှစ် မြန်မာပြည်ကို ပြန်ခဲ့တာတော့ နှစ်ပတ်လည် ရှိတော့မယ်၊


ဓါတ်ပုံတွေ ကြည့်ပြီးတော့ အဲဒီလို အေးချမ်းမူမျိုး ပြန်ရချင်သေးတယ်။

Anonymous said...

အချိန်တွေကုန်တာ မြန်တယ်။ ဒီတခေါက် ပြန်ဖြစ်ရင်တောင် အဲဒီဖက်ရောက်ဖြစ်မယ် မထင်ဘူး။

စူးနွယ်လေး

ညီလင်းသစ် said...

ထပ်ဆမ့်ဂူကို သွားတဲ့လူတွေ အတော်များလာပြီနော်၊ ပုံတွေ ကြည့်ရတာနဲ့တင် သွားချင်စရာ ကောင်းတယ်၊ အထဲမှာ စမ်းချောင်းလေးတွေ ရှိတတ်တဲ့ ဂူတွေကို ကျနော်စိတ်ဝင်စား တယ်ဗျ၊ ရေစီးသံ၊ ကျောက်စက်ပန်းဆွဲက ရေကျသံ၊ ဂူရဲ့ စိုစွတ်အေးစိမ့်မှု၊ ဒါတွေက အမြဲလိုလို စိတ်အာရုံကို ညှို့ယူလေ့ ရှိပါတယ်၊ လာမယ့် အပိုင်း ၁၁ ကို စောင့်နေမယ်..။

Phyo Evergreen said...

အမည်မသိ .... ကျွန်တော်လည်းမြောက်ပိုင်းအရှေ့ပိုင်းတွေမရောက်ဖူး သေးဘူး..။

မအပြုံးပန်း .... ဒီမှာတော့အချိန်ကုန်သိပ်မြန်လို့ လွမ်းချင်ရင်တောင်မှ အမှတ်ရစရာတွေသိပ်နည်းတယ်..။

မစူး .... ဘယ်ဘဲရောက်ရောက် ပုံတွေ့ကြည့်ဖို့မျှော်နေမယ်ခင်ဗျ..။

ကိုညီလင်းသစ် .... ကျွန်တော့်ကသာ အစ်ကို့ရေးတဲ့ ပြဒါးလင်းဂူကိုသာအကြိမ်ကြိမ်စိတ်ကူးနဲ့ သွားနေတာ... အဟဲ..။ နောက်တစ်ပိုင်းဆိုရင်တော့ ပြီးလိမ့်မယ်ထင်ရတာပဲဗျ..။

Maung Myo said...

အောက်ဆုံးပုံလေး သဘောကျလိုက်တာ အောက်ပြည်မှာက အဲ့လို မြင်ကွင်းမျိုးရှာတယ်ဗျ ညီ့ကိုအားကျတယ် ။ ရောက်လည်းေ၇ာက်ဖူးချင်သေးတယ် တစ်ခေါက်လောက်တော့ ။

Anonymous said...

လာရှိုးကိုရောက်ဖူးတယ် ရထားနဲ့ ငယ်တုန်းကပါ
နောက်တခေါက်သွားကြည့်ချင်သေးတယ်

Phyo Evergreen said...

ကိုမျိုး...ကျွန်တော်လည်းဒေါနတောင်တန်းတွေဆီအလည်တော့ရောက်ဖူးချင်သေးတယ်ဗျာ..။

အမည်မသိ...ကျောက်မဲ သီပေါ လားရှိုးအဲဒီဘက်တွေသွားချင်တယ်...။

အိမ့်ချမ်းမြေ့ said...

ဖြိုးရေ...

မလေး စာလာဖတ်တယ်။
ဓာတ်ပုံလေးတွေလည်း ကြိုက်တယ်...
မြန်မာပြည်ကိုလည်း လွမ်းသွားတယ်..။

Anonymous said...

ဘော်ကြိုဘုရားပွဲရောက်ဖူးချင်ပါတယ်
သွားရင်ခေါ်ပါနော့

icn2 said...

ဟိုပုံးကိုမရောက်ဖူးဘူး ။ ဓါတ်ပုံလေးတွေနည်းနည်းကြီးကြီးတင်ပေးပါလား ၊ ကြည့်ရတာ အားမရလို့ ။