(Salt Lake Valley ကဟိုးအဝေးမှာ)
(ရောက်နေတာက Hidden Peak)
(ကျောက်တုံးနမူနာ ယူပြန်ရင်ကောင်းမလားလို့..)
အခု Video ကအသွားတုန်းက ကားပေါ်ကနေရိုက်ထားတာပါ..။ အရင်ပို့စ်တုန်းက မေ့ကျန်ခဲ့လို့ပါ...။
နာရီဝက်လောက်နေပြီးတော့ အောက်ဘက်နည်းနည်းကျတဲ့ တောင်ကိုဖြတ်ဖောက်ထားတဲ့ လှိုဏ်ခေါင်းရှိရာကိုခြေလျင်ဆင်းခဲ့တယ်..။ ဓာတ်ပုံရိုက်လိုက်ငေးလိုက်နဲ့ ၁၀ မိနစ်လောက်တော့ကွေ့ပတ်ဆင်းရပါတယ်..။ အဖွဲ့ထဲကတစ်ယောက် နေကာမျက်မှန်ကြီးတပ်ပြီးဆင်းတာ သူ့ကိုမပြောဘဲနေလိုက်လို့ကတော့ တောင်အောက်ကျသွားပြီပဲ...ဘယ်နှယ့် သူသွားနေတာကကမ်းပါးအစွန်းဘက်ကြီး လမ်းကတစ်ခြားဘက်မှာ ...နောက်တစ်လှမ်းဆိုကျပြီဘဲ..။ လှိုဏ်ခေါင်းအတွင်းမှာတော့ ဘာမှထူးထူးခြားခြားမရှိဘူး... တောင်ကိုဖြတ်ဖောက်ထားရုံသက်သက်ပဲထင်ပါတယ်..။ အခြားတစ်ဖက်ရောက်တော့ ခြေလျင်ဆင်းတဲ့လမ်းတွေရယ်.. Chair Lift Station ကိုတွေ့ရပါတယ်..။ Casey ကတော့ခြေလျင်ဆင်းချင်လဲရတယ်.... ဒါမှမဟုတ်ထိုင်ခုံပေါ်မှာပဲထိုင်ဆင်းသွားမလားမေးတယ်..။ ခြေလျင်ဆင်းရင်တော့ အောက်ရောက်ဖို့ ၂ နာရီနီးနီးကြာမယ်လို့တော့ပြောတယ်..။ အဲဒါနဲ့နောက်ဆုံးအားလုံးတစ်ညီတည်း ထိုင်ခုံပေါ်မှာထိုင်ပြီးဆင်းခဲ့ကြတယ်..။ အစကတော့ ခပ်လန့်လန့်ရယ်.. ကာထားတဲ့တန်းလေးက တစ်တန်းတည်း..မတော်လို့ ဖလွတ်ဆိုပြီးကျသွားရင်ဒုက္ခ...ပြီးတော့ ရုပ်ရှင်တစ်ကားထဲမှာ သူငယ်ချင်းသုံးယောက် Chair lift စီးပြီးလမ်းတ၀က်မှာ စက်ရပ်သွား..နှင်းမုန်တိုင်းထဲမှာတစ်ညလုံး ပြီးတော့ ၀ံပုလွေတွေကအောက်မှာ....အဲဒါကိုသတိရဖြစ်အောင် ရလိုက်သေးတယ်..။ တကယ်စီးကြည့်တော့ အရမ်းသဘောကျသွားပြီး...ထပ်တောင်စီးချင်မိသေးတယ်..။ အားလုံးကိုပေါ်စီးကနေမြင်ရတယ်....ပြီးတော့လေအေးတွေကလည်း မျက်နှာကိုလာတိုက်နေတာဆိုတော့ သိပ်ပျော်တယ်...။
အောက်မှာ Video ကထိုင်ခုံပေါ်ကနေရိုက်လာတာပါ... ဘေးကလူတွေကတော့ဆူညံလို့ (Singlish လည်းကြားရမယ်.. =D) ကိုယ်တိုင်မှာတော့ နှုတ်ဆိတ်လို့ ပတ်ဝန်းကျင်အလှကိုခံစားရင်း ကုန်လွန်သွားတဲ့မိနစ်စက္ကန့်တိုင်းကိုသာ နှမျောလို့သာနေတော့တယ်..။
အပိုင်း - ၄ ဆက်ရန်
5 comments:
God Bless United States of America!
Beautiful Country!!
Chair Lift စီးချင်တယ်.........
အခု ယူတားမှာ နှင်းတွေကျနေပြီ..သိပ်လှတာပဲ။နည်းနည်းလေးလွဲသွားတယ်။
ကိုဖြိုးက တောင်တွေကို ဒီလောက်ချစ်ပုံနဲ့ဆို ကျနော်တို့ ဆီမှာဆို တော်တော်ပျော်မှာပဲ၊ ပြီးတော့ chair lift တွေ လည်း နေရာတိုင်းလိုလိုမှာပဲ :)
တောင်ပေါ်ခရီးကို သရုပ်ဖော်ထားတာ ကောင်းတယ်။
အစ်ကိုတို့ဆီတော့ တနေ့ရောက်အောင်ကို လာအုန်းမယ်..။
တောင်တန်းတွေကတော့ ကျွန်တော့်ကိုသိပ်ဖမ်းစားလွန်းတယ်..။ ဘာမှမလုပ်ဘဲနဲ့ကို ဒီအတိုင်းငေးမောကြည့်ချင်နေတာ..။ အခုမှ ကွန်မန့်ပြန်ဖြစ်တာဆောရီး..။
Post a Comment