ရင်ခွင်ဟာ ညကောင်းကင်ဆိုရင်
ကိုယ့်အလွမ်းတွေက ကြယ်စင်တွေ...
လရောင်ခင်းတဲ့ ဒီမြေပြင်မှာတော့
အဆွေးတစ္ဆေတွေ ခြောက်လှန့်လို့ရယ်...
အေးမြတဲ့လေပြည်ရယ်
နှလုံးသားတံခါးတွေကို
နူးညံ့စွာ တွန်းတိုက်ဖွင့်ဟစေတယ်..
ဆောင်းညရဲ့ နှင်းရည်တွေအောက်ဝယ်
ကိုယ့်မျက်ဝန်းတွေ ရွှဲရွှဲစိုတယ်....
အချစ်ကွယ်
မင်းပေးခဲ့တဲ့ ဒဏ်ရာတွေမှာသာ
ကိုယ်နာခံဝပ်ဆင်းမိတော့တယ်....
3 comments:
ကဗျာလေးကို ဖတ်ပြီး သနားသွားတယ် ဘာကိုလည်းတော့မသိ ။
ဘဂျီးဖြိုးကလည်း အမြဲ အလွမ်းနဲ့မကင်းဖူးနော်
ဟီ ဟီ
ခင်တဲ့
ရုံလေး
အဲလောက်တောင်ခံစားတတ်လား... ကဗျာလေးဖတ်ပြီး သနားသွားတယ်
Post a Comment