နေ၀င်တော့မယ်
တိမ်တွေလည်း ညနေခင်းအလင်းရောက်အောက်မှာ လှပခမ်းနားလို့
ထင်းရူးတောတန်းနဲ့မြေနီလမ်းလေး တိတ်ဆိတ်စွာအဖော်မဲ့လို့ရယ်
ပျံလွှားငှက်ငယ်လေးတွေ ခပ်အုပ်အုပ်အိပ်တန်းပြန်ကြတယ်
လေပြည်အေးအေးကွယ် ဆံနွယ်တွေကိုဝေ့၀ိုက်ဆော့ကစားနေတယ်
အဖော်မဲ့တဲ့ အထီးကျန်နှလုံးသားငယ်ငယ်
ခပ်တိုးတိုး ငိုရှိုက်ကြေကွဲလျက်ကွယ်
အိမ်ကမြောက်ဖက်ကိုလှည့်ထားတာဆိုတော့ ညနေခင်းဆိုနေရောင်နဲ့တိတ်တွေကိုကြည့်ရတာ သိပ်လှပါတယ်..ဆွတ်ပျံ့လွမ်းမောစရာလည်းကောင်းပါတယ်..။ July လညနေခင်းတစ်ခုမှာရိုက်ထားခြင်းဖြစ်ပါတယ်..။
2 comments:
ဟုတ်တယ်အ ခုတစ်လေ တိမ်တေါ သိတ်လှတယ်။
တိမ်တွေလှတယ် ။
Post a Comment