Sunday, August 1, 2010

နွေ

အချိန်မှန်လွန်းတဲ့
ရာသီနွေ
အလွမ်းတွေမှာလေ
ရွက်ခြောက်များလို
တဖြောက်ဖြောက်ကြွေ..။

တမ်းတမြည်ကြွေးလို့နေမယ့်
အဖော်မဲ့ ဥသြငှက်ငယ်လိုတော့
မင်းနဲ့ဝေးတဲ့ ဘ၀မှာ
ငါဆက်လက် အထီးကျန်မယ်...။

ရေတွေခမ်းလာတဲ့ စမ်းချောင်းငယ်လို
တဖျတ်ဖျတ်လူးနေတဲ့ ရေနည်းငါးတွေလို
ငါ့ အသည်းတွေလည်းကျွမ်း
နှလုံးသွေးတွေလည်း ခပ်ရေးရေးအငွေ့ပျံတယ်...။

တောင်းခဲ့ဖူးတဲ့ ဆုတွေ
တိမ်ညိုတွေကြားမှာ ကျဆုံးခဲ့ဖူးပေမယ့်
ငါ့နှလုံသား ကန္တာရအတွက်တော့
မိုးလေးတစ်ပေါက် ကျရောက်ဖို့
ထပ်ပြီး ဆုတောင်ချင်သေးတယ်..။

2 comments:

Maung Myo said...

အချစ်မိုးတွေ ရွာသွန်းပါစေဗျာ ။ ဒီမှာတော့ မိုးတွင်းကြီး ညီရေ နေ့တိုင်းကိုရွာနေတော့တာ လာလည်ပါလား =)

သုခုမလေဒီ said...

ဒီမှာတော့ မိုးတွေရွာနေတာပဲလေး))
ကဗျာလေးလာခံစားတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။ စီဗုံးမမြင်လို့နော်..