စကားတွေ သိပ်မဆိုစေချင်ဘူး
အချိန်တန်တဲ့အခါ
တိတ်ဆိတ်မှုတွေ ထကြွမှာစိုးလို့..။
အတွေးတွေ သိပ်မနစ်မျောစေချင်ဘူး
လိုအပ်တဲ့အခါ
ဖမ်းဆီးချုပ်သိမ်းမရမှာစိုးလို့..။
ခံစားချက်တွေ သိပ်မပြင်းထန်စေချင်ဘူး
မထိန်းနိုင်တဲ့အခါ
အုံ့မှိုင်းနေတဲ့သတိရခြင်းတွေ နာကျင်စွာရွာကျမှာစိုးလို့.....။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
10 comments:
ကဗျာလေးက ကောင်းလိုက်တာ... လာခံစားသွားပါတယ်
a lovely poem. :)
ကဗျာဖတ်သွားတယ်
ညီဖြိုးလေး မင်းချစ်တတ်နေပြီလားကွး)
ကိုမျိုး သတိရတယ်.. အဆင်ပြေတယ်မလား..။
ကဗျာဖတ်ရတာ ရင်တုန်တယ်ကွာ
နောက်ဆုံးအပိုဒ်လေးက..တစ်အားလှတယ်...ရေးထားတာ...။
ကဗျာကောင်းလေး..တစ်ပုဒ်ပါ...။
လာရောက်ဖတ်ရှုသူများအားလုံး ကျေးဇူးပါ
စာမေးပွဲရှိလို့ ခဏပျောက်ပါဦးမည်..။ :D
ဖြိုးရေ
လာဖတ်သွားပါတယ်
ကဗျာလေးကတိုတိုလေးနဲ့ကောင်းတယ်
အစ်မလည်းမအားလို့ဘယ်မှမရောက်ဖြစ်ဘူး
ပိုစ့်လည်းမရေးအားဘူး
ခင်မင်သတိရလျက်ပါ
Post a Comment