Sunday, November 15, 2009

စိုး

စကားတွေ သိပ်မဆိုစေချင်ဘူး
အချိန်တန်တဲ့အခါ
တိတ်ဆိတ်မှုတွေ ထကြွမှာစိုးလို့..။

အတွေးတွေ သိပ်မနစ်မျောစေချင်ဘူး
လိုအပ်တဲ့အခါ
ဖမ်းဆီးချုပ်သိမ်းမရမှာစိုးလို့..။

ခံစားချက်တွေ သိပ်မပြင်းထန်စေချင်ဘူး
မထိန်းနိုင်တဲ့အခါ
အုံ့မှိုင်းနေတဲ့သတိရခြင်းတွေ နာကျင်စွာရွာကျမှာစိုးလို့.....။

10 comments:

rose of sharon said...

ကဗျာလေးက ကောင်းလိုက်တာ... လာခံစားသွားပါတယ်

PhotoVigor said...

a lovely poem. :)

Ðaywalker[Soul] said...

ကဗျာဖတ်သွားတယ်

မောင်မျိုး said...

ညီဖြိုးလေး မင်းချစ်တတ်နေပြီလားကွး)

Phyo Evergreen said...

ကိုမျိုး သတိရတယ်.. အဆင်ပြေတယ်မလား..။

Phyo Evergreen said...
This comment has been removed by the author.
Anonymous said...

ကဗျာဖတ်ရတာ ရင်တုန်တယ်ကွာ

~ဏီလင်းညို~ said...

နောက်ဆုံးအပိုဒ်လေးက..တစ်အားလှတယ်...ရေးထားတာ...။
ကဗျာကောင်းလေး..တစ်ပုဒ်ပါ...။

Phyo Evergreen said...

လာရောက်ဖတ်ရှုသူများအားလုံး ကျေးဇူးပါ
စာမေးပွဲရှိလို့ ခဏပျောက်ပါဦးမည်..။ :D

မသက်ဇင် said...

ဖြိုးရေ
လာဖတ်သွားပါတယ်
ကဗျာလေးကတိုတိုလေးနဲ့ကောင်းတယ်
အစ်မလည်းမအားလို့ဘယ်မှမရောက်ဖြစ်ဘူး
ပိုစ့်လည်းမရေးအားဘူး
ခင်မင်သတိရလျက်ပါ