Wednesday, December 9, 2009

တောင်ကြီး

အခုဒီဇင်ဘာလာရောက်လာပြီ... ဒီမှာ ရာသီဥတုကနည်းနည်းလေးအေးလာတော့ ... တောင်ကြီးမှာလည်းဘယ်လိုများအေးနေပြီလဲဆိုတာတွေးမိသည်..။ တွေးမိတော့ တဖြည်းဖြည်းလွမ်းမိလာသည်... ပြန်မရောက်ဖြစ်တာတောင် ၄ နှစ်ရှိတော့မည်..။ အရင်အတိုင်းဘဲ အရာအားလုံးမပြောင်းမလဲဘဲရှိနေအုံးမှာလား... ပြန်ရောက်ဖြစ်မှဘဲ သိရတော့မည်..။ ခေါင်မိုးနီနီတွေနဲ့ မြို့ကလေးရယ်..၊ မြူတွေလွှမ်းနေတဲ့ရှမ်းတောင်တန်းကြီးတွေရယ်.. အားလုံးကိုလွမ်းမိပါတယ်..။ အလွမ်းဓာတ်ခံရှိသူတွေအဖို့.. ဒီဇင်ဘာလဟာ အလွမ်းတွေကြားက ဆွတ်ပျံ့နေမှာပါ..။

ချစ်နေဆဲ

တွေးနေတိုင်း
ဆွေးနေဆဲ
သတိရတိုင်း
လွမ်းမိဆဲ
စဉ်းစားလိုက်တိုင်း
အတိတ်နောက်ပြန်ဆွဲ
ပြန်ချင်တိုင်း
မျက်ရည်ဝဲ
အခါခါ ပြန်ရောက်
အိပ်မက်ထဲ
ရာသီတွေပြောင်းတိုင်း
လှပနေဆဲ
ရိုးသားတဲ့ ရှမ်းမြို့ကလေး
ကိုယ်ချစ်နေဆဲ..

(တောင်ကြီးအမှတ်တရ)

အောက်ကသီချင်းလေးကို အမြဲနားထောင်ဖြစ်တယ်... အိမ်လွမ်းတိုင်းပေါ့..။


10 comments:

နွေးနေခြည် said...

ကိုယ့်မွေးရပ်ကိုတော့ လွမ်းကြတာပါပဲ...
သီချင်းက လွမ်းစရာလေး...

နန်းညီ said...

ဒီနှစ်အချမ်းပေါ့ပါသည်

တောင်ပေါ်သား said...

လွမ်းတယ်ဝေးးးးး ဒီချိန်ဆို မြူတွေ ဆိုင်းနေပေါ့
မွေးရပ်မြေလေးရယ်

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

လွမ်းပါ လွမ်းကြပါ..

အိမ့်ချမ်းမြေ့ said...

မလေးလဲ.. လာလွမ်းသွားတယ်။။

rose of sharon said...

လိုက်လွမ်းသွားတယ်... တောင်ကြီးကို တစ်ခါဘဲရောက်ဘူးတယ်

Phyo Evergreen said...

မနွေး >> မတွေ့တာကြာပြီ.. နေကောင်းလား
မနန်းညီ >> သူရောက်တိုင်းလာကြွားနေဒယ်.. :P
Craton >> လွမ်းပါတယ် လွမ်းပါတယ်..
ကိုတောင်ပေါ် >> မပြန်ဘူးလားဗျ
အစ်မ >> အစ်မဆီမှာတော့ လွမ်းစရာတွေရှိမယ်မထင်..။
အစ်မRose >> နောက်လည်းလာလည်ပါ..

Thinzar said...

ကိုယ့်မြို့ဆိုတော့ ဘယ်နှခါကြည့်ကြည့် မရိုးဘူး.. :) ပိုလွမ်းသွားအောင် တောင်ကြီးပုံတွေ တင်ပေးဦးမယ်

~ဏီလင်းညို~ said...

ညီလေးရေ...
တောင်ကြီးကို တစ်ခေါက်ပဲရောက်ခဲ့ဖူးတာလေ...။
၂၀၀၇ ဇူလိုင်တုန်းက အိမ်တစ်ခေါက်ပြန်ဖြစ်တော့ ကလောက သူငယ်ချင်းတစ်ယောက်လိုက်ပို့လို့လေ...။
ချစ်စရာကောင်းတဲ့ မြို့ကလေးပဲလေ...။ ကြေးအိုးသောက်ခဲ့တာ...အဲ့ဒီမှာ...။ ဟဲဟဲ..ကြုံကြွား...။
အမြဲလာလည်လို့ရအောင် အစ်ကိုလင့်ခ်လေးယူသွားတယ်နော်..ညီလေးရေ...။

ခင်မင်တတ်တဲ့
ဏီလင်းညို

မောင်မျိုး said...

တောင်ပေါ်က ရှမ်းလေးရေ အိမ်ကိုလွမ်းနေတာလား =) တစ်နေ့တော့ဒီအလွမ်းတွေပြေလာမှာပါလေ ဟုတ်တယ်ဟုတ် ။