Thursday, February 26, 2009

သစ္စာ

ချိုမြိန်တဲ့ ဆားခတ်မျက်ရည်
မျက်နှာအပ်ထားသော ရင်ခွင်
ပြန်လှည့်ကြည့်တော့ နှင်းပြင်ပေါ်ကခြေရာတွေ
မြက်ခင်းပြင်ဆီ ပျော်ဝင်စီးဆင်းနေပြီ
ကိုယ်လည်း
တဒင်္ဂ တခဏလေးတောင်
နောင်တမရတတ်တဲ့ မင်းလိုဘဲ...။

ရှည်ကြာတည်မြဲတဲ့ အချစ်ဆိုတာကြားဖူးပေမဲ့
အဆုံးရောက်ရင်တော့ ဘယ်သူကနှုတ်ဆက်မှာလဲ
ကြားသာကြားဖူးတဲ့ ကြည်နူးစရာချစ်နိဗ္ဗာန်ဘုံ
ကံကြမ္မာတောင် မလွန်ဆန်နိုင်တဲ့တရားတွေအတွက်
ကိုယ်တို့ ဘာလို့တဇွတ်တိုးနေကြမလဲ....။

အကြည့်တစ်ချက်ရဲ့ကြင်နာမှု
ရိုးသားဖြူစင်တဲ့အချစ်ရဲ့ ထာဝရဖြစ်မှု
မလွင့်ပြယ်တဲ့မေတ္တာတွေနဲ့
မျက်ရည်လွှမ်းတဲ့ သက္ကရာဇ်တွေနဲ့
ကိုယ်တို့ရဲ့ စောင့်စည်းမှုတွေအတွက်
ဂုဏ်ပြုစကား ပါးလိုက်ချင်တယ်..။

ချစ်ခင်မှုဖြင့် ဆိုတဲ့စကားဟာ
အဆုံးမဲ့ခြင်းဖြစ်ခဲ့ရင်
သစ္စာတွေဟာ ထာဝရခိုင်မြဲနေမှာ
အချိန်တွေဆောင်ယူခဲ့တဲ့ ပြောင်းလဲခြင်းတွေမရှိခဲ့ရင်
အချစ်စစ်ဆိုတာ
မိုးသက်လေပြင်းရဲ့ အလယ်မှာလား
နွေဦးရဲ့ နွေးထွေးမှု တွေလား........။

3 comments:

khin oo may said...

ိနှစ်ခေါက်ဖတ်သွား၏၏၏၏။

Anonymous said...

အချစ်စစ်ဆိုတာ
မိုးသက်လေပြင်းရဲ့ အလယ်မှာလား
နွေဦးရဲ့ နွေးထွေးမှု တွေလား.....

အဲ့လိုထင်ရင် မှားလိမ့်မယ် ညီရေ့ အချစ်ဆိုတာ ငရုတ်သီးကွ စားမိရင် စပ်တယ် အစ်ကိုဆို ရေသောက်တာတောင်မပျောက်သေး...ရေခဲတုံးငုံထား၇တယ်။

khin oo may said...

မောင်မျိုးကဒီလိုလား. အစ်မက.ကလေးဘဲထင်နေတုံး