Tuesday, February 3, 2009

သတိမရပါနဲ့

ကြေကွဲရှိုက်သံ
ဆွေးမြေ့သက်ပြင်း
အေးခဲမျက်ရည်
အထီးကျန်အတွေး
အဆုံးမဲ့အမှောင်လမ်း
အဖြေမလိုတဲ့ ၀င်္ကပါ
မင်းမုန်းတဲ့ ညိုညစ်ညစ်နေ့ရက်တွေ
အခုချိန်ကစလို့
အားလုံးပြီးဆုံးစေမယ်
မင်း ပျော်ရွှင်မယ့်တစ်နေ့တော့
အမှောင်တွေထဲမှာ ကျန်ခဲ့တဲ့ကိုယ့်ကို
သတိမရလိုက်ပါနဲ့...။

2 comments:

Anonymous said...

ထိတယ်ဟေ့.. ကောင်းလိုက်တာကွာ..
ဖြိုးလေးဘယ်ဆိုးလို့တုန်း..း)

WWKM said...

ကဗျာလေးကောင်းတယ် မောင်လေးဖြိုးရေ..