Tuesday, February 10, 2009

ပေါင်မုန့်စကား

ပေါင်မုန့်စကားဆိုလို့ခေါ်တဲ့(ကိုယ့်ဘာသာကိုယ်ခေါ်တာပါ) BreadTalk ဆိုတဲ့ပေါင်မုန့်ဆိုင်လေးပါ...။ ၂၀၀၀ ခုနစ် မှာစပြီး ဖွင့်ခဲ့တယ်လို့သိရပါတယ်....။ ကျွန်တော်ကတော်ရုံတန်ရုံပေါင်မုန့်မစားဖြစ်ပါဘူး.. သိပ်မကြိုက်တာလည်းပါတယ်..။ တစ်ခါတစ်လေ ကျောင်းမှာဗိုက်ဆာရင်တော့ အတန်းတစ်ခုနဲ့တစ်ခုကြား လမ်းသွားရင်းလည်းစားလို့ရတဲ့ ပေါင်မုန့်ကိုဘဲစားဖြစ်တာများပါတယ်...။ ကျောင်းကပေါင်မုန့်ကတော့ စားလို့ရလောက်အောင်ဘဲဖုတ်ထားတယ်ထင်ပါတယ်.. သိပ်စားလို့မကောင်းပါဘူး..။ အပြင်ထွက်လည်ဖြစ်ရင်တော့ ဗိုက်ဆာရင်.. ပြီးတော့ထမင်းစားချိန်လည်းမရောက်သေးတဲ့အချိန်တွေဆိုရင်တော့ အမြဲစားဖြစ်တာကတော့ BreadTalk ဆိုင်ကပေါင်မုန့်ပါဘဲ...။ စင်္ကာပူမှာ BreadTalk ဆိုင်ခွဲတွေကနေရာအနှံ့အပြားမှာရှိပါတယ်..။ ဆိုင်အပြင်အဆင်ကသပ်ရပ်ပြီး အရသာလည်းကောင်းတာကြောင့် လူတော်တော်များများ စားကြပါတယ်..။ ပေါင်မုန့်တွေအပြင် Birthday Cake တို့လည်းအော်ဒါမှာလို့ရပါတယ်...။ တစ်ချို့ဆိုင်တွေဆို ကော်ဖီ၊ လိမ္မော်ရည်စတဲ့ သောက်စရာတစ်ခုခုရနိုင်ပါတယ်.. စားပွဲနဲ့ကုလားထိုင်လည်းရှိလို့ ဆိုင်မှာဘဲထိုင်စားလို့လည်းရပါတယ်..။ အောက်ကပုံကတော့ တစ်နေ့က အမေနဲ့အတူ အဆာပြေစားဖြစ်တာလေးပါ..။ အဆာပြေဆိုပေမဲ့ ကျွန်တော်က နှစ်ထုချားဒယ်..။



အောက်ကပုံကိုတော့ ဒီက ရယူပါတယ်...။


1 comments:

Anonymous said...

အံမယ်.. သူကပေါင်မုန့်ဆိုင် ပရိုမုတ်တာလုပ်နေတယ်.. ကြော်ငြာခ ဘယ်လောက်ရလဲ.. အဟိ..
မေမေအဲ့ဒီကိုရောက်နေတာလား.. ပျော်စရာကြီးပေါ့..း)