မှိုင်းမှိုင်းပြာတဲ့ကောင်းကင်
မည်းနက်နက်ကတ္တရာလမ်း
အရောင်တွေပြောင်းနေတဲ့ မီးပွိုင့်
ရိုးတံတွေ ပြိုင်းနေတဲ့ သစ်ပင်
မှိန်မှိန်သာလင်းတဲ့ လမ်းမီးတိုင်
လူမရှိတဲ့ ထိုင်ခုံတန်း
မှိတ်တုတ်မှိတ်တုတ် ကြယ်စင်
ခြောက်ကပ်ဆိတ်ငြိမ်နေတဲ့ ပန်းခြံ
ငြိမ်သက်နေတဲ့ အဖော်မဲ့ဒန်းကလေး
တဖွဲဖွဲကျနေတဲ့နှင်း
ဖြေးဖြေးဆော့ကစားတဲ့ မြောက်ပြန်လေ
လွင့်ပြယ်နေတဲ့အတွေး
အထိန်းအကွပ်မဲ့နေတဲ့ ခံစားချက်
စည်းချက်ပျောက်နေတဲ့နှလုံးသား
အားလုံးရဲ့အလယ်
လူသူရှင်းနေတဲ့ သန်းခေါင်ယံလမ်းမအလယ်
ကျန်ရစ်ခဲ့တဲ့ ကိုယ်တစ်ယောက်
မင်းကို တိတ်ဆိတ်စွာ
သတိရလွမ်းနေတယ်…..။
မည်းနက်နက်ကတ္တရာလမ်း
အရောင်တွေပြောင်းနေတဲ့ မီးပွိုင့်
ရိုးတံတွေ ပြိုင်းနေတဲ့ သစ်ပင်
မှိန်မှိန်သာလင်းတဲ့ လမ်းမီးတိုင်
လူမရှိတဲ့ ထိုင်ခုံတန်း
မှိတ်တုတ်မှိတ်တုတ် ကြယ်စင်
ခြောက်ကပ်ဆိတ်ငြိမ်နေတဲ့ ပန်းခြံ
ငြိမ်သက်နေတဲ့ အဖော်မဲ့ဒန်းကလေး
တဖွဲဖွဲကျနေတဲ့နှင်း
ဖြေးဖြေးဆော့ကစားတဲ့ မြောက်ပြန်လေ
လွင့်ပြယ်နေတဲ့အတွေး
အထိန်းအကွပ်မဲ့နေတဲ့ ခံစားချက်
စည်းချက်ပျောက်နေတဲ့နှလုံးသား
အားလုံးရဲ့အလယ်
လူသူရှင်းနေတဲ့ သန်းခေါင်ယံလမ်းမအလယ်
ကျန်ရစ်ခဲ့တဲ့ ကိုယ်တစ်ယောက်
မင်းကို တိတ်ဆိတ်စွာ
သတိရလွမ်းနေတယ်…..။
Image from Google
5 comments:
လွမ်း...လွမ်း... လွမ်းရင်းနဲ့ ကတ္တရာလမ်းခင်းနဲ့ ကောင်မလေးနဲ့..ကွိကွိ..းD
စတာနော်ဖြိုးလေး.. အဟီး..။
နှစ်သစ်မှာ အလွမ်းနဲ့ စထားပါလားး)
ကျန်ရစ်ခဲ့တဲ့ ကိုယ်ယောက်.....
ဆိုတာဘာလည်းဖြိုးလေး
မှားလို့ ကိုယ်တစ်ယောက် ကျေးဇူး.......ပြင်လိုက်ပြီ
ဖြိုးရေ---
ကျေးဇူးတင်ပါတယ်--
နေမကောင်းသေးဘူး--
ရောက်အောင်လာလည်ပြီး ကဗျာကောင်းလေးကိုဖတ်ပါတယ်--
နှစ်သစ်မှာ အစစအရာရာအဆင်ပြေပါစေ---
Post a Comment