Thursday, January 22, 2009

တောင်းပန်ခြင်း

ဒီနှစ်ကူး ကစလို့ ကျွန်တော်နည်းနည်း နေမကောင်းဖြစ်နေတာကြာပါပြီ...။ တော်ရုံနဲ့လည်းမပျောက်ဘူး...။ အရင်အပတ်က ဆေးခန်းပြပြီး အစားတောင်မ၀င်တော့ တော်တော်လေး အားနည်းသွားတယ်...။ ကျောင်းတောင် မနည်းတက်ပြီး Lecture တွေအမီပြန်လိုက်နေရပါတယ်....။ စာမေးပွဲကလည်းနီးလာ စာတွေကျက်နေရတာမို့ ဘလော့မှာပို့စ်တင်တာ ကျဲနေဦးမည်ဖြစ်ကြောင်းနဲ့... လာလည်ကြသူတွေကိုလည်း အချိန်တွေအလကားကုန်စေမိရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်..။ ဘလော့တွေတော့ လိုက်ဖတ်ဖြစ်ပြီး မကြာတဲ့တစ်နေ့တော့ စာတွေပြန်ရေးမှာပါ.......။
အားလုံးကျန်းမာရွှင်လန်းကြပါစေ....။

4 comments:

WWKM said...

မောင်လေးဖြိုးအမြန်ဆုံးပြန်ကျန်းမာပါစေ။
ကျန်းမာပျော်ရွှင်စွာနဲ့ ဆက်လက်ဘလော့ဂင်နိုင်ပါစေနော်။

အစ်မ၀ါ

မသက်ဇင် said...

ဖြိုးအတွက် ဆုတောင်းပေးပါတယ်--
အမြန်ဆုံးနေကောင်းပါစေ--

Anonymous said...

ဖြိုးလေး.. ဘယ်လိုဖြစ်ရတာလဲကွာ..
စားမ၀င်ဘူးဆိုတော့ တိုက်ဖွိုက်လား၊ တုပ်ကွေးလား။ ဆေးမှန်မှန်သောက်နော်။ နည်းနည်းလေးတော့ စားဝင်အောင်စားပါကွာ။
အားဆေးထိုးဖို့လိုရင် ထိုးလိုက်ဦး။

Anonymous said...

ကိုဖြိုးရေ.. ကျမ်းမာရေးနဲ့ ပညာရေးကိုဦးစားပေးပါ။ မောင်လေး အမြန်ဆုံးကျမ်းမာပါစေ..