ဒီနှစ်ကူး ကစလို့ ကျွန်တော်နည်းနည်း နေမကောင်းဖြစ်နေတာကြာပါပြီ...။ တော်ရုံနဲ့လည်းမပျောက်ဘူး...။ အရင်အပတ်က ဆေးခန်းပြပြီး အစားတောင်မ၀င်တော့ တော်တော်လေး အားနည်းသွားတယ်...။ ကျောင်းတောင် မနည်းတက်ပြီး Lecture တွေအမီပြန်လိုက်နေရပါတယ်....။ စာမေးပွဲကလည်းနီးလာ စာတွေကျက်နေရတာမို့ ဘလော့မှာပို့စ်တင်တာ ကျဲနေဦးမည်ဖြစ်ကြောင်းနဲ့... လာလည်ကြသူတွေကိုလည်း အချိန်တွေအလကားကုန်စေမိရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်..။ ဘလော့တွေတော့ လိုက်ဖတ်ဖြစ်ပြီး မကြာတဲ့တစ်နေ့တော့ စာတွေပြန်ရေးမှာပါ.......။
အားလုံးကျန်းမာရွှင်လန်းကြပါစေ....။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
10 months ago
4 comments:
မောင်လေးဖြိုးအမြန်ဆုံးပြန်ကျန်းမာပါစေ။
ကျန်းမာပျော်ရွှင်စွာနဲ့ ဆက်လက်ဘလော့ဂင်နိုင်ပါစေနော်။
အစ်မ၀ါ
ဖြိုးအတွက် ဆုတောင်းပေးပါတယ်--
အမြန်ဆုံးနေကောင်းပါစေ--
ဖြိုးလေး.. ဘယ်လိုဖြစ်ရတာလဲကွာ..
စားမ၀င်ဘူးဆိုတော့ တိုက်ဖွိုက်လား၊ တုပ်ကွေးလား။ ဆေးမှန်မှန်သောက်နော်။ နည်းနည်းလေးတော့ စားဝင်အောင်စားပါကွာ။
အားဆေးထိုးဖို့လိုရင် ထိုးလိုက်ဦး။
ကိုဖြိုးရေ.. ကျမ်းမာရေးနဲ့ ပညာရေးကိုဦးစားပေးပါ။ မောင်လေး အမြန်ဆုံးကျမ်းမာပါစေ..
Post a Comment