Saturday, August 20, 2011

မြန်မာပြည်ခရီး - ၇ (တောင်ကြီး)

  အရင်ပို့စ်နဲ့ အခုတစ်ပုဒ်ကြားထဲမှာတော်တော်လေးခြားသွားတာကို ပထမဆုံးအနေနဲ့စာဖတ်သူတွေကိုတောင်းပန်ချင်ပါတယ်...။ ဒီကြားထဲမှာ Hard Disk က My Computer မှာလုံးဝပေါ်မလာဘူးဖြစ်နေတယ်.. အင်တာနက်ပေါ်မှာနည်းတွေရှာကြည့်ပြီးဘယ်လိုလုပ်လုပ်မရဘူးဖြစ်နေတယ်...။ အရေးကြီးတဲ့ဖိုင်တွေနဲ့ ဓာတ်ပုံတွေအကုန်လုံး သီချင်းတွေ ရှိရှိသမျှ ၈၅% ကအဲဒီထဲမှာဆိုတော့ တော်တော်စိတ်ညစ်သွားတယ်..။ Data Recovery လုပ်ဖို့ Service Center သွားမယ်ဆိုတော့လည်း အလုပ်ကမအား ကြားထဲအမျိုးတွေကလာလည်တော့ လိုက်ပို့ပေးနေတာနဲ့ လုံးဝမသွားဖြစ်ဘူး..။ ပို့စ်တင်ဖို့ပုံတွေလည်း အဲဒီထဲမှာအကုန်လုံးဘဲ... တော်တော်လေးစိတ်ညစ်နေတယ်..။ ကံကောင်းချင်တော့ ခရီးသွားတုန်းကရိုက်ခဲ့တဲ့ ပုံတစ်ချို့ဖုန်းထဲကနေပြန်ရတော့ နည်းနည်းစိတ်သက်သာသွားတယ်...။

  တကယ်တော့ မန္တလေးကနေဆက်ပြီးတော့ ပြင်ဦးလွင်ကိုသွားတာပါ..။ အဲဒီမှာ ရိုက်ခဲ့တဲ့ပုံတော်တော်များများက HD ထဲပါသွားတော့ နောက်မှပဲသပ်သပ်တင်တော့မယ်..။ ပြင်ဦးလွင်မှာ နှစ်ညအိပ်ပြီးတော့နောက်တစ်ရက်နေ့လည် မန္တလေးကိုပြန်ဆင်းပြီး ရွှေတောင်ရိုးကားနဲ့ အမေနဲ့ကျွန်တော်နှစ်ယောက်တည်း တောင်ကြီးဆက်တက်ကြတယ်..။ မန်းလေးအဝေးပြေးကားဂိတ်ကတော့ တော်တော်လေးအခြေအနေဆိုးတယ် လမ်းတွေကကျာက်တုံးတွေထိုးထိုးထောင်ထောင်နဲ့ မိုးကလည်းရွာထားတော့ ဗွက်တွေအများကြီး..။ ညနေ၅နာရီကားထွက်ပြီး တစ်နာရီလောက်ကြာတော့ ကျောက်ဆည်ကိုဖြတ်တယ်...တစ်မြို့လုံးထိန်ထိန်လင်းလို့...။ ည ၉နာရီကျော်လောက်ကျတော့ သပြေ၀ဆိုတဲ့မြို့မှာ ထမင်းစားဖို့ကားခဏရပ်ပေးတယ်...၀မ်းတွင်းဆိုတဲ့မြို့မရောက်ခင်ထင်တယ်...။ အဲဒီကကြက်ကြော်နဲ့ထမင်းဆီဆမ်းစားလို့ကောင်းတယ်... တစ်ပွဲ ၁၄၀၀ဆိုတော့ ဈေးများတယ်ထင်တယ်..ကြက်သားကနည်းနည်းလေး။ အဲဒီကနေပြီးတော့ မိတ္ထီလာကိုဆက်မသွားတော့ဘဲ သာစည်ဘက်ကိုလမ်းခွဲသွားတယ်...။ လမ်းခွဲမှာ ရွှေယင်မြော်ဘုရားသို့ဆိုတဲ့ဆိုင်းပုဒ်လေးတွေ့ပြီး စိတ်ထဲတစ်မျိုးဖြစ်သွားတယ်..ရွှေစာရံဘုရားဆိုလည်း အဲသလိုဘဲ.. သွားဖူးချင်တယ် အခွင့်မကြုံလို့မဖူးရသေးဘူး..။ ငယ်ငယ်ကစာအုပ်တွေထဲမှာ ဖတ်ဖူးတာရယ် လူကြီးတွေပြောပြတာကို နားထောင်ခဲ့ဖူးတာတွေရယ်ကြောင့်ဖြစ်မယ်ထင်ပါတယ်..။ 
  ဒီတစ်ခေါက်တောင်ကြီးသွားတာ သိပ်စိတ်မလှုပ်ရှားတော့ဘူး..အသက်ဘဲကြီးလာလို့လား ခါတိုင်းသွားနေကျလမ်းကမသွားလို့ဘဲလားတော့မသိဘူး..။ အရင်တုန်းက ရန်ကုန်-မန္တလေးလမ်းကသွားနေကျ ... တပ်ကုန်းမှာ ညဘက်နားဖို့ကားရပ်ကတည်းက တောင်ကြီးရောက်တဲ့အထိမအိပ်တော့ဘူး.. စိတ်တွေစောနေလို့..။ အဲဒီက ဆိတ်သားခြောက်နဲ့ ထမင်းဆီဆမ်းစားလို့ကောင်းတယ်..လူတိုင်းလိုလိုစားကြတယ်.. ညဘက်ချမ်းချမ်းစီးစီးမှာ လက်ဖက်ရည်ပူပူလေးနဲ့ဆို သိပ်ကောင်းတယ်..။ ပြန်တွေးကြည့်လိုက်တော့လဲ အတိတ်တွေဟာ လွမ်းမောစရာတွေချည်းပါ..။
အခုတစ်ခေါက်တော့ အိပ်ပျော်လိုက်နိုးလိုက်ဘဲ...ကိုးမြိှု့ရှင်နဲ့ ယင်းမာပင်ကိုဖြတ်သွားတာမသိလိုက်ဘူး...။ ကားပေါ်မှာလည်းသိပ်မအေးဘူး အနေတော်ဘဲ... အရင်တုန်းကဆိုတော်တော်အေးတယ်.. မှတ်မိသေးတယ်..တစ်ခါကထိုင်ခုံအောက်မှာက လေစုပ်စက်ကြီး..ဆိုတော့ အသေအေးတာ ခြေထောက်ကလည်းနှစ်ယောက်လုံးတစ်ပြိုင်တည်းတင်လို့မရဆိုတော့ အမေ့ကိုခြေထောင်တင်ခိုင်းပြီး ကျွန်တော်ကတော့ ကျောပိုးအိတ်ကိုအောက်ကျ အ၀တ်တွေစုပြုံထည့်ပြီး ဖိနပ်ချွတ်ပြီး ခြေထောက်ကို ကျောပိုးအိတ်ထဲထည့်ပြီး ဇစ်ကိုစေ့ထားလိုက်တယ်...နွေးသွားတာဘဲ..။ ဘေးက စောင်ကြီးတွေခြုံပြီးချမ်းနေတဲ့သူတွေကိုကြည့်ပြီးလည်း ရီရသေးတယ်..။


 

 




တောင်ချွန်း
  အောင်ပန်းရောက်တော့ မနက်၃နာရီကျော်ကျော်လေးဘဲ ရှိသေးမယ်ထင်တယ်..။ ချယ်ရီဆိုင်မှာဘဲ ခဏနားဖို့ကားရပ်ပေးတယ်..အဲဒီဆိုင်က ပေါက်စီကတော့အခုထိစားကောင်းတုန်းဘဲ...အသားတော့နည်းသွားတယ်..။ လမ်းတစ်လျှောက်တော့ မှောင်နေလို့ မီးလုံးဝါ၀ါလေးတဲ့ထွန်းထားတဲ့အိမ်လေးတွေကလွဲလို့ တစ်ခြားဘာမှမမြင်ရဘူး...။ တကယ်ဆို မနက်စောစောအဲဒီဘက်ရှုခင်းတွေက သိပ်ကိုလှတာ...။ အေးသာယာအရောက်တောင်ပေါ်ကိုကြည့်လိုက်တော့ တောင်စောင်းတွေမှာတောင် မီးတွေလင်းနေတယ်..အိမ်တွေထပ်ဆောက်ထားတာဖြစ်မယ်...။ အခုနောက်ပိုင်းကားကြီးတွေ တောင်ပေါ်ထိတက်လို့ရတယ်တဲ့...ဘယ်တုန်းကစရတာလဲမသိတော့ဘူး...မပြန်ဖြစ်တာလည်းကြာပြီလေ..။ အိမ်ကမင်းလမ်းပေါ်မှာဘဲဆိုတော့ အိမ်ရှေ့မှာဘဲကားခဏရပ်ခိုင်းလိုက်တယ်...အိမ်ကလာကြိုပေးစရာမလိုတော့ဘူးပေါ့.. လူလည်းသိပ်မပါတော့ဘူး..ကလော အောင်ပန်း နဲ့ အေးသာယာမှာတော်တော်များများဆင်းသွားကြပြီ....။ နာရီကြည့်လိုက်တော့ ၅ နာရီကျော်ရုံလေး.. ခြံထဲဝင်လိုက်တာနဲ့ ခွေးတွေကဟောင်ကြပြီ.. အဟောင်းဆိုလို့ တစ်ကောင်ဘဲကျန်တော့တယ်..ကျန်တာတွေကအသစ်တွေ..။ အဖွား (အဖွားရဲ့ညီမ အဖေ့ရဲ့အဒေါ်)ကတော့ စောစောစီးစီးအလုပ်များနေပြီ တစ်ခုခုချက်နေတာဖြစ်မယ်...။

  
တိုဖူးနွေးဆိုင်
  

  

  
 အကြိုက်ဆုံး တိုဖူးနွေး


  တောင်ကြီးမှာလည်း နေဖို့အချိန်သိပ်မရပါဘူး..၄ တည်းပါ..။ မနက် ၇ နာရီကျော်လောက်ကျတော့ တိုဖူးနွေးသွားစားကြတယ်...တိုဖူးနွေးကအကြိုက်ဆုံးအစားအစာထဲမှာပါတယ်..။ ဘယ်လောက်ကြိုက်လဲဆိုရင် ညောင်ပင်သာကနေ သစ်တောရပ်ကွက်ထိသွားစားတာ...။ ဆိုင်ကအိမ်ဆိုင်လေးဘဲ ရှမ်းတရုတ်မကြီးရောင်းတာ ဟိုးအရင်ကတည်းကစားနေကျ..။ ဆိုင်မှာ တိုဖူးကျိုတဲ့အိုးကြီးရယ် မြေပဲဆံ၊ ဆီချက်၊ ငရုတ်သီး၊ အချိုရည် စတာတွေထည့်စားတဲ့ဗန်းရယ် ပန်းကန်အနည်းငယ်နဲ့ ထိုင်စားဖို့စားပွဲခုံလေးသုံးလေးခုပဲ..။ ခေါက်ဆွဲကို အဆုပ်လိုက်ယူပြီး တိုဖူးအိုးထဲပစ်ထဲ့ တူအကြီးကြီးနဲ့ခဏမွှေပြီး ပန်းကန်ထဲထည့်ပေးတာ ပြီးမှ မြေပဲဆံ၊အချိုရည်၊ နံနံပင် စတာတွေထည့်ပေးတာပေါ့..။ ရန်ကုန်မှာတော့ အသားနဲ့စားကြတယ်.. တောင်ကြီးမှာတော့ သတ်သတ်လွတ်ပဲစားကြတယ်..အီကြာကွေးနဲ့လည်းစားတယ်..။ ကျွန်တော်လည်း သတ်သတ်လွတ်ပဲပိုကြိုက်တယ်..နှစ်ပွဲစားမယ်ဆိုပြီးကြံထားတာ အီကြာကွေးနဲ့ပါဆိုတော့ ထပ်စားချင်သေးပေမယ့် ဗိုက်မဆံ့တော့ဘူး..။

ဆက်ရန်

13 comments:

Anonymous said...

Though I have just had my dinner, your tofu dish can still make my mouth waters!!!
Mon Petit Avatar

အပြုံးပန်း said...

တိုဖူးနွေးမြင်တော့
ဘယ်လို စားချင်သွားမှန်းမသိဘူး၊
တောင်ကြီး တိုဖူးနွေးကမှ အကောင်းဆုံးလို့ ထင်တယ်နော်။
ကြက်ကြော်နဲ့ ထမင်းဆီဆမ်း၊
လမ်းသွားရင် ကားရပ်ပေးတုန်း ဘာမှ မစားဖြစ်လိုက်တာ။
ချယ်ရီ ရောက်တော့လည်း မစားဖြစ်ဘူး၊ အာလူးကြော်တွေ၊ မက်မန်းသီးတွေ ၀ယ်နေတာနဲ့ပဲ၊
မပြောင်းလဲဘူးနော်၊
အရင်အတိုင်းပဲ။

Phyo Evergreen said...

MPA
ကျွန်တော်လည်းကိုယ်ရိုက်တဲ့ပုံ ပြန်ကြည့်ရင်းစားချင်နေပြီ...။

အစ်မအပြုံးပန်း
တိုဖူးနွေးကို ရှမ်းခေါက်ဆွဲထက်ပိုကြိုက်တယ်..မနက်စောစောစားမှ ကောင်းတာဗျ..။ ရောက်ဖြစ်အောင်သာပြန်ရတာ မိုးတွင်းဆိုတော့ အချိန်ကောင်းတော့မဟုတ်ဘူး..။

Tun Tun said...

ပြီးခဲ့တဲ့ ၂ ပတ်ကမှ တောင်ကြီး၊ အင်းလေး က ပြန်လာတာ။ တိုဖူးနွေးလဲစားခဲ့တယ်။ တိုဖူးနွေးက မန်းတလေး က အကောင်းဆုံးလို.ပြောရမယ်။ တောင်ကြီး ညောင်ရွေက တိုဖူးနွေးက နည်းနည်းလေးမွေလိုက်တာနဲ. အရည်တွေ ကျဲကုန်ရော။

MeerKat said...

တောင်ကြီးရောက်ဘူးတယ်. တို့ ဟူးနွေးတော့ မစားခဲ့ရဘူး ဓါတ်ပုံဘဲကြည့်ပြီး ငမ်းသွားတယ်.ရှလွတ် ..

blackroze said...

တောင်ကြီးကိုတခါမှမရောက်ဖူးဘူး...

တိုဖူးနွေးကိုလည်းတခါမှမစားဖူးဘူး..

တိုဖူးသုတ်တော့ကြိုက်တယ်..

Anonymous said...

ကြွားတယ်..ပေါ့လေ။ :D
မမွန်

စူးနွယ်လေး said...

အောင်ပန်းချယ်ရီဆိုင်ကတော့ လမ်းမှာရပ်လို့သာစားရ၊ ဘာမှမကောင်းဘူးလို့ထင်တယ်။ ရှမ်းခေါက်ဆွဲဆိုလည်း မကောင်းဘူးပဲ။ ကားကြီးတွေအပေါ်တက်လို့ရတာမသိဘူး။ သွားလည်တုန်းကတော့ အောက်မှာရပ်တဲ့အချိန်ပဲ
ဆင်းလိုက်တာ။
တိုဖူးနွေးဆို သက်သတ်လွတ်ကြိုက်တယ်...ကြာကွေးနဲ့။ ရန်ကုန်တိုဖူးနွေးတွေစားကောင်းဘူး။

သီရိရတနာ said...

 ̡͌l̡̡̡ ̡͌l̡*̡̡ ̴̡ı̴̴̡ ̡̡͡|̲̲̲͡͡͡ ̲▫̲͡ ̲̲̲͡͡π̲̲͡͡ ̲̲͡▫̲̲͡͡ ̲|̡̡̡ ̡ ̴̡ı̴̡̡ ̡͌l̡̡̡̡._______________〰〰〰〰۩〰۩〰〰☼〰〰◥▄☰▄◤〰


ရန်ကုန်မှာတုန်းက ရှမ်းခေါက်ဆွဲ ပဲ စားဖူးတာ။

တိုဖူးနွေး မစားဖူး ဘူး။

တိုဖူးနွေးတွေလည်း အများကြီးထည့်တယ်။ ပဲငံပြာရည်လည်း အများကြီးပဲ။

ရှယ်ပဲ။

အီကြာကွေးထည့်စားရင် ကောင်းတယ် ဆိုလို့
ထည့်စားလိုက်အုံးမယ်။

ဟီး ဟီး

လာလည်သွားပီး တိုဖူးနွေး ပန်းကန်လေးကို ငေးသွားပါတယ်။

 ̡͌l̡̡̡ ̡͌l̡*̡̡ ̴̡ı̴̴̡ ̡̡͡|̲̲̲͡͡͡ ̲▫̲͡ ̲̲̲͡͡π̲̲͡͡ ̲̲͡▫̲̲͡͡ ̲|̡̡̡ ̡ ̴̡ı̴̡̡ ̡͌l̡̡̡̡._______________〰〰〰〰۩〰۩〰〰☼〰〰◥▄☰▄◤〰

Phyo Evergreen said...

ကိုထွန်းထွန်း
ဆိုင်ကောင်းမှာမစားဖူးသေးလို့ထင်တယ်..း}။ ကိုယ်ကြိုက်ရာကြိုက်ရာပေါ့..။

မီရာ
တန်တောင်တိုင်အချိန်သွားလေ အေးလည်းအေးပျော်ဖို့လည်းကောင်းမယ်..။

blackroze
နောက်တစ်ခါကျ သွားလည်းသွားစားလည်းစားခဲ့ဗျာ..။

မမွန်
ကြွားတာမဟုတ်ရပါဘူးဗျာ.. ။ အဲဒီမှာတအားပူနေပြီလား..။

မစူး
ဟုတ်တယ်ချယ်ရီဆိုင်က ရှမ်းခေါက်ဆွဲတို့ဘာတို့မကောင်းဘူး..။ ပေါက်စီနဲ့ ထမင်းကြော်တို့လောက်ဘဲကောင်းတာ..။ အဲဒီဆိုင် ဟိုဘက်ကားလမ်းက တိုဖူးနွေးဆိုင်ကောင်းတယ်လို့ပြောကြတယ်..မစားဖူးသေးဘူး..အခုဆိုင်၇ှိသေလားမသိဘူး..။

မသက်နန္ဒာ
အဲဒါ ပဲငံပြာရည်မဟုတ်ဘူးဗျ..။ ကြံသကာကိုအရည်ကျိုထားတဲ့ အချိုရည်..အဲဒါပါမှ စားကောင်းတာ..။

စူးနွယ်လေး said...

တိုဖူးနွေးတော့ လုပ်ရင်ဘယ်တော့မှမဖြစ်လို့ လုပ်မစားတော့ဘူး။ တိုဖူးတွေက ဖွယ်နေတာ လုံးဝမတူဘူး။ သူတို့တွေ ဘယ်လိုလုပ်လဲမသိဘူးနော်။ ဖြိုးဆီကပုံပဲပြန်လာငမ်းတာ။
အသားမပါ အချိုရည်များများနဲ့ ခေါက်ဆွဲမထည့်ပဲ ကြာကွေးနဲ့ အကြိုက်ဆုံး။

ချယ်ရီနဲ့မျက်စောင်းထိုးဆိုင် မှတ်ထားလိုက်ပြီ။ နောက်တခေါက်သွားဖြစ်ခဲ့ရင် ရှာကြည့်မယ်။

Anonymous said...

တိုဖူးနွေးကို စစားတုန်းက မကြိုက်ဘူး။ အခြေခံ ပဲမကြိုက်တဲ့စိတ်နဲ့ ပါ။ ဒါပေမဲ့တိုဖူးကိုတော့ကြိုက်ပြန်ရော။ မကြာခဏခရီးထွက်ဖြစ်တာကြောင့်ရယ် ချက်တာကျွမ်းတဲ့ရှမ်းသူငယ်ချင်းတွေကြောင့်ရယ် ခုတော့ကောင်းကောင်းစားတတ်သွားပါပြီ။
အိုင်အိုရာ

Anonymous said...

တို့ဖူးနွေးကြိုက်တယ် ကြာညို့မုန်းတယ် တို့ဖူးနွေးရဲ့သဘာဝ အရသာကို ချိုအီလည်လည်ကြီးက ဖျတ်ဆီးလိုက်သလိုပဲ
မုန်ညင်းချဉ် တထောကြီးကို တို့ဖူးနွေးထဲထည့် ဟင်းချိုလေးနည်းနည်းဆမ်းလိုက်ရင်......

မပြောချင်တော့ပါဘူး
ငိုချင်တယ် မစားရလို့