Monday, January 24, 2011

မက်မွန်ရောင်မီးပုံး


ရေတံခွန်ဟာ
နှလုံးသားတွေ ခမ်းခြောက်တဲ့အထိ
တိတ်တိတ်လေး စီးဆင်းနေခဲ့ဖူးတယ်...

ခဏတာလေးလို့ပြောပေမယ့်
ရင်ကွဲပက်လက်ဖြစ်နေတဲ့
နှင်းဆီတစ်ခက်အတွက်တော့
အချိန်တွေသာ ခပ်နက်နက်ဆူးနစ်နေခဲ့.....

အသံတွေမကြားပေမယ့်
စကားလုံးတွေဟာ
ဆောင်းရာသီကောင်းကင်မှာ
မက်မွန်ရောင် မီးပုံးတွေအနေနဲ့သာ
မှိန်ဖျော့ဖျော့ လွင့်မျောလို့ရယ်.........


4 comments:

ညီလင်းသစ် said...

ညီရေ..ဒီကဗျာ ကြိုက်တယ်၊

ကဗျာတွေ လှသထက်ကို လှလာပါ့လား..!!! ဒီကဗျာမှာ အရောင်တွေအများကြီး ကြားလိုက်ရတယ်..။

အိမ့်ချမ်းမြေ့ said...

လှလိုက်တဲ့ ကဗျာလေးရယ်..

Maung Myo said...

ကဗျာလေး ချစ်စရာကောင်းတယ် ။

...အလင်းစက်များ said...

အဟ တယ်ဟုတ်... ခံစားတတ်သွားပြီ..