Friday, June 18, 2010

ဟယ်လို.. တက်စ်တင်.. ၀မ်းတူးသရီး

အဟမ်း... ဟယ်လို..တက်စ်တင် ၀မ်း.ထူး..သရီး။ စာမရေးတာကြာလို့အားလုံးကမေ့သွားလောက်ပြီထင်တယ်..။ မရေးတာကြာဆို.. လူကလည်းအပျင်းထူ... ရေးဖို့အကြောင်းကလည်း စဉ်းစားလို့ထွက်မလာတာကြောင့်ပါ..။ ဟိုတစ်နေ့ကလည်း.... အတွေးလေးတစ်ခုရလို့..ရေးနေပါတယ်..ရေးလက်စစာတော်တော်များများ deleted ဖြစ်သွားပြီး... Undo မလုပ်ခင်မှာဘဲ.. ကျေးဇူးတော်ကြီးမားတဲ့ Blogger ရဲ့ Auto-save feature ကြီးကြောင့် delete လုပ်မိတာကို auto-save လုပ်သွားပြီး စာတွေလည်းအကုန်ကုန်ရော.. စိတ်တိုလိုက်တာဗျာ..။

လောလောဆယ်တော့ ရေးထားတာကိုမှတ်မိသလောက် ပြန်စဉ်းစားပြီးရေးနေတယ်..။ အတင်းဖျစ်ညှစ်ပြီးလည်းမရေးချင်ဘူး.. စိတ်ထဲပေါ်လာတာလေးတွေကိုဘဲ.. ခံစားမိသလောက်ရေးချင်နေတော့.. တစ်ခါတစ်လေ တစ်ပုဒ်ရေးဖို့လည်း တစ်သက်လောက် ကြာသွားတတ်တာကိုး.. (;။ အခုတော့ ငံပြာရည်ကျိုတဲ့အနေနဲ့ ရှိတဲ့ပုံလေးတွေပဲတင်လိုက်ပါတယ်..။

ကလေးတွေများ..အတတ်မြန်တာ..။ ခဏလေးပဲပြရတယ်.... ပြီးတော့သူကဆရာပြန်လုပ်လို့..။ 

 
"တိမ်တွေဆီကိုပျံကာဝဲနေ.... တို့လက်တွေနှုတ်ဆက်ခွဲခွာဝေးခဲ့တယ်.........."

“ပန်ဆင်ဖို့ပန်းလေးလိုပွင့်လန်းနေ.... မပန်ချင်လဲနှလုံးသားကိုခြွေလိုက်လေ.....”

ပန်းချစ်သူကိုယ့်လက်နဲ့ကွယ်... ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်......”
ငိုနေမယ်.........မိုးသည်းထဲမှာကွယ်....”

“သစ်တောအုပ်ကလေးက ချစ်စရာ...
မှိုင်းညို့နက်ရှိုင်းစွာ...
ဒါပေမယ့်....
ကျွန်တော့်မှာ တည်ရမယ့်ကတိတွေနဲ့”

သီချင်း၊ကဗျာစာသားတွေကို ယူသုံးထားပါတယ်..။ ခေါင်းစဉ်အမည်မှန်အောင်ဖြေဆိုနိုင်သူများအား... Pepper Lunch ကျွေးမည်ဖြစ်ပါကြောင်း...သတင်းကောင်း...။ (တကယ်တော့မဟုတ်ဘူး...)


11 comments:

ThuHninSee said...

ပန်းချစ်သူ...
ငိုနေမယ် မိုးသည်းထဲမှာကွယ်
တိမ်နဲ့ချည်သောကြိုး..
အဲဒီသုံးခုတော့သိတယ်ဝေ့။
ဘာမှမကျွေးလဲရတယ်။

:P said...

"ပန်းချစ်သူတို့လက်နဲ့ကွယ်... ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်"
ဆိုတာက ပန်းခူးရင်း အရွက်နဲ့ထိရင်ယားမှာစိုးလို့ မဟုတ်လား။ အရွက်က ယားတဲ့ အရွက်ပုံပဲ ။

khin oo may said...

ဟိုက်
ဦးကုန်ကြပြီ။

khin oo may said...

နေဦး ဆရာတွေ သွားမေးပြီးမှ ပြန်လာခဲ့မယ် ညကျမှ.အခုအားသေးဘူး

Phyo Evergreen said...

Auntie THS: ခေါင်းစဉ်ကစာသားထဲမှာပါပြီးသားနော်.. လုပ်တဲ့လူလည်းခုမှသိတယ်..။ စင်္ကာပူလာလည်ရင် ကျွေးချင်မွေးချင်(မွေးတော့မမွေးချင်)ပါတယ်.. :D။

တီစင်: ဟုတ်တယ်..ယားမယ့်ပုံ..လေလိုက်လို့လွင့်လာပြီး ယားတကာ့ထိပ်ခေါင်ဖြစ်မှာစိုးလို့ လက်ကိုဆန့်ပြီးရိုက်ခဲ့တာ..။

အန်တီကေအိုမ်: အေးဆေး.အေးဆေး

မောင်မျိုး said...

“ငိုနေမယ်.........မိုးသည်းထဲမှာကွယ်....”

အဲ့ပုံအကြိုက်ဆုံးပဲ ....။

khin oo may said...

သီချင်းက ကြိုးမဲ့ စွန်
ပန်းချစ်သူ
မောင်ငိုမယ် မိုးသည်းထဲမှာကွယ်
တိမ်နဲ့ချည်သောကြိုး
ကဗျာ မသိဘူး
ဘယ်က ကဗျာ လဲ မသိဘူးတဲ့။



ုသူများကိုမေးလာသည်။

khin oo may said...

၁။ ၀ိုင်ဝိုင်း ကြိုးမဲ့စွန်
၂။ ဇော်ပိုင် မင်းအတွက်ဆိုရင်
၃။ မီမီဝင်းဖေ ပန်းချစ်သူ
၎။ အေးချမ်းမေ ငိုနေမယ်မိုးသည်းထဲမှာ
၅။ ဂျူး တိမ်နဲ့ချည်တဲ့ကြိုး


ညီလင်းညို
ကိုထပ်သွားမေးလာသည်။

khin oo may said...

ပလုံနဲ့ ညီလင်းညိုကိုဘဲကျွေးပါ. တို့ကကပ်စားမယ်။

Phyo Evergreen said...

ကိုမျိုး.. အဲ့ဒါကျွန်တော်ရေပန်းအောက်ကရိုက်တားထာ..။

အန်တီ KOM: ဖုန်းနံပါတ်ပေးပါ..မုန့်ကျွေးဖို့ချိန်းလို့ရအောင်..။

Anonymous said...

တီကွန်းတော့ ခံလိုက်ရပြီ
တကယ်တော့ မဟုတ်ဘူးလို့ မမြင်ရအောင်ရေးထားတယ်

ရေပန်းနဲ့ ပန်းအဖြူရောင်က မရင်ဒါဘားရစ် မှာရိုက်ထားတာ

ညီလင်းညို