Tuesday, October 6, 2009

Falling For You

တကယ်တော့အချစ်ဆိုတာ အယုတ်အလတ်အမြတ်မရွေး..ဖူးစာမှန်ရင် တစ်ယောက်ကိုတစ်ယောက်ချစ်မိကြမှာဘဲ...။
အချစ်မှာ လိမ်လည်ဖြားယောင်းမှုတွေမလိုဘူး.. ရိုးသားမှု၊ အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းနေတတ်မှုတွေဘဲ လိုမယ်ထင်တယ်။
ဒီ MV လေးကြည့်ဖြစ်နေတာကြာပြီ..သံစဉ်နဲ့စာသားကလေး ရိုးရိုးရှင်းရှင်းလေး...ရယ်လဲရယ်ရတယ် ခဏခဏနားထောင်ဖြစ်ပါ တယ်..။

6 comments:

Anonymous said...

အစအဆုံးနားထောင်သွားတယ်.. ရေလွှာစကိတ်စီးချင်တယ်.. မစီးတတ်..း(

rose of sharon said...

ရီစရာတော့ကောင်းသား.... ရိုးသားတာလေးကို ကြွေသွားတာလား... ပေါကြောင်ကြောင်လေးကို သဘောကျသွားတာလား... ကောင်မလေးကို နှမျောသလိုဖြစ်မိတယ်...

အိမ့်ချမ်းမြေ့ said...

အချစ်မှာ လိမ်လည်ဖြားယောင်းမှုတွေမလိုဘူး.. ရိုးသားမှု၊ အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းနေတတ်မှုတွေဘဲ ....

အဲဒါတွေက ငယ်ချစ်တွေမှာ ပိုများမှာပါကွယ်...
အသက်တွေကြီးလာလေ.. ဦးနှောက်ကအလုပ်ပိုလုပ်လာလေ..
နှလုံးသားတွေက ဆွံ့အလို့သွားလေလေ.....
တိတ်ဆိတ်လို့ သွားလေလေ...

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ် ဖြိုးရေ... ဘာကြောင့်လို့ အကြောင်းပြချက် ပြလို့မရဘဲ ဖြစ်ပေါ်လာတတ်တာကိုက အချစ်ရဲ့ ဆန်းကျယ်မှုပေါင်းများစွာထဲက တစ်ခုပါပဲလေ... ဒီသီချင်းလေး အစ်မလည်း တော်တော်ကြိုက်တယ်...

Phyo Evergreen said...

Craton ဟုတ်တယ်.. Surf လုပ်တာတော့ ဘုတ်ပြားရှိရင်တောင် လှိုင်းလုံးကြီးတဲ့ ကမ်းခြေကောင်းကောင်းရှိမှဖြစ်မှာ..။

Rose of Sharon .. ကောင်းမလေးကို မနှမမြောပါနဲ့..ကောင်းလေးအတွက်ကံကောင်းတယ်လို့ဘဲ ဆုတောင်းပေးပါ... :D။

အစ်မ ငယ်ချစ်ကိုတော့ဘယ်သူမှ မမေ့နိုင်ဘူးထင်တယ်..။ သီချင်းဆုံးသွားတဲ့နေရာမှာဘဲနေချင်တယ်.. နောက်ပိုင်းအချိန်တွေဆက်မတွေးချင်ဘူး..။

အစ်မရွှေပြည်သူ.... လောကရဲ့ဆန်းကြယ်ကြယ်မှုတွေက ဥာဏ်နဲ့လိုက်မမီနိုင်အောင်ပါဘဲ..။

Anonymous said...

ဖြိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
နေကောင်းလား
သီချင်းလေးကောင်းတယ်
ကောင်းမလေးကို မနှမြောတော့ဘူးနော်
ကောင်းလေးအတွက်ကံကောင်းတယ်လို့ဘဲ ဆုတောင်းပေးပါတယ်သိလား

မြူးလေး