Friday, October 2, 2009

နက္ခတ်

အေးအေးလေးတိုးဝှေ့
ညလေညှင်းအတွေ့မှာ
အိပ်မောကျနေတဲ့အလွမ်းတွေ
စိုးထိတ်စွာ နိုးကြားလာတယ်.....။

သန်းခေါင်ယံအလယ်မှာမက်တဲ့
အစိုးမရတဲ့အိပ်မက်တွေရယ်
နွမ်းလျနေတဲ့နှလုံးသားကို
အခါခါ စည်းချက်ပျက်စေတယ်..။

အကြိမ်ကြိမ် အဖန်ဖန်
နာကျင်စေသူ..ရယ်..
ချစ်ခြင်းဆိုတာ ..မင်းအတွက်တော့
ရုပ်သေးရုပ် တစ်ရုပ်မျှလားကွယ်....။

ပျော်ရွှင်နေသူတွေအတွက်
အချိန်တွေဟာ..စောလွန်းနေပေမယ့်
မျှော်နေသူအတွက်တော့
အခါခါ မောရပါတယ်..မေရယ်..။

ခုချိန်လို...
ကြယ်တွေစုံနေတဲ့ ညကောင်းကင်မှာတောင်
လစ်ဟာနေဆဲ နှလုံးသားအတွက်တော့
နက္ခတ်တွေရယ်..မပီပြင်ခဲ့ပြန်ဘူး.......။

5 comments:

တောင်ပေါ်သား said...

ကြယ်တွေစုံနေတဲ့ ညကောင်းကင်မှာ ချစ်သူ ၂ ဦး အမြန်ဆုံ ၂ကိုယ်ကြား တီးတိုးစကားတွေ ပြောနိုင်ပါစေဗျားဝ

လေးစားလျက်
တောင်ပေါ်သား

rose of sharon said...

မျှော်ရင်း လွမ်းနေတယ်ပေါ့.... ချစ်သူများ ဆုံစည်းနိုင်ကြပါစေ...

အိမ့်ချမ်းမြေ့ said...

အေးအေးလေးတိုးဝှေ့
ညလေညှင်းအတွေ့မှာ
အိပ်မောကျနေတဲ့အလွမ်းတွေ
စိုးထိတ်စွာ နိုးကြားလာတယ်.....။



အဲဒီအဖွင့်လေးကို အရမ်းနှစ်သက်တယ်..

နောက်...တစ်ပိုဒ်လုံးကို ဆွဲခေါ်သွားတာ..

မေနှင့် အဆင်ပြေပါစေလို့.... အစ်မ ဆုတောင်းပေးပါတယ်နော်။

အိမ့်ချမ်းမြေ့ said...

အဲ....
ဟုတ်သားပဲ...
ကလေးပဲရှိသေးတာ.. မေနဲ့အဆင်ပြေရင် စာမကျက်ဖြစ်နေဦးမယ်..

အဆင်မပြေလဲ ပိုစာမကျက်ဖြစ်နေဦးမယ်...

အစ်မလဲ မပြောတတ်တော့ဘူး။

Phyo Evergreen said...

အစ်မစိတ်မပူနဲ့ စိတ်ကုးယဉ်ပြီးရေးထားတာပါ..။