Wednesday, June 10, 2009

ထမင်းကြော်အလွမ်းပြေ

ခု ၁၂ နာရီကျော်သွားပြီတော့ မနေ့က စားဖြစ်ခဲ့တဲ့ညနေစာပေါ့..။ ဒီတစ်ခါလဲ Kopitiam မှာဘဲစားဖြစ်ပြန်ပါတယ်..။ ဘယ်မှာလဲလို့ မေးရင် ... Jurong Point အပေါ်ဆုံးထပ်မှာပါ..။ ဆိုက်နံမည်တော့ မှတ်လာခဲ့တယ်.. Jeffery's Kitchen ဆိုလား... ဟိုတစ်ခါစားခဲ့တဲ့ ထိုင်ဝမ်ဆိုင်နဲ့ ကပ်ရပ်ပါ..။ ထမင်းကြော်ဆိုတော့ ထူးထူးဆန်းဆန်း အစားအစာမဟုတ်ပါဘူး.. မစားရတာတော်တော်ကြာလို့ စားချင်လို့ အလွမ်းပြေ စားတာပါ..။ ခုတောင် အစာမကြေသေးဘူး.. =D။



ပုံထဲက ထမင်းကြော်ထဲမှာ .. ပုဇွန်၊ ပြောင်းဖူးစေ့၊ ရွှေပဲစေ့ ပြီးတော့ အပေါ်မှာကြက်ဥကြော်တစ်ခုပါပါတယ်..။ ဒါပါဘဲ ဘာမှ ထူးထူးဆန်းဆန်းမပါပါဘူး....S$၄ ကျပ် ပေးရပါတယ်..။ မဆိုးပါဘူး..စားကောင်းပါတယ်... rating ပေးရရင်တော့ ၂.၅/၅ ပါ (အဲ အဲ ရုပ်ရှင်နဲ့ရောကုန်ပြီ ..=D)။ အချဉ်ရည်တော့ ပေးတယ်... ချဉ်လွန်းလို့မစားနိုင်ဘူးး..။ ပုံမှာက အမြင်လှအောင် ပုဇွန်ပေါ်လေး နည်းနည်းတင်ထားတာ......။ ရှုစားကြပါကုန်... (ရှုပဲ ရှုလို့ရမယ်.. စားတာကတော့ ကိုယ့်ဘာသာကိုယ်ဘဲ ၀ယ်စားကြပါလို့.. :P)။




တကယ်စားချင်တာက ဒီလိုမျိုးထမင်းကြော်မဟုတ်ဘူး.. အမေနဲ့ တောင်ကြီးကအဘွားကြော်ပေးတဲ့ထမင်းကြော်မျိုး စားချင်တာ..။ အမေကြော်တာကတော့ ရိုးရိုးပဲပြုတ်နဲ့ထမင်းကြော်ပါဘဲ...။ ကြက်သွန်နီကြော် ၊ ပဲပြုတ်နဲ့ ထမင်းကို ဆီပူပူမှာလှိမ့်လိုက်တာဘဲ..။ မနက်စောစော လက်ဖက်ရည်လေးနဲ့ ဆိုရင်တော့ အလွန်ကောင်းပါတယ်..။ အဘွားကြော်ပေးတာကျ တစ်မျိုး.. ထမင်းချဲချဲကို ငါးကြော်ဆီ နည်နည်းလေးနဲ့ မီးပူပူမှာ လှိမ့်လိုက်တာဘဲ..ထမင်းလှော်သလိုမျိုးဖြစ်နေတာပါ။ ဆီသိပ်မများဘဲနဲ့ ထမင်းဝါ၀ါမွှေးမွှေးလေး.. ပူပူလေးစားလို့ကောင်းတယ်..။ အဲဒီထမင်းကိုမှ ပဲပုတ်ကင်လေးနဲ့ စားကြတာပါ... အိမ်က အစ်ကိုနဲ့ အစ်မ ( ၀မ်းကွဲတွေ) ကတော့ အဲဒီပဲပုတ်နဲ့စားတယ်..။ ကျွန်တော်ကတော့ ပဲပုတ်စေ့ကြော်နဲ့စားတယ်..။ ပဲပုတ်စေ့ကို ဂျူးမြစ်၊ ငရုတ်ပွတို့နဲ့ ကြော်ထားတာ.. ဆိမ့်စပ်စပ်လေး မွှေးမွှေးလေး (ပဲပုပ်ချပ်လို အနံ့မပြင်းဘူး) စားကောင်းတယ်..(ကိုယ်ကြိုက်တာကျတော့ မွှေးမွှေးလေးတဲ့.. ဟီဟိ) ။ ပဲပုတ်စေ့ကြော်က ၀က်သားဟင်းနဲ့ဆိုလိုက်တယ်..။ တစ်ခါတစ်လေ အဲဒီဟင်းတွေနဲ့ နေ့လည်စာ စားပြီး လူကငိုက်လာရော... ပဲပုတ်စားပြီး ခေါင်းပြားအောင်အိပ် သလိုဘဲ.. တုံးကနဲကို အိပ်ပျော်ရော..။ အင်း.. တစ်ခါတစ်လေလည်း.. အဲသလို အချိန်လေးတွေပြန်သတိရမိတော့ ..အမေကိုလွမ်း..အဘွားကိုအောက်မေ့ ..ရှမ်းပြည်ကိုလည်း သတိရမိတော့တာပါဘဲ...။

5 comments:

Anonymous said...

ဖြိုးရေးးးးးးးးးးးးးးးးးးး
ထမင်းကြော်ချားမယ်ငှဲငှဲငှဲ
ဝယ်လာပေးခဲ့နော်
စောင့်နေမယ်သိလား

Anonymous said...

ပဲပုပ်နဲ့ ဂျူးမြစ်ကြော်ကြိုက်တယ်ကော။

တောင်ပေါ်သား said...

ပဲပုပ်ကြော်လေးစားချင်တယ် အဟွန်းးးးးးးး မနက်ခင်း ထမင်းကြော်လေးနဲ့ ပဲပုပ်မြေပဲကြော်လေးနဲ့ စားကောင်းမှကောင်းဗျာ.. သတိရသွားတယ်


လေးစားလျက်
တောင်ပေါ်သား

မိုးကောင်းသူ said...

ဓာတ်ပုံရိုက်တာ တော်တော်ကျွမ်းနေပြီထင်တယ် ဖြိုးရေ။
စားသွားတယ်။

နွေးနေခြည် said...

ဟုတ်တယ် ဟုတ်တယ် ပဲပြုတ် ထမင်းကြော်လေး စားချင်တာ... အဟင့် လွမ်းသွားပြီ