Saturday, May 2, 2009

တွေ့ချင်မြင်ချင်သူများ

မိုးစက်တွေကျဆင်းလို့ ပေါင်းဆုံစုစည်းသလို
တို့လည်းတစ်နေ့ စုစည်းပေါင်းဆုံကြမယ်
ငြိမ်းချမ်းမှုပန်းတွေ ပြန်လည်လန်းဆန်းတဲ့တစ်နေ့


ဒီတစ်ခါလည်း စက်ကွင်းနဲ့ မလွတ်ပါ... တော်တော်များများရေးပြီးကြတော့ လွတ်မယ်ထင်တာ မလွတ်ဘူးဗျို့..။ တက်ဂ်ခံရပါတယ်......ရေးပေးပါ တွေ့ချင်မြင်ချင်သူများတဲ့....။

ဘလော့မရေးခင် ၁ နှစ်လောက်ကတည်းက ဘလော့တကာလည်ပြီးစာတွေဖတ်ခဲ့တာ.. နောက်တော့ဖတ်ရင်းနဲ့ ကိုယ့်ရင်ထဲကပြောချင်တာတွေ ဖွင့်ချချင်တော့ ဘလော့ရေးဖြစ်ပါတယ်။ စစရေးကတည်းက အမြဲလာလည် အားပေးတဲ့ နဖြိုးလို့ခေါ်တတ်တဲ့ အန်တီဝါ၀ါခိုင်မင်း၊ အန်တီမသက်ဇင်၊ ကိုတောင်ပေါ်သား၊ ခရေတွန် တို့ကို အပြင်မှာတွေ့ချင်ပါတယ်..။ နောက်ပိုင်းဆက်ခင်လာတဲ့ ရေးချင်တာရေးတဲ့ အန်တီခင်ဦးမေ၊ အိုးပုတ်ပန်းတို့ပွင့်ရာမြေက ကိုမျိုး၊ အမြဲကူညီဖို့အသင့်ဖြစ်နေတတ်တဲ့ ကိုရွာသား၊ စာရေးကောင်းတဲ့ အစ်မရွှေပြည်သူ တို့ကိုလည်းတကယ်တွေ့ချင်မိပါတယ်..။ နောက်တော့ အန်တီခင်ဦးမေဘလော့ ကနေဆက်ခင်ဖြစ်တဲ့ အန်တီမီယာ ၊ အန်တီသက်ဝေ၊ အန်တီစင်းဒဏ်လာ၊ ကာကာ တို့ကိုမြင်ဖူးချင်တွေ့ဖူးချင်ပါတယ်..။ နောက်တော့ quizလေးတွေနဲ့ စိတ်ဝင်စားအောင်လုပ်တဲ့ ကိုသီဟသစ်၊ ခင်ဖို့ကောင်းတဲ့အစ်မနွေးနေခြည်၊ စီဘောက်စ်မှာ အမြဲလာနှုတ်ဆက်တဲ့ အစ်မမေရီ၊ ပြီး သွားချင်တာက အင်္ဂလန် သင်တာက ပြင်သစ်စာ ဖြစ်ချင်တော့ ဂရိနိုင်ငံရောက်နေတဲ့ ကိုဖိုးစိန်.. သူတို့ကိုလည်းတွေ့ချင်တာဘဲ..။
ပြီးတော့ အစားအသောက်တွေနဲ့ အနှိပ်အစက်တော်တဲ့ အစ်မ မိုးကောင်းသူနဲ့ အစ်မမြူးသျှရီ.. ညနှစ်ညဖြစ်တဲ့ အန်တီညလေးနဲ့ အစ်မညခင်း တို့ကိုလည်းတွေ့ချင်ခင်ချင်ပါတယ်..။

နောက်တော့ ကျွန်တော့်အတွက် inspiration (ဘယ်လိုပြောရမှန်းမသိလို့ပါ)တော်တော်ပေးတဲ့ အစ်မအိမ့်ချမ်းမြေ့၊ နဂျယ်ကောင်ရဲ့ဇာတ်ဆရာ ကိုကလိုစေးထူး၊ ဘာသာပြန်ကောင်းတဲ့ မနိုင်းနိုင်းစနေ၊ “မိုင်” ကို မူပိုင်ယူထားတဲ့ အန်တီသုနှင်းဆီ၊ ဘလော့သွားလည်တိုင်း (အကြိမ်များများ) ပါးစပ်မပိတ်ဘဲ ပြန်တဲ့ရတဲ့ ဘလော့ပိုင်ရှင် အန်တီမိုးချိုသင်း၊ အမြဲကြည့်လိုက်ရင်ပျော်စရာကောင်းတဲ့ wesheme မိသားစုနဲ့လည်း ဆုံတွေ့ချင်ပါတယ်..။ တကယ်တော့ တွေ့ချင်မြင်ချင်တယ်သာပြောတာ ကျွန်တော့်စိတ်ထဲပြောရရင်တော့ အပြင်မှာတကယ်တွေ့ကြ ဆုံကြ ရင်းရင်းနှီးနှီးမိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း ညီအစ်ကို မောင်နှမတွေဖြစ်ကြ အဲသလိုဖြစ်ချင်တာပါ..။ တွေ့ကြမှာပါ.. ကံကိုယုံကြည်တယ်ဆိုရင်တော့ ကံဆုံတဲ့တစ်နေ့ပေါ့.။

p.s. နည်းနည်းမတွေ့ချင်သူတွေလည်းရှိပါတယ်.. စာရေးတုန်းမေ့ကျန်ခဲ့သူတွေပါ(တကယ်လို့ ကျန်ခဲ့ရင်ပါ)...။ စတာပါ(မရှင်းမှာစိုးလို့ နောက်တာပါ.. လို့လဲအဓိပ္ပာယ်ရပါတယ်..) .. ဘာလို့လဲဆိုတော့ အောက်ပါအတိုင်းပါဘဲ.. (တစ်ဦးတစ်ယောက်က နားမလည်ဘူးလို့ ပြောသွားလို့ပါ)။

စိတ်ထဲမရည်ရွယ်
စာထဲမေ့ကျန်
ရှိခဲ့ရင်ကွယ်

ခွင့်လွှတ်ပေးရန်
ကြိုးစားတောင်းပန်

တကယ်တွေ့လို့
ဆုံခဲ့ကြရင်
အသေသတ်မှာ
စိုးထိတ်သောကြောင့်ပင်...။

16 comments:

khin oo may said...

ဝမ်းသာ၏။

khin oo may said...

p.s. နည်းနည်းမတွေ့ချင်သူတွေလည်းရှိပါတယ်.. စာရေးတုန်းမေ့ကျန်ခဲ့သူတွေပါ(တကယ်လို့ ကျန်ခဲ့ရင်ပါ)...။


ကျန်ရစ်ခဲ့ရင် ဆိုလိုတဲ့သဘောက ကျန်တဲ့သူတွေ ကို နည်းနည်းမတွေ့ချင်တဲ့သဘောလား။ မြန်မာစာကို နားလည်အောင်ရေးပါ။ သဘောတရားက ....မပါဘူး. .....ကို မတွေ့ချင်ဘူး အဲသလိုလား။

khin oo may said...

စိတ်ငြစ်တယ်။ စီဘောက်လဲမရှိဘူး။ စိတ်ကူးပေါက်ရာလာရေးလို့မရဘူးပေါ့။

http://khinoomay77.blogspot.com/2009/02/recent-comment.html

Recent comment
Recent comment ကိုမြင်ချင်ရင် လွယ်လွယ်လေး။

http://blogger-templates.blogspot.com/2007/03/recent-comments.html
Blog address နေရာမှာ. ကိုယ့် ဘလော့နာမည်. ဥပမာ khinoomay77 လို့်ဖြည်.လိုက်.
ပြီးရင် apply ကိုနှိပ်
ရလာတဲ့ widget ကို ထုံးစံအတိုင်း ဘလော့ရဲ့ Dashboard က Layout ကိုသွား.add a Gadget မှာ နဲနဲ play လုပ်လိုက်ပေါ့.။ ဒီလောက်တော့ ဖြစ်မှာပါ။

ကိုယ်လုပ်တဲ့method ကိုပြောတာပါ။ ရန်အောင်နဲ့ ကိုမောင်လှ နဲ့ဆီ က စပြီး သွား လေ့ လာ ပါ တယ်။ လုပ်တုံးက အတော်တော့ လည်သွားသေးတယ။် html ဆို တာ.. code ဆိုတာ တွေကို နားမလည်သူမို့လို့။ ကိုယ်လုပ်ထားတာတော့ ကြာသွားပြီ..memory ကို recall ခေါ်ကြည့်ထားတာပါ။ မမေ့သွားခင်…


(မသိမှာစိုးလို့ပါ။ သိပြီးသားဆိုရင်လည်းထားလိုက်ပါ။ compulsory လုပ်စရာမလိုပါ။ တင်ပြတဲ့သဘောပါ။

WWKM said...

ဟဟ.... နဖြိုးရေးတာ တီဝါတဲ့တူနေပြီ..
တီဝါ မနက်ဖြန် ဘလော့ဂ် ၁နှစ်ပြည့်မို့ နာမည်တွေ အ
ကုန်ရေးနေတာ... ကျန်ခဲ့မှာ စိုးလို့ စစ်နေတာ မပြီး
တော့ဘူး၊ ခု နဖြိုးဆီရောက်မှ ၂ယောက်ထပ်ထည့်ရ
တယ်..ဟဟ တော်တယ်...
ကဗျာပါ ကူးတင်လိုက်မှ ထင်ပါရဲ့....း)

တွေ့ကြတာပေါ့ မောင်ဖြိုးရယ်...
တစ်နေ့နေ့မှာ... မောင်နှမတွေအားလုံးနဲ့ ဆုံချင်ပါတယ်.... :D

အဆင်ပြေပါစေ.

တီဝါ

khin oo may said...

မသိပါဘူး. အတည်ရေးတယ်ထင်လို့။.. မဖြစ်နိုင်ပါဘူးလို့..

ယုံပလား.ယုံပလား..တို့တွေ ရိုးသားတယ်ဆိုတာ။ ပြောသမျ အကုန်ယုံတယ်။

နွေးနေခြည် said...

တွေ့ကြသေးတာပေါ့ ဟဲဟဲး)

ခုတလော ပျောက်နေတယ် စီဘောက်လည်း ဖြုတ်ထားတယ်
အဆင်ပြေရဲ့လား?
အစစ အရာရာ အဆင်ပြေပါစေ

Anonymous said...

တွေ့ ချင်တယ်ဆိုလို့ ဝမ်းသာပါတယ်မောင်လေးရေ.
တကယ်အပြင်မှာတွေ့ ရင်အစားနဲ့ မနှိပ်စက်ပါဘူး။
တကယ်ပဲချက်ကျွေးပါ့မယ်.....ကျေးဇူးပါတွေ့ ချင်တယ်ဆိုလို့ .........ခင်ရင် C boxထည့်လေ။
ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးစိတ်ရှိမှပါ။

Sein Lyan Tun said...

တလွဲကောင်ကျနော့်ကိုတွေ့ချင်တယ်ဆိုလို့
ဝမ်းသာလုံးဆို့သွားတယ်
ဖတ်ပြီးပြီးချင်းမမန့်နိုင်ဘူးဖြစ်သွားတယ်
အလုပ်ကပြန်လာမှ နောက်တစ်ခေါက်ဖတ်
ပြီးတော့ပြုံးပြုံးနဲ့မန့်နေတာလေ
ကျေးဇူးတင်ပါတယ်ဖြိုးရေ
တကယ်ပါ
ညီအကိုသံယောဇဉ်တွေရတဲ့အတွက်ပေါ့
ခင်မင်စွာဖြင့်
ဖိုးစိန်

အစ်ကို said...

အစ်ကိုလည်းပါတာပဲ ခင်ဖို့ကောင်းတဲ့ ညီဖြိုးလေးကို အပြင်မှာတွေ့ရင်လည်းအသေသတ်ချင်ပါတယ် အယ်လေ တကယ်ခင်ချင်ပါတယ်ဗျာ ။

ညလေး said...

နာ့ကို တွေ့ချင်တယ်ဆိုလို့လဲ ၀မ်းသာပါ၏ နဖြိုး..
အမြဲစိမ်းနေတဲ့ နဖြိုး တစ်ယောက် ဆက်လက် စိမ်းလန်းနိုင်ပါစေ....
ကံမကုန်သေးရင် တို့များ ဘလော့ဂါတွေ တစ်နေ့ ဆုံကြတာပေါ့နော...
ရှိသမျှလူတွေသာ တကယ်တွေ့ဖြစ်မယ်ဆိုရင်... ဟေးးးးးးးး ပျော်စရာကြီးနေမှာ....

Anonymous said...

ဖြိုးရေ
လည်လည်လာတယ်။။
အိမ်လာလည်အုံးနော်။
တိတ်တိတ်လေးပြန်သွားနဲ့ ။
မြူးလဲမကြာခင်နားတော့မှာပါ။
အဲဒီချိန်မှစားချင်လှချီရဲ့ လို့ ပြေားနဲ့ ။

Anonymous said...

ဖြိုးရေ..........
ကျေးဇူးကမ္ဘာဆိုင်ရေား
လည်လည်လာပြီးဖြေရာ
ထားခဲ့လို့ လေအင်းးးးးးးးးး
သဘေားလဲကောင်းသားပဲ
cbox လေးပြန်ထားလိုက်ပါလားကွယ်
ကျေးဇူးတင်ပါတယ်ရှင့်

မြူးသျှရီ said...

ဖြိုးရေ.............
ဘာလဲစိတ်မကောင်တာက

မိုးကောင်းသူ said...

အစားအသောက်တွေနဲ့ အနှိပ်အစက်တော်တဲ့ အစ်မ မိုးကောင်းသူနဲ့တွေ့ချင်တယ်ဆိုလို့ ၀မ်းသာပါတယ် ဖြိုးရေ။ နောက်ကို မနှိပ်စက်တော့ပါဘူးနော်။ :D

ညခင်း said...

တွေ့ချင်ပါတယ် ငါ့မောင်လေး ပြောင်စပ်စပ်လေးကို။
invite လုပ်တဲ့လူကတော့ ဒကာခံရမယ်နော်။
ရေစက်ရှိရင်တစ်နေ့ဆုံကြတာပေါ့။

ရွှင်လန်းချမ်းမြေ့ပါစေ။

အိမ်ဘက်လာဦးနော်။ မလာရင် ခဲနဲ့လာပေါက်မယ်။

Anonymous said...

အစ်မကိုတွေ့ဖူးချင်တယ်ဆိုလို့ ၀မ်းသာပါတယ်မောင်လေးရေ.. အမလဲ အွန်လိုင်းဘက်မရောက်လို့.. သတိရပါတယ်။