Monday, December 22, 2008

CHRISTMAS CARD


ဘာရယ်တော့ မဟုတ်ပါဘူး... ဒီနှစ်ရတဲ့ CHRISTMAS CARD လေးတွေပါ...။ ကျွန်တော်ကတော့ မွေးနေ့မှာဘဲ ဖြစ်ဖြစ် အထိမ်းအမှတ်၊ ဒါမှမဟုတ် နှုတ်ခွန်းဆက်တဲ့အနေနဲ့ဘဲ ဖြစ်ဖြစ် Greeting ကဒ်တွေရရင်တော်တော်ပျော်ပါ တယ်..။ ဆွေမျိုးအပေါင်းအသင်း သူငယ်ချင်းတွေရဲ့ သတိတရ ပို့ပေးကြတဲ့ ကဒ်ကလေးတွေရလိုက်တာကဘဲ သူတို့ ရဲ့ ချစ်ခင်ရင်းနှီးမှုကိုရလိုက်သလိုပါဘဲ...။ ကိုယ်တိုင်လည်း သူငယ်ချင်းမွေးနေ့ဘဲဖြစ်ဖြစ် အမှတ်တရအနေနဲ့ဘဲဖြစ်ဖြစ် Greeting card တွေကို မမေ့မလျော့ သတိတရ ပို့ပေးတတ်ပါတယ်.. ...။ ကဒ်ကလေးမှာ ဆုတောင်းလေးရေး၊ လက်မှတ်လေးထိုး၊ လိပ်စာရေး တံဆိပ်ကောင်းလေးကပ်ပြီး စာပို့လိုက်တာဟာ ကျွန်တော့်အတွက်တော့ စိတ်ချမ်းသာခြင်း တစ်မျိုးပါဘဲ...။ တကယ်လို့များ စိတ်ညစ်နေမယ်..၊ အထီးကျန်ခံစားနေရမယ်ဆိုရင် .. ကိုယ်ချစ်တဲ့ သူတွေဆီ သာကြောင်းမာကြောင်းမေးလို့ ကိုယ့်ရဲ့ ဂရုစိုက်ကြင်နာမှုတွေကို ကဒ်လေးတွေကတစ်ဆင့်ပေးပို့လိုက်ပါ။ ကိုယ်ရင်ဖွင့်ချင်တဲ့အကြောင်းလေးတွေလည်း တစ်ခါတစ်ရံတော့ပါမှာပေါ့...။ ကဒ်လေးပို့ပြီးတဲ့နောက် စိတ်လွတ်လပ်ပေါ့ပါးမှုတွေကို ခံစားရမှာဖြစ်သလို ကိုယ်ကကဒ်ကလေးတွေ ပြန်ရတဲ့အခါမှာလည်း ရရှိမယ့် ပျော်ရွှင်မှုကြည်နူးမှုဟာလည်း အတိုင်းမသိဖြစ်မှာပါ......။

2 comments:

Anonymous said...

မင်းနဲ့ငါ အတော်အကြိုက်တူတာပဲဖြိုးလေးရ။
ငယ်ငယ်လေးထဲက မွေးနေ့၊ ခရစ္စမတ်စ်ကဒ်တွေ ငါလည်းပေးလေ့ရှိတယ်။ ပေးသမျှလည်းခုထိသိမ်းထားတယ်။ အိမ်ပြောင်းလို့ ကဒ်တစ်ကဒ်လောက်ပျောက်သွားခဲ့ရင် ငါ့မှာတစ်အိမ်လုံးမနေရဘူး.. လိုက်ရှာရတာ။ အခုဒီရောက်တော့ စာသိပ်မထည့်ဖြစ်ဘူး။ မင်းသတိပေးမှ သူငယ်ချင်းတွေမွေးနေ့မှာ ပို့ပေးလိုက်ဦးမယ်။ ကျေးဇူးကွာ။း)

sait phay yar said...

မောင်လေးရေ.. မမေလည်း အဲလိုမျိုးဘဲ ကိုယ့်ကိုသတိရနဲ့ပေးရင် ဘာလေးဘဲဖြစ်ဖြစ် မမေ ကသိမ်းထားတတ်တယ်...
ခရစ်မတ်ကဒ်လေးတွေကို တော့ မမျှော်တတ်တော့ပါဘူး..
ဘယ်သူမှ မပေးကြတော့လို့ ဟင့်ဟင့် နိုချင်တာ..