Sunday, December 14, 2008

စားမယ်သောက်မယ်

ဒီနေ့ ညနေဘက်စားဖြစ်တာလေးပါ...။ တစ်ခါတစ်လေ ခပ်ပေါ့ပေါ့ဘဲ စားချင်လာရင် ဒီလိုအပြုတ်မျိုးလေးဘဲသွားစားဖြစ်ပါတယ်..။ ဒီမှာတော့Yong Tau Fu လို့ခေါ်ပါတယ်..။ ဟင်းသီးဟင်းရွက်တွေနဲ့ အသားလုံး၊ငါးဆုပ်လုံး စတာတွေကို ပြုတ်ပြီး ထမင်း၊ကြာဆံ ဒါမှမဟုတ်ရင် ခေါက်ဆွဲနဲ့ ပဲဖြစ်ဖြစ် စားကြတာပါ...။ အရည်နဲ့ရော ဆီချက်ခေါက်ဆွဲလိုပါလုပ်စားကြပါတယ်..။ ရောက်ခါစကတော့ ဘယ်လိုစားစား အရသာကို မရှိပါဘူး.. ဘာမှလည်းမပါဘဲ ဒီအတိုင်းချည်းဘဲပြုတ်ထားတာကိုး (စွပ်ပြုတ်ရည်ကတော့ ဘာနှင့်လုပ်မှန်းမသိပါ)။ နောက်ပိုင်း တဖြည်းဖြည်းနဲ့မှ ကြိုက်လာတာပါ...။ ဆိုင်တိုင်းရဲ့ရှေ့မှာ ဗန်းလေးတွေနဲ့ ထည့်စားမဲ့ အသီးအရွက်နဲ့ အသားလုံးစတာတွေကို စီစီရီရီထားပါတယ်။ ပန်းကန်လေးတစ်ချပ်နဲ့ ကိုယ်ကြိုက်ရာကို ရွေးပြီးတဲ့နောက် ဆိုင်ကလူကိုပေးလိုက်ရုံဘဲ .. ထမင်းနဲ့လား ကြာဆံ၊ခေါက်ဆွဲ နဲ့လားဆိုတာကို ပြောလိုက်ရုံပါဘဲ...။ ပြီးတော့ ဆိုင်ကပေးတဲ့ အချဉ်ရည် သို့မဟုတ် ပဲငံပြာရည်နဲ့ တို့စားလို့ရပါတယ်..။


ကျွန်တော်ကတော့ အရွက်မကြိုက်လို့ မထည့်ဖြစ်ဘူး...။ ထမင်းနဲ့စားရတာ နည်းနည်းပေါ့လို့ ကြာဆံနဲ့စားဖြစ်ပါတယ်..။ ဒီပုံကတော့ ကိုယ်တိုင် ရိုက်လာတာပါ... ။ ဒုတိယဓာတ်ပုံကတော့ GOOGLE ကနေရှာထားတာပါ...။ ကြောက်လို့ ကြောက်လို့ ကြိုပြောထားရတာ :D

5 comments:

ခေါင်ခေါင် said...

yong tau fu ကအမက ကြိုက်ကိုမကြိုက်တာ ပေါ့ရွှတ်ပြီး ဘာအရသာမှ ကိုမရှိသလိုပဲ.. ငပိရည်နဲ့ နယ်စားလာတဲ့သူ တွေဆိုတော့ ဒါမျိုးက စားလို့မရဘူးကွာ..

ThuHninSee said...

ကြိုက်တယ်။ အရွက်စိမ်းစိမ်းလေးတွေ အများကြီး ထည့်စားတာ။

ဝါ၀ါခိုင်မင်း said...

ကြေးအိုးနဲ့ တူသလိုပဲနော်.
စားချင်စရာလေး မောင်လေးဖြိုးရ.
စလုံးရောက်မှ Yong Tau Fu လာစားရဦးမယ်။းD

Craton said...

ငါစားဖူးတယ်။ ဒီနေ့မနက်စာကို အဲ့ဒါနဲ့စားခဲ့တာ..
လုံးဝမကြိုက်.. ကြာဆံဖတ်နဲ့အရွက်ပဲရွေးပြီး အချဉ်နဲ့တို့စားခဲ့တယ်း(
မင်းကတော့ အရွက်မကြိုက်တော့ အရည်ကြီးခွသောက်ပေါ့းD

သဉ္ဇာ - Thinzar said...

အစ်မလည်း yong tau fu အရမ်းကြိုက်တယ်။ တစ်ပါတ်မှာ နှစ်ရက်လောက် ညနေစာဆို အဲဒါဘဲ စားဖြစ်တယ်