အခုဒီဇင်ဘာလာရောက်လာပြီ... ဒီမှာ ရာသီဥတုကနည်းနည်းလေးအေးလာတော့ ... တောင်ကြီးမှာလည်းဘယ်လိုများအေးနေပြီလဲဆိုတာတွေးမိသည်..။ တွေးမိတော့ တဖြည်းဖြည်းလွမ်းမိလာသည်... ပြန်မရောက်ဖြစ်တာတောင် ၄ နှစ်ရှိတော့မည်..။ အရင်အတိုင်းဘဲ အရာအားလုံးမပြောင်းမလဲဘဲရှိနေအုံးမှာလား... ပြန်ရောက်ဖြစ်မှဘဲ သိရတော့မည်..။ ခေါင်မိုးနီနီတွေနဲ့ မြို့ကလေးရယ်..၊ မြူတွေလွှမ်းနေတဲ့ရှမ်းတောင်တန်းကြီးတွေရယ်.. အားလုံးကိုလွမ်းမိပါတယ်..။ အလွမ်းဓာတ်ခံရှိသူတွေအဖို့.. ဒီဇင်ဘာလဟာ အလွမ်းတွေကြားက ဆွတ်ပျံ့နေမှာပါ..။
“ချစ်နေဆဲ”
တွေးနေတိုင်း
ဆွေးနေဆဲ
သတိရတိုင်း
လွမ်းမိဆဲ
စဉ်းစားလိုက်တိုင်း
အတိတ်နောက်ပြန်ဆွဲ
ပြန်ချင်တိုင်း
မျက်ရည်ဝဲ
အခါခါ ပြန်ရောက်
အိပ်မက်ထဲ
ရာသီတွေပြောင်းတိုင်း
လှပနေဆဲ
ရိုးသားတဲ့ ရှမ်းမြို့ကလေး
ကိုယ်ချစ်နေဆဲ..
(တောင်ကြီးအမှတ်တရ)
အောက်ကသီချင်းလေးကို အမြဲနားထောင်ဖြစ်တယ်... အိမ်လွမ်းတိုင်းပေါ့..။