အေးအေးလေးတိုးဝှေ့
ညလေညှင်းအတွေ့မှာ
အိပ်မောကျနေတဲ့အလွမ်းတွေ
စိုးထိတ်စွာ နိုးကြားလာတယ်.....။
သန်းခေါင်ယံအလယ်မှာမက်တဲ့
အစိုးမရတဲ့အိပ်မက်တွေရယ်
နွမ်းလျနေတဲ့နှလုံးသားကို
အခါခါ စည်းချက်ပျက်စေတယ်..။
အကြိမ်ကြိမ် အဖန်ဖန်
နာကျင်စေသူ..ရယ်..
ချစ်ခြင်းဆိုတာ ..မင်းအတွက်တော့
ရုပ်သေးရုပ် တစ်ရုပ်မျှလားကွယ်....။
ပျော်ရွှင်နေသူတွေအတွက်
အချိန်တွေဟာ..စောလွန်းနေပေမယ့်
မျှော်နေသူအတွက်တော့
အခါခါ မောရပါတယ်..မေရယ်..။
ခုချိန်လို...
ကြယ်တွေစုံနေတဲ့ ညကောင်းကင်မှာတောင်
လစ်ဟာနေဆဲ နှလုံးသားအတွက်တော့
နက္ခတ်တွေရယ်..မပီပြင်ခဲ့ပြန်ဘူး.......။
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
10 months ago