အချိန်တန်လို့
လမ်းခွဲရမယ်ဆိုတော့လည်း...
ကိုယ့်စိတ်မှာ မဖြေသာတော့ပါ
အမှတ်တရများစွာ...
လမ်းကျဉ်းကျဉ်းလေးတွေကြား
မျက်နှာတွေကြား
စကားသံတွေကြား
တိုးဝေ့ရင်း...
နာရီလက်တံတွေကိုမော့ကြည့်လို့
ခြေလှမ်းတွေစိပ်ခဲ့ဖူးတယ်...
နေ့ရက်တွေ ကုန်ဆုံးတဲ့အလျောက်
ရာဇဝင်ရဲ့ စာမျက်နှာတွေကြားမှာ
လွမ်းဆွတ်တသမှုတွေ
ဝေဝါးလို့သာ
အရိပ်ထင်နေတော့တယ်...
အတိတ်ရဲ့ အတွေးစုတွေကို
သိမ်းပိုက်ထွေးပွေ့ရင်း
မနက်ဖြန်ညများမှာ
အိပ်မက်တွေ သိပ်သည်းကုန်ရော့မယ်...
စွဲလန်းမှုတွေကို
ခဏတာမျှ မေ့လျော့လိုက်ချင်လို့...
သူ..မသိ၊မကြားစေဖို့
နွေနှောင်းလေပြည်တွေနဲ့အတူ
ဒီညမှာ..
ခပ်တိုးတိုးလေး အိပ်မောကျခွင့်ပေးပါ
ဧဒင်ဗရာ....။
2 comments:
ကောင်လေး အဆင်ပြေ ကျန်းမာရဲ့လား
ပျောက်နေလို့ စိတ်ပူနေသေးတာ ကဗျာလေးတော့ဖတ်သွားတယ် အဆင်ပြေပါစေဗျာပေါ့ အရင်လိုပဲ ။
အိပ်ဆေးကူရမယ် :P
Post a Comment