photo credits to hoshinavi
ရွက်ကြွေဆောင်းရဲ့
အထီးကျန်အဆန်ဆုံး လမ်းမပေါ်မှာ
အဖော်မဲ့စွာ....
တိတ်ဆိတ်စွာ...
မှောင်မိုက်လွန်းတဲ့ ညနေခင်းမှာ
ခပ်ကြမ်းကြမ်း ရွက်ခြောက်တွေအလယ်
ညဥ့်ငှက်တစ်ကောင်ရဲ့
ခပ်စူးစူးအသံသာ
ပဲ့တင်သံ ထပ်လို့နေတယ်....
ကဗျာတစ်ပုဒ်ရေးကြည့်မယ်
လွဲစရာအကြောင်းပြချက်ရှာမတွေ့တဲ့
တစ်ခြားမဟုတ်တဲ့..
အေးချမ်းစွာ ရှိနေမယ့်
အချစ်ဆုံး..မင်းလေးရဲ့အကြောင်း.....
ရေးရင်း..တွေးရင်း
ခံစားမှုတွေ ပုန်ကန်တယ်
အကြောက်တရားတွေ နိုးထတယ်
ခါးသီးမှုရနံ့တွေ ပြင်းပြလာတယ်
အလွမ်းတွေလား..
အို...သူတို့ ရင်ကိုမွန်းကြပ်စေပြီ
ညှဉ်းပန်းမှုရဲ့ အဆုံးမှာတော့..
ဒဏ်ရာပြင်းတဲ့ နှလုံးသားမှာ
အစွန့်ပစ်ခံ နှင်းဆီတစ်ပွင့်လို........
နှုတ်မဆက်ဘဲထွက်ခွာသူရယ်
ရင်ခုန်သံကို ဆွံ့အစေတယ်..
မင်းမကြားလိုက်တဲ့ စကားတွေရယ်
မင်းမခံယူလိုက်ရတဲ့ ချစ်ခြင်းတွေရယ်
အားလုံးကို အပြီးပိုင်
နှလုံးအိမ် ခေါင်းတလားမှာ
သိမ်းထားလိုက်တော့မယ်.........
တကယ်နောက်ဆုံးမှာတော့
ကိုယ်အရိုးသားဆုံးဆုတောင်းလိုက်မယ်
မနိုးသောအိပ်စက်ခြင်းမှာ
မင်းတစ်ယောက်
ထာဝရ အေးချမ်းစွာ
မွေ့ပျော်ဖို့ရယ်
........
........
3 comments:
အရိုးသားဆုံး တောင်တဲ့ဆုလေး ပြည့်ပါစေဗျာ။
မနိုးသောအိပ်စက်ခြင်းမှာ
မင်းတစ်ယောက်
ထာဝရ အေးချမ်းစွာ
မွေ့ပျော်ဖို့ရယ်
အဲ့ဒီ ဆိုလိုရင်း မနိုးသော အိပ်စက်ခြင်းဆိုတော့ တစ်ခုခုဖြစ်လို့လား ။
ညီလေးကိုဖြိုးရေ.....
ကဗျာလေးကို....ခံစားဖတ်မိပါ့ဗျာ......။
“နှုတ်မဆက်ဘဲထွက်ခွာသူရယ်
ရင်ခုန်သံကို ဆွံ့အစေတယ်..
မင်းမကြားလိုက်တဲ့ စကားတွေရယ်
မင်းမခံယူလိုက်ရတဲ့ ချစ်ခြင်းတွေရယ်
အားလုံးကို အပြီးပိုင်
နှလုံးအိမ် ခေါင်းတလားမှာ
သိမ်းထားလိုက်တော့မယ်”........
ဆိုတဲ့ နေရာလေးကို...အများကြီးနှစ်သက်မိတယ်......။
ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို
Post a Comment