စင်္ကာပူမှာ နေရတာများ စားစရာ သောက်စရာတယ်ရှားပါးသကိုး.... တစ်နေ့လာလဲဒါ နောက်တစ်နေ့လာလဲ နောက်တစ်ခုဆိုတော့...။ တကယ်တော့ ကျွန်တော်က အစားအသောက်နဲ့ပတ်သတ်လာရင် ဂျီးများတတ်သူပါ။ ခုနောက်ပိုင်းတော့ ကိုယ့်ကိုကိုယ် နည်းနည်းတိုးတက်လာပြီ ပြောရမလားဘဲ.. အသီးအရွက်တွေ စားတတ်လာပြီ.. သိပ်လည်းဂျီးမများတတ်တော့ပါဘူး.. :D။ စာတစ်ပုဒ်တင်ဖို့ သိပ်ခက်ခဲနေတဲ့အတွက် (အမှန်က အပျင်းကြီးနေတာပါ.. :P) ခုတစ်လောစားဖြစ်တဲ့ အစားအသောက်တွေကိုဘဲ... တင်ပြလိုက်ရပါကြောင်း......အသိပေးကြေငြာအပ်ပါသည် စာလာဖတ်သူအပေါင်း ရောင်းရင်းတို့....။
၁. Ayam Penyet
ဒီရက်ပိုင်းအတွင်းမှ စပြီး စဖူးတဲ့ အင်ဒိုအစားအစာပါ..။ ထမင်း နဲ့ ကြက်ကြော်ကို ဓါးပြားနဲ့ ထုထားတာရယ်.. ပဲပြားတုံးတွေ(ကြက်သားတုံးက တက်ဖိထားတယ်) နဲ့ သခွားစိတ်တွေကို သစ်သားခွက်နဲ့ ထည့်ပေးပါတယ်..။ .။ အဓိက ကတော့ ကြက်သားဘေးမှာပါတဲ့ အညိုရောင် အချဉ်ရည်ပါ.. မလေးငပိ၊ ငရုတ်သီးစိမ်း၊ သံပုရာရည်တို့ ပါမယ်ထင်တာပဲ. ချဉ်ငံစပ်လေးနဲ့ စားကောင်းပါတယ်..။
၂. Nasi Lemak
ဒီကလူတော်တော်များများ စားကြတဲ့ မနက်စာ မလေးအစားအစာပါ..။ ကျွန်တော်ကတော့ Brunch အနေနဲ့ စားဖြစ်တာများပါတယ်.. အတန်းတစ်ခုနဲ့တစ်ခုကြား အားတဲ့အချိန်မှာပေါ့..။ စင်္ကာပူနေရာ အနှံ့အပြားမှာရနိုင်တဲ့ အစားအသောက်တစ်မျိုးပါ..။ Chicken Nuggets, Sausage, အာလူးကြော်, ကြက်ဥနဲ့ အပေါ်က Assam ဟင်းရည် စပ်စပ်လေး ဆမ်းပေးပါတယ်..။ စာပြီးတော့ ဗိုက်ကိုတင်းရောဘဲ...။
၃. ပလာတာနဲ့ ကြက်သား
ဒါက စင်္ကာပူစတိုင် ကြက်သားနဲ့ပလာတာ ၊ ပလာတာနဲ့ ကြက်သားပါ.. :D။ ဟင်.. အယ်.. အဲဒီမှာ ပလာတာကို ဇွန်း၊ ခက်ရင်းနဲ့စားကြတာလားလို့မေးရင် ဟုတ်ပါတယ်.. နိုင်ငံအနှံ့ အပြားမှာ ဒီလိုဘဲ စားသုံးကြပါတယ်.. လက်လည်း ဆေးစရာမလိုဘူးလေ.... တစ်ချို့ မလေးတွေနဲ့ ကုလားတွေ လက်နဲ့စားကြပါတယ်..။ ချိုင်းနီ့စ်နူးယားမို့ တရုတ်ဆိုင်တွေပိတ်ပြီး ပလာတာဆိုင်မှာသာ ၀မ်းမီးငြိမ်းခဲ့ပါတယ်..။
၎. Hokkien Noodle
စင်္ကာပုရဲ့ signature အစာအသောက်ပါ.. နေရာတိုင်း အချိန်တိုင်း လူတော်တော်များများစားကြပါတယ်..။ ရောက်စက သိပ်မကြိုက်ဘူး နောက်ပိုင်းစားရင်းနဲ့မှ ကြိုက်သွားတာ..။ ခေါက်ဆွဲအ၀ါရယ် နန်းကြီးဖတ်ရယ် ကို ၀က်သား၊ကြက်ဥ၊ ပဲပင်ပေါက်၊ ပုဇွန်၊ ကင်းမွန်တို့နဲ့ ရောသမမွှေကြော်ထားတာပါ..။ အရိုးပြုတ်ရည်ထည့်သေးတယ်ထင်တယ်.. အရည်စပ်စပ်လေးနဲ့ သံပုရာသီးညှစ် ငရုတ်သီးအချဉ်နဲ့ စားလိုက်တာ ခဏလေးနဲ့ ကုန်တယ်..။ ကင်းမွန်လေးကတော့ ဂျီးများတဲ့စားသုံးသူမကြိုက်တဲ့အတွက်ကြောင့် မျက်နှာလေးငယ်ငယ်နှင့် ပန်းကန်ထဲဝယ် အစဉ်အမြဲ ကျန်ခဲ့တော့လေသတည်း......။
အပေါ်က Hokkien Noodle ချက်နည်းကို WeSheMe ဘလော့မှာရှာဖွေတွေ့ရှိနိုင်ပါတယ်..။ လင့်ခ်က ဒီမှာ ပါ..။
Soon to be moving new home
4 years ago