ပထမဦးဆုံး ပုဂံ ညောင်ဦး၊ ပြီး မန္တလေး၊စစ်ကိုင်း၊မုံရွာ၊ပြင်ဦးလွင် နောက်ဆုံးမှတောင်ကြီးပြန်တယ်...။ ၂၈ ရက်နေ့ ပုဂံညောင်ဦးကို ရထားနဲ့သွားတယ်... ညီမ၀မ်းကွဲက ရထားမစီးဖူးလို့ဆိုလို့...အားလုံးပေါင်း ၆ ယောက်..။ ရထားက မကောင်းဘူး...စီးတဲ့လူလည်းနည်းတယ်..ထိုင်ခုံတွေလည်းမကောင်းဘူး..သန့်ရှင်းမှုလည်းအားနည်းတယ်...။ ဆိုးတာက ရထားထွက်တဲ့အချိန် ၄ နာရီနီးပါးလောက် နောက်ကျတာရယ်... လမ်းမှာတအား ခုန်လည်းခုန် ရမ်းလည်းရမ်းတာကြောင့်ပဲ..။ ညနေထွက်မည့်ရထားက ညမှထွက်တော့ ပုဂံကိုနောက်တစ်နေ့ နေ့လည် ၂ နာရီမှရောက်တော့တယ်...။ လမ်းမှာတော့ ရှုခင်းတွေ သိပ်လှပါတယ်.... ပဲခင်းစိမ်းစိမ်းစိုစို ညီညီညာညာလေးတွေရယ်..ပြီးတော့ ကျောက်ပန်းတောင်းနားရောက်တော့ ပုပ္ပါးတောင်မကြီးကို မြင်လိုက်ရတာ ရင်ထဲအမောတွေပြေသွားတယ်..။ ပုပ္ပါးတောင်ကလပ်က တောင်မကြီးအောက်ခြေနားလေးမှာ သေးသေးလေး...။
လမ်းမှာခဏနားတဲ့ဘူတာ (အောင်လံမှာလို့ထင်တယ်)
ညီညီညာညာအပင်လေးတွေ
ရွှေလိုဝင်းတဲ့စပါးခင်းတွေ
ပုပ္ပါးတောင်မကြီးနဲ့တောင်ကလပ်
ရောက်ရောက်ချင်းနေ့တော့ အချိန်နည်းနည်းနောက်ကျတာရယ် ခရီးပန်းလာတာတွေရယ်ကြောင့်ဘယ်မှမလည်ဖြစ်ဘဲ ဟိုတယ်မှာဘဲနားခဲ့ကြတယ်...။ ရွှေစည်းခုံဘုရားခြေတော်ရင်းက အောင်မင်္ဂလာဆိုတဲ့ဟိုတယ်မှာတည်းတယ်...တည်းနေကြဟိုတယ်ဘဲ..။ သိပ်အကောင်းကြီးတော့မဟုတ်ဘူး...လေအေးပေးစက်၊တီဗီ၊ရေခဲသေတ္တာပါတယ်..ဒါလောက်ဆိုလုံလောက်ပြီးမဟုတ်လား..မီးပျက်ရင်တော့ မီးစက်မောင်းပေးတယ်..။ ကောင်းတာတစ်ခုက အနီးအနားမှာ စားသောက်ဆိုင်တွေရှိတာဘဲ...ညနေစာထွက်စားဖို့အဆင်ပြေတယ်..အဝေးပြေးကားဂိတ်ကလည်း ဟိုတယ်နဲ့ ၃ မိနစ်လောက်အကွာအဝေးမှာဘဲ..။ ညစာစားပြီးမှ ရွှေစည်းခုံဘုရားတက်ဖူးပြီးတော့မှ အခန်းပြန်ခဲ့တယ်....။